-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဗီယက်နမ်၏ e-commerce ဒေါင် ၁၆.၄ ဘီလီယံအထိ တိုးတက်ရန် ရည်မှန်း

ဗီယက်နမ်၏ e-commerce ဒေါင် ၁၆.၄ ဘီလီယံအထိ တိုးတက်ရန် ရည်မှန်း

 

ဗီယက်နမ်နိုင်ငံတွင် လူငါးဦးတွင် တစ်ဦးသည် အင်တာနက်ကို တစ်ရက်လျှင် ၉ နာရီ အသုံးပြုသည်။

 

ဗီယက်နမ်လူဦးရေ စုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းသည် တစ်နေ့လျှင် ကိုးနာရီကျော် အင်တာနက်ကို လေ့လာသင်ယူခြင်း၊ ဖျော်ဖြေရေး နှင့် စျေးဝယ်ခြင်းများ ပြုလုပ်ကြပြီး အများစုမှာ ၎င်းတို့၏ စမတ်ဖုန်းများပေါ်တွင် ရှိနေကြောင်း အစီရင်ခံစာက ဖော်ပြသည်။

 

စစ်တမ်းဖြေဆိုသူ ၉% က အင်တာနက်ကို တစ်ရက်ကို ကိုးနာရီ‌ေ‌ကျာ် အသုံးပြုသောအခါ ၂၀၂၀ ခုနှစ်တွင် ဖြေကြားခဲ့ကြပြီး ယခုနှစ်တွင် ၂၂% သို့ မြင့်တက်လာသည်ဟု နိုင်ငံတစ်လွှား ၄,၅၈၄ ဦးကို စစ်တမ်းကောက်ခံခဲ့သည့်Vietnam e-Commerce and Digital Economy Agency (iDEA) မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

တစ်ရက်လျှင် အင်တာနက် သုံးနာရီကနေ ငါးနာရီအထိ သုံးစွဲကြောင်း ဖြေကြားသူ ၂၇% ရှိသည်။ ၂၀၂၀ ခုနှစ်တွင် ၃၁% ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ယခုအခါ လျော့နည်းသွားပါသည်။ 

 

တစ်ရက်လျှင် အင်တာနက် သုံးနာရီမှ ငါးနာရီအထိ သုံးစွဲကြောင်း ဖြေကြားသူ ၂၃% ရှိပါသည်။ ၂၀၂၀ ခုနှစ်တွင် ၂၇% ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ယခုအခါ လျော့နည်းပါသည်။

အများစုသည် အင်တာနက်ကို စမတ်ဖုန်းဖြင့် သုံးစွဲကြပါသည်။ ဖြေဆိုသူတို့၏ ၉၁% က အင်တာနက်ကို စမတ်ဖုန်းဖြင့် သုံးစွဲကြောင်း ဖြေကြားကြပါသည်။

 

Annotation 2022-09-25 123925.jpg

 

ဗီယက်နမ်တို့ အင်တာနက်သုံးရသည့် အဓိကအကြောင်းအရင်းမှာ လေ့လာခြင်း၊ ရုပ်ရှင်ကြည့်ခြင်း သို့မဟုတ် သီချင်းနားထောင်ခြင်း နှင့် အွန်လိုင်းစျေးဝယ်ခြင်းတို့ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ဖြေဆိုသူများတွင် ၇၅% နှီးပါးသည် အွန်လိုင်းဈေးဝယ်ကြပါသည်။

 အဝယ်များကြသည့် အမျိုးအစားများမှာ အဝတ်အစား၊ ဖိနပ်၊ အလှကုန်၊ အိမ်သုံးပစ္စည်းက်ရိယာ၊ အီလက်ထရွန်းနစ် ကိရိယာတို့ ဖြစ်ပါသည်။

 ဖြေဆိုသူတို့၏ ၇၃% သည် ပစ္စည်းလာပို့သည့်အခါ ငွေသားဖြင့် ပေးချေပါသည်။ အွန်လိုင်းငွေပေးစနစ် သုံးစွဲမှု မတွင်ကျယ်ကြောင်း တွေ့ရသည်။ သို့သော် e-wallet သုံးစွဲမှု မြင့်တက်လာနေပါသည်။ ၂၀၂၀ ခုနှစ်တွင် ၂၃% ရှိခဲ့ပြီး ယခု ၃၇% အထိ ရှိလာပါသည်။ 

 

ဖြေဆိုသူတို့တွင် လေးပုံတစ်ပုံနီးပါး ၂၄% သည် အွန်လိုင်းဈေးဝယ်ခြင်းအတွက် တစ်နှစ်လျှင် ဗီယက်နမ်ဒေါင် ၁၀ သန်း ($422) ထက် ပိုမိုသုံးစွဲကြပါသည်။ 

 

e-commerce ပလပ်ဖောင်းတစ်ခု၏ ဂုဏ်သိက္ခာနှင့် ယုံကြည်စိတ်ချရခြင်းသည် အွန်လိုင်းသုံးစွဲသူများအတွက် အရေးကြီးဆုံးအချက်ဖြစ်သည်ဟု ဖြေဆိုသူများ၏ ၇၄%က ဖြေကြားကြပါသည်။ နောက်ထပ် အရေးပါသည့်အချက်မှာ မှာယူသူထံ မြန်မြန်ဆန်ဆန် ပေးပို့ခြင်းဖြစ်ပါသည်။ လျှော့ဈေးဖြင့် ရောင်းချပေးခြင်း အပါအဝင် အရောင်းမြှင့်တင်ခြင်း အစီအစဉ်များကြောင့်လည်း ဈေးဝယ် ဖြစ်ကြကြောင်း ဖြေကြားကြပါသည်။

 

ဗီယက်နမ်၏ e-commerce စီးပွားရေးသည် ယခုနှစ်တွင် ၂၀% ကြီးထွားပြီး ဗီယက်နမ်ဒေါင် ၁၆.၄ ဘီလီယံအထိ တိုးတက်ရန် ရည်မှန်းထားပါသည်။

 Covid-19 ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉  ခုနှစ်တွင် ရရှိခဲ့သော ၂၅% ကြီးထွားနှုန်းကို မမီပါ။

iDEA က ယခုနှစ်တွင် အွန်လိုင်းဈေးဝယ်သူ လူဦးရေ ၅၇ သန်း အနည်းဆုံး ရှိမည်ဟု ခန့်မှန်းထားပါသည်။

Source vnexpress 

#MyanmarICTGuide 

To join Telegram Channel  https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)