ခရစ္ပတို ကြော်ငြာမှားမိသဖြင့် Kim Kardashian က ဒဏ်ကြေး ကန်ဒေါ်လာ ၁.၂၆ သန်း ပေးရန် သဘောတူ
TO GET INSTANT UPDATE  
Join Telegram Channel 
အမေရိကန်သရုပ်မှန်မော်ဒယ် Kim Kardashian သည် Instagram တွင် cryptocurrency ကို ဥပဒေဘောင်ကျော်ပြီး တိုက်တွန်းခဲ့တဲ့အတွက် ဒေါ်လာ ၁.၂၆ သန်းဒဏ်ငွေပေးဆောင်ရန်သဘောတူခဲ့ကြောင်း Securities and Exchange Commission မှ တနင်္လာနေ့ (အောက်တိုဘာလ ၃ ရက်)တွင် ကြေညာခဲ့သည်။
ယခုလို တိုက်တွန်းဖို့ သူမကို ငွေပေးပြီး စေခိုင်းထားကြောင်း ဖော်ပြအသိပေးခြင်း မရှိတဲ့အတွက် ဥပဒေနှင့် မညီညွှတ်လို့ ဒဏ်တပ်ခံရတာ ဖြစ်ပါတယ်။
Instagram မှာ follower ၃၃၁ သန်းရှိတဲ့ Kardashian ဟာ ကမ္ဘာ့လူမှုကွန်ရက်မှာ follower အများဆုံး ထိပ်တန်း(၁၀) စာရင်းဝင်သူ ဖြစ်ပါတယ်။
EMAX တိုကင်အကြောင်း ပို့စ် တင်ပေးဖို့ EthereumMax က သူမကို ကန်ဒေါ်လာ ၂ သိန်းခွဲ ပေးထားကြောင်း ဖွင့်ဟပြောကြားဖို့ ပျက်ကွက်ခဲ့ပါတယ်။

၂၀၂၁ ဇွန်လတွင် တင်ခဲ့သော ပို့စ်
Kardashian က စီရင်ချက်ချတဲ့ ဒဏ်ကြေးကို ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။ ထို့ပြင် နောက်၃ နှစ်အတွင်း ခရစ်ပတိုကို မကြော်ငြာဖို့လည်း သဘောတူခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော Kim Kardashian ဟာ မကြာသေးမီနှစ်များအတွင်း အ၀တ်အထည်နှင့် အလှကုန်အမှတ်တံဆိပ်များဖြင့် စီးပွားရေးအင်ပါယာကို တည်ငြိမ်စွာတည်ဆောက်ခဲ့ပြီး အသားတက်တန်ဖိုး ကန်ဒေါ်လာ ၁.၈ ဘီလီယံ ရှိကြောင်း Forbes က ဖော်ပြပါတယ်။
Source Bangkokpost
#MyanmarAdvertisingGuide
 
					
 
		  	


 
 
 
  
  
  
  
  
  
  
  
  
  
  
  
  
  
  
 