-->
×

Warning

JUser: :_load: Unable to load user with ID: 29





 

TV ကြော်ငြာဖြင့်မဲဆွယ်မည့် Bernie Sanders

 





































 

Unicode >>> 

 

90's ခေတ် ကလေးတွေနဲ့ အစောပိုင်းနှစ်မှ လူကြီးများ TV ကြည့်တိုင်း စိတ်ပျော်ရွှင် ခဲ့ပြီး ကြော်ငြာသီချင်းလေးတွေ လိုက်ဆိုခဲ့ဖူးကြမှာပါ။

ကဲ ဒီတစ်ခါမှာတော့ ကျွန်မ သျှင်မင်းနဲ့အတူတူ ၂၀၀၀ ခုနှစ်လောက်က TV ကြော်ငြာလေးတွေဆီ ပြန်သွားလိုက်ကြရအောင် ....

ရှမ်းရိုးမ ကြော်ငြာလေး တီဗီ မှာလာရင် ကျွန်မတို့တွေက ကလေးအရွယ်မို့ လိုက်က ကျတယ် မိသားစုဝင်တွေက လက်ခုပ်တွေတီးပေးကြတယ်

တကယ်တော့ ကျွန်မတို့ကို စိတ်ဖျော်ဖြေမှု့ပေးနိုင်တဲ့ ထိုကြော်ငြာလေးရဲ့နောက်ကွယ်မှာ အပင်ပန်းအဆင်းရဲခံပြီး ပုံဖော်ခဲ့ကြတဲ့ အနုပညာ သမား စစ်စစ်တွေရှိတယ်။

ထို ကြော်ငြာရဲ့ တည်းဖြတ် ဆရာကြီး ဖြစ်သူ ဦးထွေးကျော်နှင့် အင်တာဗျူး -

မေး - ရှမ်းရိုးမ ကြော်ငြာလေးနဲ့ ဦးထွေးကျော်ရဲ့ အမှတ်တရများကို သိချင်ပါတယ်ရှင့် ?

အဖြေ - ရှမ်းရိုးမကြော်ငြာ က ၃ မိနစ်နဲ့ ၃၅ စက္ကန့် အစအဆုံးရှိပါတယ်။

ထိုခေတ်တုန်းက ၃ မိနစ်နဲ့ ၃၅ စက္ကန့်လုံးလဲ ပြသဖြစ်တယ် သိရပါတယ်။

၂၀၀၂ ခုနှစ်က မြဝတီရုပ်သံမှာ ည တိုင်း ၇ နာရီ အမြဲလွင့်တယ်သိရှိရပြီး ဦးထွေးကျော်က တည်းဖြတ်တဲ့အပိုင်းကို တာဝန်ယူ ရတယ်သိရပါတယ်။

ထိုရှမ်းရိုးမကြော်ငြာလေးဟာ ရိုက်ကွင်းရိုက်ကူး တဲ့ နေရာကလည်းနေရာတော်တော် စုံတယ် , ပုဂံ , ပုပ္ပါး , ရှမ်းပြည် , အင်းလေး , ကလော , ရန်ကုန်မှာ ဆိုတော့ရိုက်လာတဲ့ အရုပ်တွေက အများကြီးပဲ ,

ထိုအများကြီးထဲကမှ အကောင်းဆုံး ရိုက်ချက် ပြကွက်လေးတွေ ကျွန်တော်က ထုတ်နှုတ်ရွေးချယ်ရတယ်။

ရွေးပြီးတော့သူက Playback ကြော်ငြာလည်းဖြစ်နေတော့သီချင်းစာသားနဲ့ တချို့ အဆိုကောင်းတဲ့ အရုပ်ကလေးတွေ အဆိုနေရာမှာထည့်၊ ရိုက်ချက်လှတဲ့ အရုပ်ကလေးတွေရွေးထည့်တယ်ပေါ့နော်။

edit လုပ်တည်းဖြတ်တဲ့ကာလက ၃ လအနည်းဆုံးကြာလိမ့်မယ်ဗျ။ ၃ လဆိုပေမဲ့ကျွန်တော်တို့က ၃ လ လုံးလုံးဒီကြော်ငြာထိုင်ဆက်နေတာ မဟုတ်ဘူးလေ ။

ကြားထဲမှာ အခြားကြော်ငြာလေးတွေ အခြားအလုပ်လေးတွေ ဝင်လာရင်လည်း လုပ်ရသေးတယ်လေ ဆိုတော့ကား သူက သီချင်း သုံးပုဒ်ကို ပြန်ဆက်ထားတာ ဒီကြော်ငြာကြီးတစ်ခုလုံးမှာလေ

ကြော်ငြာအစပိုင်းမှာ Adventure ပုံစံလေးနည်းနည်းဆန်တာပေါ့နော် ဆုရွန်းလဲ့နဲ့ပုလဲဝင်း သူတို့နှစ်ယောက်က မီးပုံးပျံစီးတယ်။

မီးပုံးပျံပေါ်ကနေ ဆေးဗူးတွေ ပြစ်ချလိုက်တယ် ပြီးတော့နောက်ပိုင်းသီချင်းအဆိုဖြစ်သွားတာပေါ့ အဓိက ကတော့ ထိုကြော်ငြာမှာ နန္ဒာလှိုင်ပေါ့။

အမှတ်တရ အနေနဲ့ကတော့ ထိုစဉ်က ကြော်ငြာက အရမ်းရှည်တယ် ရှည်တဲ့အခါကြတော့ ကြားထဲမှာလဲ Product အကြောင်းရှင်းပြတဲ့ ဒိုင်ယာလောဒ့်တွေလဲပါတယ်

ထိုနေရာတွေမှာ 3 D Animation နဲ့ အရုပ်တွေဖြည့်ရတာပေါ့ ။ ကြော်ငြာ ကဘာလို့ကောင်းသွားလဲဆိုတော့ ဒါရိုက်တာရှိမယ်လုပ်ငန်းရှင်ရှိမယ်ပေါ့ သူတို့နှစ်ယောက်လုံးက

ဒီ တည်းဖြတ်ပိုင်းမှာ ကျွန်တော့်သဘောအတိုင်းလုံးဝ ပေးလုပ်ထားတာ သူတို့ဘာမှ ဝင်ရောက်ပြောဆိုခြင်းမရှိဘူးပြင်ချင်တဲ့အချက်လေး နည်းနည်းပါးပါး ဝင်ထောက်ပြောဆိုတာမျိုးပဲရှိတယ်

လွတ်လွတ် လပ်လပ်လုပ်လို့ရတယ်ဗျာ အဲ့မှာတစ်ခုအားသာသွားတာပါ။ အမှတ်တရအဖြစ်ဆုံးကတော့ ကြော်ငြာတွေ လုပ်တဲ့အခါမှာ အဓိကရင်ဆိုင်ရတာ Timeline ဗျ

လုပ်ငန်းရှင်တော်တော်များများက editing ကို ၂ ရက် ၃ နဲ့လိုချင်ကြတယ်။ အင်မတန်မှ လောကြတာဗျ , အကောင်းလဲလိုချင်တယ် လောလည်းလောတယ် သူတို့ကအဲ့လို ဆိုတော့တချို့အရာတွေကျ အနုပညာဆန်တဲ့ကိစ္စတွေပါတဲ့အခါကြတော့

အချိန်နည်းနည်းပေးရတယ် ပေးရတယ်ဆိုတာ စဉ်းစားချိန်ရှိတာကိုး ဒီ ရှမ်းရိုးမ ကြော်ငြာမှာကျ အဲ့ဒီ Great Wall တိုင်းရင်းဆေးလုပ်ငန်းပိုင်ရှင်က အရမ်းသဘောကောင်းတယ်။

အဲ့တာတော့တကယ့်အမှတ်တရပဲ သူကျွန်တော်တို့ editing ရုံးခန်းကိုနေ့တိုင်းလာတယ် ပြီးရင်ထိုင်နေတယ် ဘာဆိုဘာမှ ပြောဆိုခြင်းမရှိဘူး

တစ်ခါတစ်လေ ထမင်းစားချိန်တွေဆိုကျွန်တော်တို့တည်းဖြတ်ရုံးမှာ ရှိတဲ့ ဝန်ထမ်းလေးယောက်လုံးကိုသူစားသောက်ဆိုင်တွေမှာနေ့လည်စာလိုက်ကျွေးတယ်

နောက်ပြီးသူတို့လိုချင်တဲ့ပုံပေါ့နော်စစချင်းမှာ မီးပုံးပျံကြီးစီးသွားမယ် , မီးပုံးပျံပေါ်ကိုတွယ်တတ်မယ် , အမှန်တကယ်က စတန့်မင်းသား ၊ စတန့်မင်းသမီးတွေရဲ့အလုပ်ရတဲ့ အလုပ်

ဆုရွန်းလဲ့နဲ့ပုလဲဝင်း တို့ကလုပ်လဲ မလုပ်ရဲတော့ Chroma ခံပြီးရိုက်တယ်ပေါ့ ။ ထို Chroma ကို လေထဲမှာဖြစ်နေတဲ့ပုံမျိုးကျွန်တော်တို့က ပြန်အသက် သွင်းတာ

နောက်ပြီးပုဂံ မှာပဲရှိတဲ့ မီးပုံးပျံကြီးတွေကို ကျွန်တော်တို့ပညာနဲ့ပေါင်းဆက်ပြီး အင်းလေး၊ပင်းတယ မှာလဲမီးပုံးပျံတွေပျံခိုင်းလိုက်တယ် နေရာတိုင်းမှာ ဒီမီးပုံးပျံကို Continuity ကိုက်အောင်ချိတ်ဆက်သွားတာပေါ့

Animation အပိုင်းတွေဆိုရင်လဲ ကို ဗလ က ဒိုင်ခံဆွဲပေးတယ် ကျွန်တော်က ပိုကောင်းအောင် ပြန်သ ရတာပေါ့ တချို့နေရာတွေမှာ တစ်ခါတလေ Animation ၃ စက္ကန့် ၄ စက္ကန့်လောက်ပဲမြင်ရမဲ့ဟာ တကယ် လုပ်မယ်ဆို

၃ ရက် ၄ ရက်လောက်ပြန်လုပ်ရတယ် လုပ်ကြည့်လိုက်စိတ်တိုင်းမကျလိုက် ပြန်လုပ်ရလိုက်ပေါ့။ ပျော်ဖို့လည်း အရမ်းကောင်းပါတယ်။ အဓိက ကတော့လုပ်ငန်းရှင်က တချက်မှ လောချင်းမရှိတာပဲ ပြီးသွားတော့လဲ

ကျွန်တော်လုပ်ပေးလိုက်တာ အရမ်းကြိုက်သွားတယ် ဆိုကာပြောပြသွားခဲ့ပါတယ်။

ထို့ပြင် ရှမ်းရိုးမ ကြော်ငြာရဲ့ ဒါရိုက်တာဖြစ်သူ ဦးဝေလုဝဿန် ရဲ့ပြော ကြားချက်ကတော့ -

ဒီ ရှမ်းရိုးမကြော်ငြာ ဟာ ဂရိတ်ဝေါ တိုင်းရင်းဆေးထဲမှာရိုက်ကူးရက် ၁၂ ရက်ရိုက်ခဲ့ရတဲ့ကြော်ငြာပါ။

ရှမ်းရိုးမကြော်ငြာကို ပုဂံ၊ ကျောက်ပန်းတောင်းတောင်ကြီး၊အင်းလေး၊ပင်းတယ၊ကလော၊ရန်ကုန် ဂေါက်ကွင်း၊အမျိုးသားကဇာတ်ရုံအားလုံးအချိန်တစ်လကြာအောင်ရိုက်ခဲ့ပါတယ်။

တည်းဖြတ်ရာမှာလဲရိုက်ကွက်အကုန် မလစ်ဟင်းရအောင် ကိုထွေးကျော် ရက်ပေါင်းများစွာအိပ်ရေးပျက်ခဲ့ရပါတယ်။ကြော်ငြာသီချင်းတည်းဖြတ်ပြီးမှကိုဇော်မျိုးထွဋ် dubbing ပြန်တီးပေးရသေးတာမျိုးရှိခဲ့ပါသေးတယ်။

ထိုခေတ်မှ နာမည်ကြီးမင်းသမီး နန္ဒာလှိုင်၊ပုလဲဝင်း၊စုရွှန်းလဲ့တို့ဦးဆောင်ပါဝင်ပြီးအင်းလေးမှ အထက တကျောင်းလုံး၊ကလောမှကျောင်သူကျောင်းသားများ၊၁၅၀ကျော်ကို ပါဝင်အားဖြည့် ရိုက်ကူးခဲ့ရပါတယ်။

ကျွန်တော်မှ ကလောဗျူးပွိုင့်နေရာမှမြင်ရတဲ့ရှေ့ကတောင်တန်းကို လူအပြည့်လိုချင်တယ်ဟုတောင်းဆိုလိုက်တာကို ပိုင်ရှင်ကိုမောင်မောင်လွင်မှဖြစ်စေရမယ်ဆိုပြီး ရှာဖွေခဲ့တဲ့ဒေသခံများပါ ကြော်ငြာထဲ ပါဝင်ပါတယ်။

ရှမ်းရိုးမကြော်ငြာကို ရှမ်းတောင်တန်းအပြည့်လူတွေလက်ချင်းယှက်ပြီးရပ်ပြတာလိုချင်တယ်ဆိုတဲ့အတွေးကို ရအောင်ဖန်တီးပေးခဲ့တဲ့လုပ်ငန်းရှင်တွေပါ ဆိုကာ ဒါရိုက်တာကြီးမှ ပြောပြထားပါတယ်။

အနုပညာ တစ်ခုဆိုတာ အခုလိုပဲ အနုပညာရှင်တွေ အားလုံးပေါင်းစည်းလုပ်ကိုင်ပြီးမှ ဖြစ်ပေါ်လာတဲ့ ရင်တွင်းထွက် ရတနာ တစ်ပါးပါ။

အခုဆို ပရိသတ်ကြီးလဲ ရှမ်းရိုးမ ကြော်ငြာ အကြောင်း ကို သိရှိသွားလောက်ပါပြီ။သေသေချာချာ ပြောပြပေးတဲ့ ဦးထွေးကျော်ကိုလည်း ကျေးဇူးတင်ပါတယ်ထို့ပြင် ဦး ဝေလုဝဿန် ကိုလည်းကျေးဇူးတင်ပါတယ်။

နောက်အပတ် သောကြာနေ့ယခုလို အချိန်မှာ ကျွန်မနှင့်အတူတူ ခေတ်ဟောင်းကကြော်ငြာတွေ ပြန် ကြည့်ကြမယ်နော်။

Myanmar Advertising Directory 

Published in Interview








 


 












 

Unicode >>> 

 

၂၀၂၀ လာမည့်ရွေးကောက်ပွဲအတွက် ဥပဒေ ရေးရာအသိုင်းအဝိုင်းမှ နိုင်ငံရေးသမားများက အလုအယက်မဲဆွယ်ဖို့ကြိုးစားနေသည်ကို သတိထားမိမှာပါ။

ယခုလည်း အမေရိကန်နိုင်ငံရဲ့လွှတ်တော်အမတ် ဖြစ်သူ Bernie Sanders မှ သူ့ကိုမဲပေးမည့်လူအမြှောက်အများကို TV ကြော်ငြာများမှ မဲဆွယ် ကာ သူ့အားမဲပေးရန်ဆွဲခေါ်လာမည်ဟုသိရှိရသည်။

လွှတ်တော်အမတ် ဖြစ်သူ Bernie Sanders က ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာကတည်းက TV ကြော်ငြာအားကို အခြားသောပြိုင်ပွဲဝင်တွေထက် ပိုမိုအသုံးပြုခဲ့တယ်သိရပါတယ်။

Bernie ဟာ ယခုအခါမှာတော့ TV ကြော်ငြာအတွက် ၃၀ မီလီယံ အသုံးပြုသွားမယ်သိရပါတယ် ထို့ပြင် Bernie က ပြီးခဲ့တဲ့ အစောပိုင်း အောက်တိုဘာလ ထဲက

သူရဲ့ TV ကြော်ငြာ campaign အတွက် ၁.၃ မီလီယံ အသုံးပြု ထားပြီဖြစ်ရာ ၁ မီလီယံစာ TV ကြော်ငြာ ပြသချိန် ဝယ်ယူထားပြီဖြစ်တယ်သိရပါသည်။

Bernie ရဲ့ TV-centric strategy ကိုဦးဆောင်နေတဲ့ အကြံပေးအရာရှိဖြစ်သူ Jeff Weaver ရဲ့ ပြောကြားချက်အရ ' Bernie အနေနဲ့ အခြား နိုင်ငံရေးဆိုင်ရာ စိတ်မဝင်စားတဲ့သူတွေကို သူက ဆွဲခေါ်ချင်ပုံပါ '
' တကယ်လို့သင့်အနေနဲ့ အခု ကိစ္စရပ်များနှင့် မသက်ဆိုင်နိုင်ငံရေးစိတ်မဝင်စားတဲ့ ပရိသတ်ကို လိုချင်ပါကသင့်အနေရှာစရာနေရာ တစ်နေရာပဲ ရှိမယ်ဗျ ထိုအရာက TV ကနေကြော်ငြာခြင်းပဲ ' ဆိုကာပြောဆိုခဲ့ပါတယ်။

 

Gigi Hadid ကြော်ငြာထားတဲ့ Reebok

 

Bernie ဟာ သူ့ရဲ့ TV ကြော်ငြာ campaign ကနေ လူအမြှောက်အများ ထပ်မံလိုချင် ပုံပါပဲ ထိုကဲ့သို့မဲဆွယ်လာရခြင်းမှာ social media များမှ နိုင်ငံရေးဆိုင်ရာကြော်ငြာများကို ပိတ်ပင်ခဲ့လို့ လည်းထင်ပါတယ်။

Facebook ကတော့ အစကတည်းက နိုင်ငံရေးဆိုင်ရာကြော်ငြာများကို Ban ထားပြီးသားပါ။Facebook ရဲ့ rules မှာကိုက ban ထားကြောင်းပါပြီးထားတာတွေ့ရပါတယ်။

Facebook ရဲ့ ပဲ့ကိုင်ရှင် Mark Zuckerberg က သတင်းထောက်များညီလာခံတစ်ခုမှာ ' 'ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာရှိနေသမျှ , နိုင်ငံရေးသတင်းတွေ နဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ကြော်ငြာတွေရှိ
နေသင့်တယ်လို့ ကျွန်တော် မထင်ပါဘူး ' ဆိုကာ ပြောကြားသွားခဲ့ပြီးသားပါ။

Twitter ၏ CEO ဖြစ်သူ Jack Dorsey မှ ' Internet ပိုင်းဆိုင်ရာကြော်ငြာများနှင့် ပတ်သက်လို့ ယနေ့ ခေတ်မှာအရေးပါ အရာရောက်လာတာနှင့်အမျှ နိုင်ငံရေးရာ အပိုင်းမှာလဲ အကျိုးသက်ရောက်မူ့ရှိနိုင်သည် '

သူ၏ Twitter စာမျက်နှာတွင်ရေးသားထားသည်ကိုတွေ့ရသည်။

ထို့ပြင် Jack Dorsey သည် သူ၏ Twitter စာမျက်နှာ ပေါ်တွင် ' ကျွန်တော်တို့ Twitter ပေါ် က နိုင်ငံရေးနှင့် သက်ဆိုင်သော ကြော်ငြာများကို ကမ္ဘာနှင့်တစ်ဝှမ်းဖယ်ရှားဖို့ဆုံးဖြတ်ချက်ချလိုက်ပြီပဲ ဖြစ်ပါတယ်၊
ဘာကြောင့် ဆုံးဖြတ်ချက်ချလိုက်တာလဲဆိုရင်တော့ အကြောင်းပြချက်လေး အချို့တလေ ကြောင့်ပါ ' ဟုဆိုကာ သူ့ရဲ့ Twitter စာမျက်နှာပေါ်တွင် ထပ်မံရေးသားခဲ့ပါတယ်။

ထိုအချင်းအရာကို Hillary Clinton မှ သူမ၏ Twitter အကောင့်မှ တစ်ဆင့် ' ဒါဟာ ဒီမိုကရေစီခေါင်းစဉ် အောက်မှာရှိတဲ့ အမေရိကန်အပါအဝင် အခြား ကမ္ဘာ့ နိုင်ငံအသီးသီးတွေအနေဖြင့် လုပ်သင့်တဲ့အရာတစ်ခုပဲ '
ဆိုကာ သူမရဲ့ Twitter စာမျက်နှာပေါ်တွင်ရေးသားထားတာတွေ့ရပါသည်။ Hillary Clinton ဟာ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကံဆိုးစွာ Donald Trumps ကို မဲရှုံးနိမ့်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ ဖြစ်တဲ့ America's political camps ရဲ့ တချို့သတင်းကြော်ငြာများမှာလဲ Ban ခံရတယ်လို့သိရပါတယ်။

အမေရိကန်သမ္မတ Donald Trumps ရဲ့ re-election campaign မှ မန်နေဂျာ ဖြစ်သူ Brad Parscale ရဲ့ ပြောကြားချက်ကတော့ နောက်ထပ်ကြိုးပမ်းမူ့ တစ်ခု မရှိသေးသဖြင့် တိတ်ဆိတ်စွာ နေရအုံးမည်' ဟု ပြောကြားပါသည်။

တကယ်တန်းမှာ နိုင်ငံရေးနဲ့ သက်ဆိုင်သော ကြော်ငြာများ ကြောင့် အမုန်းစကားတွေ ပျံပွားစေသော ကိစ္စ ကြောင့်လည်းပါဝင်မယ်သိရပါတယ်။
Twitter မှနိုင်ငံရေးဆိုင်ရာကြော်ငြာများကို အဓိက ဖယ်ရှားရခြင်းအကြောင်းအရာကတော့ ထိုကြော်ငြာများဟာ မဲပေးခြင်းကို လွမ်းမိုးသွားမှာဆိုးလို့ပါတဲ့။

Twitter မှ နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို နိုဝင်ဘာလ ၂၂ ရက်နေ့တွင်အတည်ပြု ဖယ်ရှားသွားမယ်သိရှိရပြီး နိုဝင်ဘာလ ၁၅ ရက်မှာ အချက်ကျကျ အတည်ပြု ချက်ထွက်ရှိလာပါသည်။

နိုင်ငံရေး TV ကြော်ငြာ များကို ယခုကဲ့သို့ TV ads , လက်ကမ်းစာစောင် , Billboard စသည်တို့ တွင် အများအပြားတွေ့ရှိလာရမယ်လို့ခန့်မှန်းကြပါတယ်။

Source from The NewYork Times

Myanmar Advertising Directory 

Published in Marketing

Gigi Hadid ဟာ သူမကြော်ငြာတဲ့ Reebok ကို ကြော်ငြာရိုက်ကူးများတွင်သာမက အပြင်မှာပါဝတ်ဆင်ပြီးကြော်ငြာတာတွေ့ရပါတယ်။


ခရစ်စမတ်ဆိုတာ ကမ္ဘာ့နေရာအသီးသီးမှပျော်ရွှင်စရာ အချိန်အခါတစ်ခုပါ။လမ်းမီးများကို ထိန်လင်းစွာထွန်းထားပြီး , အမှတ်တရလက်ဆောင်တွေ , ကောင်းချီးမင်္ဂလာ ပေးခြင်းတွေရဲ့အချိန်အခါပေါ့ကွယ်။


Graph and Marketing API ရဲ့ သိရှိရတဲ့အကြောင်းပြချက်အရ လာမည့်၂၀၂၀ တွင် Facebook Page တစ်ခုမှာ ကြော်ငြာကန့်သတ်ချက် များစွာထားရှိမယ်၊အရေအတွက်ပါ ကန့်သတ်မယ်လို့ Facebook မှ အတည်ပြုထားပါတယ်။


မင်းသားကြီး Alac Blacwin ရဲ့ eToro ကြော်ငြာဟာ ချမ်းသာစေမယ့်နည်းလမ်းသစ် ဆိုကာ အမေရိကန် နိုင်ငံမှာရေပန်းစားနေပါတယ်။




င်္Facebook အရောင်ပြောင်းတဲ့ Logo လေးတွင် Facebook စာတန်းအရောင်လေးကိုမှ အပြာ မှ ပန်းရောင် / ပန်းရောင်မှ အစိမ်း စသည်ဖြင့် အရောင်ပြောင်းလဲတာတွေ့ရပါတယ် လောလောဆည် Gif ထွက်လာပါပြီ။



င်္Facebook ဟာ တကယ့်Popular Apps တွေရဲ့ မိခင် Company ဆိုလဲမမှားပါဘူး။

 

အရက်ပုလင်းကြော်ငြာများအား စည်းကမ်း ထိန်းချုပ်မည်

 




 

FACEBook.jpeg


 

Unicode >>> 

 

Facebook ရဲ့ Logo အသစ်ဟာ အရောင်ပြောင်းလဲပြီးထို Logo မှပြောင်းလဲတဲ့ အရောင်များကလည်း ၎င်းအပိုင် Social Media App များဖြစ်တဲ့ Facebook , Instagram နဲ့ Whatsapp ကိုယ်စားပြု Brand အရောင်တွေပါ။

Facebook မှ၎င်းတို့ရဲ့ App ကို တံဆိပ်အသစ်လေးနဲ့Rebranding ပြန်လည်ပြုလုပ်ခဲ့ပါတယ်။

ၤFacebook အရောင်ပြောင်းတဲ့ Logo လေးတွင် Facebook စာတန်းအရောင်လေးကိုမှ အပြာ မှ ပန်းရောင် / ပန်းရောင်မှ အစိမ်း စသည်ဖြင့် အရောင်ပြောင်းလဲတာတွေ့ရပါတယ် လောလောဆည် Gif ထွက်လာပါပြီ။

ဖော်ညွှန်းချက်ကတော့ Facebook မှ အပြာ , Instagram မှ ပန်းရောင် , WhatApps မှ အစိမ်း ကိုဖော်ညွှန်းပါတယ်။

Facebook က ပြောသားချက်ကတော့ Brand ကို အမြဲဆန်းသစ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ လူတွေဆီအသစ်တွေပေးစွမ်းနိုင်တာဟာ Brand တစ်ခုကို ကြည်လင်ပြတ်သားစွာ မြင်ဖို့ပါပဲတဲ့။

ၤFacebook ဟာ တကယ့်Popular Apps တွေရဲ့ မိခင် Company ဆိုလဲမမှားပါဘူး။

ထို့ပြင် Facebook မှ ဈေးကွက် ကြော်ငြာ ကြော်ငြာဆိုင်ရာ အုပ်ချုပ်ရေးမှူး Antonio Lucio ထပ်မံပြောကြားချက်က - လူတွေအနေနဲ့ သူတို့အသုံးပြုတဲ့product တွေ ဘယ်ကလာတယ်ဆိုတာသူတို့သိသင့်တယ် ၊
ကျွန်တော်တို့ရဲ့ အဓိက services တွေက Facebook app, Messenger, Instagram, WhatsApp, Oculus, Workplace, Portal နဲ့ Calibra တို့ပါ, ဒီနေ့ကစပြီး ကျွန်တော်တို့ Facebook မှ Logo အသစ်ကနေပြီး
ဘယ် App တွေကို Facebook မှ ပိုင်ဆိုင်ကြောင်း ကြော်ငြာအသိပေးသွားမှာပါလို့သိရှိရပါတယ်။

Instagram နဲ့ Whatapps မှာဝင်ရောက်အသုံးပြုလိုက်မယ်ဆို သူ့ကိုယ်ပိုင် Logo အောက်မှာ Facebook အရောင်ချိန်းတဲ့ Logo ကို ထည့်သွင်းသွားမယ်သိရပါတယ်။

ဒီလာမယ့်အပတ်မှာ Facebook မှထို Logo ကိုစတင် အသုံးပြု ကြော်ငြာတော့မှာပါ။အောက်ပါပုံလေးကတော့ Instagram ကို ဥပမာပြပေးထားပုံပါ။

 

FACEBook.jpeg

ဒီအတိုင်းကိုပဲ အခြား Facebook မှ ပိုင်ဆိုင်သော Apps များကို ထိုနည်းတူစွာ Facebook မှပိုင်ဆိုင်ကြောင်း အသိပေးကြော်ငြာသွားမည်သိရပါတယ်။

Myanmar Advertising Directory 

Published in Digital Marketing

ကြော်ငြာ Campaign တွေအများကြီးထဲမှာဆို နာမည်ကြီး အီတလီ Branded ဖြစ်တဲ့ Gucci က ကြော်ငြာများသည် တစ်မှုထူးခြားသည်။


အရက်ကြော်ငြာများအား ကလေးသူငယ်စာသင်ကျောင်းများနှင့်စာကြည့်တိုက် , ကစားကွင်းစတဲ့နေရာတွေနဲ့ အနည်းဆုံးမီတာ ၂၀၀ အကွာအဝေးအတွင်းရှိကိုရှိရမည်။

Published in Outdoor Advertising









သုည ဘဝမှစခဲ့ရတဲ့ Ray Kroc ရဲ့ ကြော်ငြာနည်းလမ်း





















Unicode >>> 

Coca Cola နဲ့ Pepsi ကို နာမည်ကြီးဖျော်ရည်အအေးတွေအဖြစ်သိထားကြတယ်။

အမှန်တော့ Coca Cola နဲ့ Pepsi ဟာ ပြိုင်ဘက်စစ် စစ်တွေပါ။

Cola နဲ့ Pepsi ဟာ အရသာကအချိုဘက်သွားတယ်။ဂတ်စ်ပါတဲ့အချိုရည်မျိုးကိုမှ ဗနီလာ , သစ်ကြံပိုးခေါက် , ရှောက်လိမ္မော်အရည် တို့၏ အနံ့အရသာများကိုပေါင်းစပ်ထုတ်လုပ်တယ်သိရပါတယ်။
Coca Cola ဟာအရောင်အားဖြင့် သကြား မီးဖုတ်ထားသော အရောင် ရှိပါတယ် Pepsi ကတော့ Coca Cola ထက်ပိုမို အရောင်ဖျော့တယ်လို့သိရှိရပါတယ်။

Cola သမိုင်း အကျဉ်းချုပ်

၁၈၈၆ မေလ ၈ ရက်မှာ အက်တလန်ဒါးမှာရှိတဲ့ ဂျေးကွတ်ပ် ဆေးတိုက်ကနေ ကိုကာကိုလာ ကိုဖော်ဆက်သူ John Pemberton က ပထမဦးဆုံး ကိုလာပုလင်းကို စတင်ရောင်းချခဲ့တယ်။

သူရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ကိုကာကိုလာ ပုလင်းများထုတ်လုပ်ခြင်းကိုအရောင်းမြင့်တင်ဖို့အတွက် ကိုကာကိုလာ ကြော်ငြာကို အက်တလန်းဒါး ဂျာနယ်မှာ ကြော်ငြာစတင်ထည့်ခဲ့တယ်

ကိုကာကိုလာကို ခေါင်းကိုက်တာတွေပင်ပန်းနွမ်းနယ်တာတွေပျောက်တဲ့ဆေးအဖြစ် သာ ကြော်ငြာခဲ့တယ်သိရပါတယ်။

ပထမဆုံးကိုကာကိုလာရဲ့စာစုမှာ ‘ အရသာရှိသည် ၊ ရင်ဖိုရသည် ၊ အားအင်ပြည့်တိုးစေသည်၊ လန်းဆန်းစေသည် ‘ ဟူစသဖြင့်ရေးသားထားသည်။

Pepsi သမိုင်း အကျဉ်းချုပ်

Pepsi ကို ၁၈၉၃ မှာ Caleb Bradham မှ ပထမဦးဆုံး Brad's Drink နာမည်နဲ့စတင်မိတ်ဆက်ခဲ့တယ် ၁၈၉၈ မှ Pepsi ဆိုတဲ့နာမည်ကို စတင်ခေါ်တွင်စေခဲ့တယ်။
Pepsi ကအစာကြေခြင်းနှင့် အင်အားဖြည့်အချိုရည်အဖြစ်သောက်သုံးရန်သင့်တော်သည်။

Pepsi နှင့် Cola ဟာ ၁၈၉၀ ခုနှစ်တွေထဲက ကြော်ငြာအားပြိုင်မှု့တွေရှိခဲ့တာပါ။

အမေရိကန် ကားတွေဖြစ်တဲ့ Ford ကားတွေရဲ့ ပဲ့ကိုင်ရှင် Ford ကား company ရဲ့ စတင်တည်ထောင်သူကြီး Henry Ford ရဲ့ ပြောစကားအရ
{ A man who stops advertising for save money is like a man who stops a clock to save times } တဲ့

Henry Ford ဆိုလိုတာကတော့ product တစ်ခု / Brand တစ်ခုရဲ့ ကြော်ငြာတွေကို ငွေစုဖို့ အတွက် ရပ်တန့်လိုက်ခြင်းဟာ အချိန်တွေကို စုဆောင်းဖို့ နာရီတစ်လုံးကို ရပ်တန့်လိုက်သလိုပါပဲတဲ့။

အဓိကအချက်ကတော့ product တစ်ခု/

brand တစ်ခုအတွက် ကြော်ငြာတွေသာ မရှိနိုင်တော့ရင် ကိုယ့် လုပ်ငန်းအတွက် အကျိုးယုတ်စေနိုင်ပါတယ်။

ဒါကြောင့်လဲ နာမည်ကြီး Brand တွေဖြစ်တဲ့ Pepsi နဲ့ Cola တို့ရဲ့ ကြော်ငြာ အားပြိုင်မူ့ တွေဟာAdvertising War တစ်ခုထိ အခြေအနေတောင်ဖြစ်လာတာပါ။
ထို Advertising war ရဲ့ အမည်က Cola Wars ပါ။

Coca Cola က Advertising war မှာဆိုရင်တော့ဖြင့် အမြဲ Idea လက်ဦးမှု့ ရှိပါတယ်။
Christmas ဆို Christmas ရာသီ လိုက် Halloween ဆို လည်းသူ့ရာသီအလိုက် ကြော်ငြာဖန်တီးမူ့ရှိပြီးသားပါ။

Pepsi ကတော့ Coca Cola ရဲ့ အားသာချက်တွေကို ဖိနင်းရိုက်ပြတဲ့ကြော်ငြာတွေရိုက်ကူးတဲ့နေရာမှာသိပ်တော်ပါတယ်။

တစ်ခါ က Pepsi က Coca Cola ကို နင်းတဲ့ကြော်ငြာတစ်ခု ရိုက်ကူးခဲ့တယ် ...

ကလေးလေးတစ်ယောက်က အကြွေစေ့ထည့်ပြီး အချိုရည်ထွက်တဲ့ စက်နားကိုလမ်းလျှောက်လာတယ်

မမှီမကမ်းနှင့် ထိုစက်ထဲကနေ Coca Cola နှစ်ဗူးထုတ် လိုက်တယ် ပြီးမှ ထို Cola နှစ်ဗူးကိုနင်းပြီး

Pepsi ပုလင်းခလုတ်ကို နှိပ်ကာ Pepsi ကိုယူသွားတာကို ရိုက်ပြထားတယ်။

Cola မှလည်း ပြန်လည်ခြေပကာရိုက်ထားပြန်သည်

Cola နှင့် Pepsi စက်ရုံလုပ်သားနှစ် ကုန်စုံဆိုင်လေးဆီသို့ ပစ္စည်းချကြတယ်

အပြေးအလွှားပစ္စည်းချစဉ် Pepsi ပုလင်းတွေက ကွဲသွားခဲ့တယ်

ဒါကို Cola ဘက်မှ စက်ရုံလုပ်သားမှ Pepsi ဘက်ကိုနှစ်သိမ့်ကြောင်း ရိုက်ပြထားတယ်။

ကြော်ငြာ အပိုင်းမှာသာမက အရာရာတိုင်းဟာ အပြိုင်အဆိုင်ရှိမှတိုးတတ်မှပါ

ဒါကြောင့်သင်တို့ ပြိုင်ဘက်ကို တန်ဖိုးထားပါ။

Myanmar Advertising Directory 

Published in Marketing
Page 21 of 45