-->
×

Warning

JUser: :_load: Unable to load user with ID: 29

ကားထုတ္လုပ္သူျဖစ္ေသာ Ford သည္ ေၾကာ္ျငာမ်ားအားလုံးကို အေမရိကန္ ကားေစ်းကြက္၌ တင္ၿပီး Coronavirus ကို ကုမၸဏီက ဘယ္လိုတုံ႔ျပန္တယ္ဆိုတာကို ေၾကာ္ျငာမ်ားနဲ႕ အစားထိုးၿပီး အေလးေပး ေဆာင္ရြက္ခဲ့ပါတယ္။

Coronavirusကူးစက္ပ်ံ႕ႏွံ႔ေနခ်ိန္တြင္ ကုမၸဏီအေနျဖင့္ သိသိသာသာ ေျပာင္းလဲသည့္ သတင္းစကားလိုအပ္ေၾကာင္း ကုမၸဏီက သေဘာေပါက္ၿပီးသည့္ေနာက္တြင္ ၿပီးခဲ့သည့္အပတ္က ေၾကာ္ျငာအသစ္ ၂ ခုကို ျမန္ျမန္ဆန္ဆန္ စုစည္းခဲ့ပါတယ္။

ေၾကာ္ျငာတစ္ခုျဖစ္ေသာ“Built For Right Now” သည္ ကုမၸဏီရဲ႕ ႏွစ္ ၁၀၀ သမိုင္းေၾကာင္းႏွင့္ အေမရိကန္ကို ေထာက္ပံ့ရန္ စစ္ကာလအတြင္းအခ်ိန္၌ တင့္ကားမ်ားႏွင့္ေလယာဥ္မ်ား တည္ေဆာက္ပုံကို အေလးေပးေဖာ္ျပထားပါတယ္။

ဒုတိယတစ္ခုျဖစ္သည့္“Built To Lend A Hand”သည္ ကုမၸဏီရဲ႕ ပရဟိတလုပ္ငန္းကို ရည္ၫႊန္းျခင္းျဖစ္ၿပီး အတိတ္ကာလက မီးေဘးႏွင့္ဟာရီကိန္းမုန္တိုင္း ကဲ့သို႔ေသာ သဘာဝ ေဘးအႏၲရာယ္မ်ား ႀကဳံေတြ႕ခဲ့ရတဲ့ ေဖာက္သည္မ်ားအား ဘယ္လို ေငြေပးေခ် ၀န္ေဆာင္မႈေပးတယ္ကို ေဖာ္ျပျခင္းႏွင့္ coronavirus ၏ အက်ိဳးသက္ေရာက္မႈမ်ားႏွင့္ ၎အတြက္ဘယ္လိုလုပ္ေဆာင္ေနၾကပုံကို ေဖာ္ျပျခင္းအားျဖင့္ ကုမၸဏီ၏ပရဟိတလုပ္ငန္းကို အေလးေပးေဖာ္ျပထားပါတယ္။

 

ဧၿပီလမွာ ေၾကာ္ျငာေစ်းကြက္ရဲ႕ ၅၀ရာခိုင္ႏွဳန္းက်ဆင္းမႈနဲ႕ ရင္ဆိုင္ရမယ့္ UKေၾကာ္ျငာေစ်းကြက္

 

ေၾကာ္ျငာမ်ားတြင္ တိတ္ဆိတ္ၿငိမ္သက္ေနေသာ Black ႏွင့္White ႐ုပ္ပုံေဟာင္းမ်ားပါရွိၿပီး စာသားေတြက ပုံမ်ား သို႔မဟုတ္ အျပာေရာင္မ်က္ႏွာျပင္ေပၚတြင္ ထြက္ေပၚလာပါတယ္။

"ၿပီးခဲ့တဲ့ အပတ္ ၾကာသပေတးေန႔ မနက္က ေဈးကြက္ထဲမွာ ပုံမွန္စာတိုေပးပို႔ စနစ္ဟာ အလားတူ အလုပ္မ်ိဳးမလုပ္ႏိုင္ေတာ့ဘူး ဆိုလာတာဟာ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ေနတဲ့ အခ်ိန္ေရာက္ေနၿပီဆိုတာ ထင္ရွားလာပါတယ္။" "လူေတြကို ေျပာေနဖို႔ပဲ မႀကိဳးစားနဲ႔ အခုဆို စိတ္ခ်လက္ခ် ျဖစ္ေနဖို႔က အေရးႀကီးပါတယ္။အေရာင္းပြဲအတြက္ မင္းရဲ႕ ကားအေရာင္း ကိုယ္စားလွယ္ထံ အလ်င္အျမန္ သြားပါ။ " လို႔ု Ford မွ အေမရိကန္ ေစ်းကြက္ ရွာေဖြေရး ဒါ႐ိုက္တာ Matt VanDyke က AdAge သို႔ေျပာၾကားခဲ့ပါတယ္။

Coronavirus အက်ပ္အတည္းကာလ အတြင္း Ford Credit ႏွင့္ကားေခ်းငွားသူမ်ားသည္ ေငြေပးေခ်မႈရက္ကို ေျပာင္းလဲႏိုင္ပါတယ္ သို႔မဟုတ္ ေငြေပးေခ်မႈကို ေႏွာင့္ေႏွးႏိုင္ပါတယ္ လို႔ ကုမၸဏီက သတင္းထုတ္ျပန္လိုက္ပါတယ္။ Ford Credit သည္ ၀ယ္သူအသစ္မ်ားအား ကနဦး ေပးေငြမ်ားကို ရက္ေပါင္း ၉၀ ၾကာ ဆိုင္းငံ့ႏိုင္တဲ့ အခြင့္အေရးတစ္ခု ေပးပါတယ္။

Hyundai သည္ အေစာပိုင္းက အလားတူ campaignကို စတင္ခဲ့ပါတယ္။ သူတို႔က ကားသစ္ ၀ယ္သူမ်ား အလုပ္ျပဳတ္လွ်င္ ေငြေပးေခ်မႈမွ ေျခာက္လအထိ ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္ၿပီး ဒီcampaign ဟာ ဒီႏွစ္ မတ္လ ၁၄ ရက္နဲ႔ဧျပီလ ၃၀ အၾကားမွာ ကားငွားရမ္းတဲ့သူေတြ၊ကား၀ယ္ယူသူေတြ အတြက္ပဲ ျဖစ္ပါတယ္။

Ford ေၾကာ္ျငာအသစ္သည္ Ford Escape ႏွင့္ Ford Explorerကို ေၾကာ္ျငာသူမ်ားအား ယာယီအစားထိုးေပးမွာ ျဖစ္ေသာ္လည္း ၎တို႔ ဘယ္ေလာက္ၾကာၾကာေျပးမယ္ဆိုတာကို ဆုံးျဖတ္ထားျခင္း မရွိေသးပါဘူး။

VanDyke က AdAge သို႔ "ဒီဟာက ေန႔စဥ္နဲ႔ရက္သတၱပတ္တစ္ပတ္ခ်င္းစီကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္သြားမွာပါ။ အခုအခ်ိန္မွာေတာ့ [ေမာ္ေတာ္ယာဥ္] လႊတ္တင္မႈ အခ်ိဳ႕ရရွိပါတယ္။ ဒီသတင္းဟာ သတင္းေတြမွာ ဘယ္ေလာက္ၾကာၾကာရွိေနႏိုင္မလဲ ဆိုတာေပၚမူတည္ၿပီး ဒီလႈပ္ရွားမႈ အခ်ိဳ႕ကို ေနာက္လထိ ေပးဖို႔ ေ႐ႊ႕ဆိုင္းသင့္ မသင့္ကို တစ္ခ်က္ၾကည့္ရပါလိမ့္မယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

 

Advertising Agencies & Specialists (ေၾကာ္ျငာေအဂ်င္စီမ်ားႏွင့္ကၽြမ္းက်င္သူမ်ား (၄၃၈)ခုကိုရွာရန္ႏွိပ္ပါ)

<<<Unicode>>>

 

 

ကိုရိုနာဗိုင်းရပ်စ် ကိုတုန့်ပြန်တဲ့ ကြော်ငြာ campaignကို မိတ်ဆက်လိုက်တဲ့ Ford

ကားထုတ်လုပ်သူဖြစ်သော Ford သည် ကြော်ငြာများအားလုံးကို အမေရိကန် ကားဈေးကွက်၌ တင်ပြီး Coronavirus ကို ကုမ္ပဏီက ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို ကြော်ငြာများနဲ့ အစားထိုးပြီး အလေးပေး ဆောင်ရွက်ခဲ့ပါတယ်။

Coronavirusကူးစက်ပျံ့နှံ့နေချိန်တွင် ကုမ္ပဏီအနေဖြင့် သိသိသာသာ ပြောင်းလဲသည့် သတင်းစကားလိုအပ်ကြောင်း ကုမ္ပဏီက သဘောပေါက်ပြီးသည့်နောက်တွင် ပြီးခဲ့သည့်အပတ်က ကြော်ငြာအသစ် ၂ ခုကို မြန်မြန်ဆန်ဆန် စုစည်းခဲ့ပါတယ်။

ကြော်ငြာတစ်ခုဖြစ်သော“Built For Right Now” သည် ကုမ္ပဏီရဲ့ နှစ် ၁၀၀ သမိုင်းကြောင်းနှင့် အမေရိကန်ကို ထောက်ပံ့ရန် စစ်ကာလအတွင်းအချိန်၌ တင့်ကားများနှင့်လေယာဉ်များ တည်ဆောက်ပုံကို အလေးပေးဖော်ပြထားပါတယ်။

ဒုတိယတစ်ခုဖြစ်သည့်“Built To Lend A Hand”သည် ကုမ္ပဏီရဲ့ ပရဟိတလုပ်ငန်းကို ရည်ညွှန်းခြင်းဖြစ်ပြီး အတိတ်ကာလက မီးဘေးနှင့်ဟာရီကိန်းမုန်တိုင်း ကဲ့သို့သော သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ခဲ့ရတဲ့ ဖောက်သည်များအား ဘယ်လို ငွေပေးချေ ဝန်ဆောင်မှုပေးတယ်ကို ဖော်ပြခြင်းနှင့် coronavirus ၏ အကျိုးသက်ရောက်မှုများနှင့် ၎င်းအတွက်ဘယ်လိုလုပ်ဆောင်နေကြပုံကို ဖော်ပြခြင်းအားဖြင့် ကုမ္ပဏီ၏ပရဟိတလုပ်ငန်းကို အလေးပေးဖော်ပြထားပါတယ်။

ကြော်ငြာများတွင် တိတ်ဆိတ်ငြိမ်သက်နေသော Black နှင့်White ရုပ်ပုံဟောင်းများပါရှိပြီး စာသားတွေက ပုံများ သို့မဟုတ် အပြာရောင်မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာပါတယ်။

"ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့ မနက်က ဈေးကွက်ထဲမှာ ပုံမှန်စာတိုပေးပို့ စနစ်ဟာ အလားတူ အလုပ်မျိုးမလုပ်နိုင်တော့ဘူး ဆိုလာတာဟာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ အချိန်ရောက်နေပြီဆိုတာ ထင်ရှားလာပါတယ်။" "လူတွေကို ပြောနေဖို့ပဲ မကြိုးစားနဲ့ အခုဆို စိတ်ချလက်ချ ဖြစ်နေဖို့က အရေးကြီးပါတယ်။အရောင်းပွဲအတွက် မင်းရဲ့ ကားအရောင်း ကိုယ်စားလှယ်ထံ အလျင်အမြန် သွားပါ။ " လို့ Ford မှ အမေရိကန် ဈေးကွက် ရှာဖွေရေး ဒါရိုက်တာ Matt VanDyke က AdAge သို့ပြောကြားခဲ့ပါတယ်။

Coronavirus အကျပ်အတည်းကာလ အတွင်း Ford Credit နှင့်ကားချေးငှားသူများသည် ငွေပေးချေမှုရက်ကို ပြောင်းလဲနိုင်ပါတယ် သို့မဟုတ် ငွေပေးချေမှုကို နှောင့်နှေးနိုင်ပါတယ် လို့ ကုမ္ပဏီက သတင်းထုတ်ပြန်လိုက်ပါတယ်။ Ford Credit သည် ဝယ်သူအသစ်များအား ကနဦး ပေးငွေများကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့နိုင်တဲ့ အခွင့်အရေးတစ်ခု ပေးပါတယ်။

 

Coronavirus ဖြစ်ပွားမှု ကာလအတွင်း ရောင်းအားမြင့်တက်မှုရဲ့'Winner'ကို Corona Beer ရရှိ

 

Hyundai သည် အစောပိုင်းက အလားတူ campaignကို စတင်ခဲ့ပါတယ်။ သူတို့က ကားသစ် ဝယ်သူများ အလုပ်ပြုတ်လျှင် ငွေပေးချေမှုမှ ခြောက်လအထိ လျှော့ချနိုင်မှာ ဖြစ်ပြီး ဒီcampaign ဟာ ဒီနှစ် မတ်လ ၁၄ ရက်နဲ့ဧပြီလ ၃၀ အကြားမှာ ကားငှားရမ်းတဲ့သူတွေ၊ကားဝယ်ယူသူတွေ အတွက်ပဲ ဖြစ်ပါတယ်။

Ford ကြော်ငြာအသစ်သည် Ford Escape နှင့် Ford Explorerကို ကြော်ငြာသူများအား ယာယီအစားထိုးပေးမှာ ဖြစ်သော်လည်း ၎င်းတို့ ဘယ်လောက်ကြာကြာပြေးမယ်ဆိုတာကို ဆုံးဖြတ်ထားခြင်း မရှိသေးပါဘူး။

VanDyke က AdAge သို့ "ဒီဟာက နေ့စဉ်နဲ့ရက်သတ္တပတ်တစ်ပတ်ချင်းစီကို ကျွန်တော်တို့ စောင့်ကြည့်သွားမှာပါ။ အခုအချိန်မှာတော့ [မော်တော်ယာဉ်] လွှတ်တင်မှု အချို့ရရှိပါတယ်။ ဒီသတင်းဟာ သတင်းတွေမှာ ဘယ်လောက်ကြာကြာရှိနေနိုင်မလဲ ဆိုတာပေါ်မူတည်ပြီး ဒီလှုပ်ရှားမှု အချို့ကို နောက်လထိ ပေးဖို့ ရွှေ့ဆိုင်းသင့် မသင့်ကို တစ်ချက်ကြည့်ရပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

 

Reference Source:WARC

Myanmar Advertising Directory

Published in Global