-->
×

Warning

JUser: :_load: Unable to load user with ID: 29


Ads Account သုံးပြီး Boost လုပ်မယ်ဆိုရင် ဘယ်လိုတွေထိရောက်မှုရှိလဲ

ဖေ့ဘုတ်ဟာ တစ်နှစ်ထက်တစ်နှစ် User တွေကို ဝန်ဆောင်မှုတွေပေးနေသလို သူ့ရဲ့ တင်းကြပ်မှုတွေဟာလည်း တစ်စထက်တစ်စ မြင့်တက်လာခဲ့ပါတယ်။

ဒါကြောင့် သင်ဟာ သင့်လုပ်ငန်းအတွက် ဖေ့ဘုတ်ပေါ်မှာ ကြော်ငြာတော့မယ်ဆိုရင် Brand ကိုပြန့်ချင်တာလား ဒါမှမဟုတ် Sales တက်ချင်တာလားဆိုတဲ့ သေချာတိကျတဲ့ Target တစ်ခုကို အရင်ဆုံးချမှတ်ထားရမှာ ဖြစ်ပါတယ်။ ဖေ့ဘုတ်ကနေ Boost တဲ့ရလဒ်ရယ် Ads Account သုံးပြီး Boost တဲ့ရလဒ်ဟာ ဘယ်ဟာကပိုထိရောက်မှုရှိလဲလို့ သင်မေးနိုင်ပါတယ်။

အဖြေကတော့ ကိုယ့် Product ကိုရှာနေသူ၊ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ဖေ့ဘုတ်ပေါ်မှာ စာလုံးလေးတစ်လုံး ရိုက်ထည့်လိုက်ယုံနဲ့ ကိုယ် Boost ထားတဲ့ Post တစ်ခုဟာ ကိုယ်သုံးထားတဲ့ ငွေပမာဏအလိုက် တိကျတဲ့ ကိုယ့် Audience တွေရဲ့ Newsfeed မှာပေါ်နိုင်ဖို့အတွက် Ads အကောင့်တစ်ခု ဖန်တီးပြီး Campaign တစ်ခုပြုလုပ်ပေးရပါမယ်။ သုံးတတ်ရင် တွက်ခြေကိုက်မယ့် နည်းလမ်းလေးတွေရယ်၊ ကိုယ်ဖြစ်စေချင်တဲ့ ရလဒ်တွေရအောင် ဆောင်ရွက်နိုင်ဖို့ Ads Account ကနေ ကိုယ့် User တွေဆီကို တိုက်ရိုက်ရောက်မယ့် နည်းလမ်း (၆)မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ Boost a Post

ဒါကတော့ Post တစ်ခုကို Boost လုပ်တော့မယ်ဆိုရင် ကိုယ့်ပေ့ချ် ကို Like လုပ်ထားတဲ့သူလား၊ Like လုပ်ထားတဲ့သူတွေအပြင် Friends တွေရောပါလား၊ ကိုယ့်ပေ့ချ်မှာ Engage ( စကားပြောဖူး ၊ မက်ဆေ့ချ်ပို့ဖူး ၊ ကွန်မန့်ပေးဖူး ) လုပ်ဖူးသူလား ၊ ကိုယ် Post နဲ့ Engage ဖြစ်ဖူးသူလားဆိုတာ စိတ်တိုင်းကျရွေးချယ်ပြီး ကိုယ့်လုပ်ချင်တဲ့ က်၊ စချင်တဲ့ အချိန်၊ ပြီးတော့ သုံးမယ့် ပမာဏတွေကိုထည့်ပြီး Boost လိုက်ယုံပါပဲ။ အဲ့ဒီမှာမှ အပေါ်က ဟာတွေ တစ်ခုမှ မရွေးချယ်ဖြစ်ဘူးဆိုရင်တော့ Audience တစ်ခုကို အသစ်ဆောက်ပြီး Target Detail ရွေးကာ Boost နိုင်ပါတယ်။

၂။ Get Video Views

နောက်တစ်ခုကတော့ Video တွေကို Reach ကောင်းကောင်း View များအောင် လုပ်လို့ရမယ့် Campaign ပါ။ Post Boost အတိုင်း Video boost ကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

၃။ Traffic to Your Website

Website ရှိတဲ့ လုပ်ငန်းတွေအတွက် ကိုယ့်ဝက်ဘ်ဆိုက်မှာ ကြေငြာထားတဲ့အကြောင်းကို web link နဲ့အတူ ဖေ့ဘုတ်မှာ ကြော်ငြာတဲ့နည်းပါ။ Website ကို လူဘယ်နှယောက် ဝင်ကြည့်သွားလဲဆိုတာကအစ Detail ကြည့်လို့ရပါတယ်။

၄။ Get Messages

ကိုယ့် ပေ့ချ်နဲ့ Engage ဖြစ်ထားတဲ့ User တွေရဲ့ Chatbox ထဲ တိုက်ရိုက်ရောက်မယ့် နည်းလမ်းပါ။ အပေါ်က Post Boost လုပ်သလိုမျိုးပဲ ကြိုက်နှစ်သက်ရာ Audience ရွေးနိုင်ပါတယ်။

၅။ Promote Page

Page Like ရဖို့ အတွက် Page boost လုပ်တာပါ။ ဒီမှာကတော့ ကိုယ့်ပေ့ချ်ကို Like လုပ်မထားသေးတဲ့ လူတွေဆီကို Target ထိအောင်ပစ်တဲ့ Function တစ်ခု ပိုလာပါတယ်။

၆။ Promote Event

ကတော့ Event တစ်ခုကို Create လုပ်ပြီး ဖေ့ဘုတ်ကနေ အဲ့ Event ကို User တွေရဲ့ Newsfeed တွေဆီရောက်အောင် ဆောင်ရွက်ပေးတာပါ။

အပေါ်က နည်းလမ်း ၆ မျိုးထဲက ဘယ်နည်းလမ်းပဲ သုံးသုံး Placement ကိုရွေးချယ်တော့မယ်ဆိုရင်တော့ Newsfeed ၊ Instagram ၊ Audience Network ၊ Messenger အစရှိတဲ့ ကိုယ့် User ရှိမယ့် နေရာတွေကို သေချာသိပြီး Boost တာဟာ ထိရောက်မှုရှိတဲ့ Boost လုပ်နည်းလမ်းတွေပဲဖြစ်ပါတယ်။

In Mai Kha

Read times
Rate this item
(1 Vote)