-->
×
Warning
JUser: :_load: Unable to load user with ID: 29
ခင်ဗျားရဲ့ ကြော်ငြာလုပ်ငန်းကို ဘေးအန္တရာယ်မှလွတ်မြောက်စေမယ့် အစီအစဉ်
Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)
<<<Unicode>>>
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်အတွင်း ကျန်းမာရေးစောင့်ရှောက်သူတွေကို သောက်စရာများ လှူဒါန်းသွားမယ့် McDonald's
McDonals'sဟာ ကိုရိုနာဗိုင်းရပ်စ် အဖြစ်အပျက်အတွင်း ကျန်းမာရေးလုပ်သားတွေ ခက်ခက်ခဲခဲ လုပ်ဆောင်နေကြရတာကို ကျေးဇူးတင်တဲ့အနေနဲ့ သောက်စရာတွေကို ပေးလှူသွားမှာဖြစ်ပါတယ်။
-McDonald's Australiaက မေလ၁၇ရက်နေ့ထိ ကျန်းမာရေးစောင့်ရှောက်သူလုပ်သားတွေကို သောက်စရာများ အလကားပေးသွားမှာ ဖြစ်ပါတယ်။
-မတ်လ၂၃ရက်နေ့ကစပြီး COVID-19နဲ့တိုက်ခိုက်နေရသော လုပ်သားများအတွက် ကြေညာခဲ့တာဖြစ်ပြီး McCafé hot drink ဒါမှမဟုတ် medium soft drinkကို ကြိုက်တာလဲလှယ် သောက်သုံးနိုင်မှာဖြစ်ပါတယ်။
-သို့သော် ကျန်းမာရေးစောင့်ရှောက်သူဖြစ်ကြောင်းကဒ် သို့မဟုတ် ယူနီဖောင်းကို ပြမှ ၎င်းသောက်စရာ ရမှာဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နင်းကာကွယ်ရာမှာ ရှေ့တန်းကနေ ဦးဆောင်ပြီး တိုက်ခိုက်ပေးနေတဲ့ ကျန်းမာရေးလုပ်သားတွေကို ကျေးဇူးတင်တဲ့အနေနဲ့ သောက်စရာကော်ဖီတွေကို အလကားပေးသွားမယ်လို့ McDonald's Australiaက ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကို ကြေညာခဲ့တာတော့ မတ်လ၂၃ရက်ကဖြစ်ပြီး မေလ ၁၇ရက်နေ့ထိလုပ်ဆောင်သွားမှာပါ။ကျန်မာရေးစောင့်ရှောက်သူတွေအတွက် McCafé hot drink ဒါမှမဟုတ် medium soft drink ၂ခုမှ ကြိုက်တာ တစ်ခုသောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
fast food restaurantက လူမှုမီဒီယာမှာ "ဒီအချိန်မှာ ကျန်းမာရေးစောင့်ရှောက်သူတွေကလည်း လူတွေပါပဲ သူတို့က ငါတို့ကိုကြည့်ရှူစောင့်ရှောက်ပေးပြီး ဒါက ငါတို့ချစ်ရတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ဒါ့ကြောင့် ကျန်းမာရေးစောင့်ရှောက်သူ ဘယ်သူ့ကိုမဆို ကျေးဇူးတင်တဲ့အနေနဲ့ သောက်စရာတွေ အလကားပေးသွားမှာဖြစ်ပါတယ်။"လို့ ရေးခဲ့ပါတယ်။
ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် McDonald’s ၊John Lewis နဲ့ Primarkတို့ ပိတ်ဖို့ ဖိအားပေးခံရ
ကျန်းမာရေးစောင့်ရှောက်တဲ့ ယူနီဖောင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူဖြစ်ကြောင်း IDပြပြီး ကြိုက်နှစ်သက်တဲ့ အရသာ ကော်ဖီဖျော်ရည်ကို ရွေးချယ်ပြီး သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။
ဗြိတိန်မှာရှိတဲ့ McDonald'sအဖွဲ့ကလည်း UKနဲ့Irelandမှာ စည်းကမ်းတင်းကြပ်စွာ ချိတ်ပိတ်ခံထားရသောနယ်မြေ အခြေအနေထဲမှ ကျန်းမာရေးစောင့်ရှောက်သူတွေအတွက် အလားတူ အစီအစဉ်ကို လုပ်ဆောင်ပေးခဲ့ပါတယ်။
သို့သော်လည်း ကျန်းမာရေးစောင့်ရှောက်သူလုပ်သားတွေဟာ အဆောက်အအုံထဲမှာ အေးအေးဆေးဆေးထိုင်ပြီး ကော်ဖီကို မသောက်နိုင်ပါဘူး။သူတို့ ကော်ဖီကိုရတာနဲ့ ခတ္တဆောက်ထားတဲ့ တဲလေးထဲမှာ သောက်သုံးကြရတာဖြစ်ပါတယ်။
သြစတေးလျမှာရှိတဲ့ McDonald's စားသောက်ဆိုင်အားလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကြောင့် အတိုင်းအတာတစ်ခုထိ ခဏပိတ်ထားရပါတယ်။
fast food juggernautက "မက်စီကာမှာ ကျွန်တော်တို့စောင့်ကြည့်နေပါတယ်၊ကျွန်တော်တို့အဖွဲ့နဲ့ လူထုတွေက ကျွန်တော်တို့ရဲ့ ဦးစားပေးအရာတွေပါ။ဒါ့ကြောင့် အစိုးရရဲ့ ထုတ်ပြန်ချက်တွေအတိုင်း ကျွန်တော်တို့ အပြောင်းအလဲအနဲငယ်ကို ပြုလုပ်သွားမယ်။ဒီအချိန်မှာ ခင်ဗျားတို့ လာရောက်ဝယ်ယူစရာမလိုပါဘူး ဒါပေမယ့် ဒီကိစ္စမှာ ကျွန်တော်တို့ ခင်ဗျားအတွက် ရှိနေပါတယ်။McDonald's ရဲ့ ပို့ဆောင်ပေးမယ့်ဝန်ဆောင်မှုတွေရှိပါတယ်။"လို့ အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။
Reference Source:Mail Online
Myanmar Advertising Directory
Published in Global