-->
×

Warning

JUser: :_load: Unable to load user with ID: 29

ဘီယာမှာ အရက်လုံးဝမပါတာမို့ အရက်ပါဝင်မှု  သုည ဖြစ်တာကြောင့် 0.0 brand လို့ ခေါ်ကြတဲ့ အရက်မဲ့ဘီယာအတွက် ဥရောပမှာ ကျင်းပတဲ့ ဘောလုံးပွဲတွေမှာ စပွန်ဆာပေးဖို့ Heineken က ယူရို ၁၀ သန်း သုံးစွဲလိုက်ပါတယ်။

Published in Global

စီးပွားရေးကို အောင်မြင်စေဖို့ သို့မဟုတ် ရောင်းအားကို တိုးမြှင့်နိုင်တဲ့ အကြံပြုချက် အရင်းအမြစ်တွေကို သင်ရှာဖွေနေပါသလား။

Published in Tips

အတွေးအခေါ် ၂ခုရှိတာက တစ်ခုတည်းရှိတာနဲ့ နှိုင်းယှဉ်ရင် ပိုကောင်းပါတယ်။ အလျင်အမြန်တိုးတက်နေတဲ့ဒီကမ္ဘာကြီးမှာ သူများနဲ့မတူတဲ့ ရူးကြောင်ကြောင်ကိစ္စတွေကို ပြုလုပ်နေတာက တစ်ဖက်ကကြည့်လျှင် ထူးခြားပြီး သင့်ရဲ့စီးပွားရေးကို ကြီးထွားစေပါတယ်။

Published in Global

ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုတွေကို အင်တာနက်ပေါ်မှာ မြှင့်တင်ကြော်ငြာတဲ့ ကုမ္ပဏီတိုင်းက လူမှုရေး၀န်ဆောင်မှုများ(social networking services)မှ အကျိုးအမြတ်များကို ပြန်လည်ရရှိကြပါတယ်။

Published in Tips

လူ့ပတ်ဝန်းကျင်မှာ Mobile Phoneဟာ ရေပန်းစားလာပြီး Social Mediaအသုံးပြုမှုက မြင့်တက်လာပါတယ်။ ဒါ့ကြောင့် mobile advertisingတွေနဲ့ စားသုံးသူတွေကို မြူဆွယ်ဖို့ ကြော်ငြာလာကြပါတယ်။

Published in Global

COVID-19 ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း Brandတွေကသူတို့ကို အသိအမှတ်ပြုမှု တိုးမြှင့်လာစေရန်နှင့် ရောင်းအားတိုးမြှင့်လာရန်အတွက် face maskတွေကို အထည်သစ်တစ်ခု အနေနဲ့ တင်သွင်းလာကြပါတယ်။ ဒီနေ့ခေတ်မှာ နာမည်ကြီးBrandတွေရဲ့ face maskတွေဟာ စျေးကွက်ထဲကို ရောက်နေကြပါပြီ။

Published in Global

WPPရဲ့ မီဒီယာရင်းနှီးမြှုပ်နှံမှုအဖွဲ့ GroupMရဲ့ အဆိုအရ တရုတ်နိုင်ငံရဲ့ ကြော်ငြာအသုံးစရိတ်က ယခုနှစ်မှာဆုံးရှုံးမှု ၂.၈ ရာခိုင်နှုန်းကျဆင်းပြီး စုစုပေါင်းပမာဏမှာ ယွမ် ၆၆၆.၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၉.၅ ဘီလီယံ)ရှိတယ်လို့ ခန့်မှန်းရပါတယ်။

Published in Global

စင်္ကာပူအစိုးရနှင့် Googleတို့ ပူးပေါင်းပြီး အလုပ် စတင်လုပ်ကိုင်သူများနှင့် အလယ်အလတ်တန်းစား အလုပ်အကိုင်ရှာဖွေသူ ၃၀၀၀ အတွက် အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုများနှင့် အလုပ်အကိုင် အသစ်တွေကို ဖန်တီးသင်ကြားပေးဖို့ ကြေညာခဲ့ကြပါတယ်။

Published in Global

အဖျော်ယမာက လုပ်ငန်းကြီး ဖြစ်သော ကိုကာကိုလာက ကာလရှည်ကြာ လုပ်ကိုင်ခဲ့သော အချိုရည် brand ဖြစ်သည့် Odwallaကို အဆုံးသတ်ပစ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသည်။

Published in Global

ကြော်ငြာရှင်တွေက သူတို့ရဲ့ကြော်ငြာနဲ့ပတ်သက်ပြီး Googleနှင့်Facebookတို့အပေါ် အားကိုးအားထားပြုမှုနည်းပါးရန် နည်းလမ်းတွေကို နှစ်နဲ့ချီပြီး တိတ်တဆိတ်ရှာဖွေနေကြပါတယ်။ဒီဂျစ်တယ် စျေးကွက်ရှာဖွေရေးကြိုးပမ်းမှုတွေက Socialမီဒီယာကြော်ငြာနေရာမှာ Facebookကလက်ဝါးကြီးအုပ်ထားတဲ့အပြင် Google ကြော်ငြာများမှ တစ်ဆင့်ရှာဖွေခြင်းများ၊ကြော်ငြာတွေကိုပြသခြင်းများအပေါ် မသက်မသာမှီခိုလာပါတယ်။လုပ်ငန်းနယ်ပယ်အားလုံးနီးပါးမှ စျေးကွက်ရှာဖွေသူတွေက ၎င်းတို့ရဲ့ အွန်လိုင်းကြော်ငြာနည်းဗျူဟာတွေကို ပြောင်းလဲရန်ရှာဖွေနေကြပါတယ်။ပုံမှန် ဒစ်ဂျစ်တယ်ကြော်ငြာလိုင်းတွေက အချိန်တန်ရင် စိတ်မချရဖြစ်လာနိုင်ပါတယ်။

 

ကြော်ငြာအသေးနှင့်ကြော်ငြာအကြီးတွေက social platformတွေကနေပြီး ၎င်းတို့ရဲ့ အသုံးစရိတ်တွေကို ထုတ်ယူသုံးစွဲနေကြတာကြောင့် ဒီအပြောင်းအရွေ့က လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့hate speech၊သတင်းအမှားတွေနဲ့ မှားယွင်းတဲ့ Contentတွေကြောင့်ဖြစ်ပါတယ်။ရလဒ်အနေနဲ့ကတော့ Facebookက မကြာသေးမီက မီဒီယာအဆင့် သတ်မှတ်ချက်ကောင်စီမှBrandလုံခြုံရေးကို စစ်ဆေးရန် သဘောတူခဲ့ပါတယ်။

 

အချို့သော ကြော်ငြာသူများက အမှတ်တံဆိပ် ဘေးကင်းလုံခြုံမှုဆိုင်ရာ ပြဿနာတွေကိုဖြေရှင်းဖို့နှင့်တာဝန်ယူမီဒီယာတွေ ၀ယ်ရန်အတွက် မူဘောင်များ ချမှတ်ခြင်းအားဖြင့်ဖြေရှင်းနေကြပါတယ်။IPG Mediabrandsက ထိပ်တန်းအေဂျင်စီအဖွဲ့တစ်ခုဖြစ်ပြီး သူတို့ကသူတို့စီးပွားရေးလုပ်ငန်းတွေကို တာဝန်ခံမယ့် မီဒီယာကုမ္ပဏီတွေကို စတင်ဖွင့်လှစ်မှာဖြစ်တယ်လို့ မကြာသေးမီကကြေငြာခဲ့ပါတယ်။Allison Weissbrot ကAdExchangerမှာ“ အမှတ်တံဆိပ်တစ်ခုရဲ့လုံခြုံမှုနှင့်မတူတာကတော့ မီဒီယာရဲ့ တာ၀န်က ကုန်အမှတ်တံဆိပ်နှင့်၎င်းရဲ့ ဂုဏ်သိက္ခာကိုကာကွယ်ခြင်းထက်မက ကုန်အမှတ်တံဆိပ်ရဲ့ လူမှုအသိုင်းအ၀ိုင်းအပေါ် အကျိုးသက်ရောက်မှုကို အသိအမှတ်ပြုခြင်းနှင့်ရပ်ရွာလူထုကို ကာကွယ်ခြင်းအကြောင်း”ပဲဖြစ်ပါတယ်။

 

ထုတ်ဝေသူတွေအဖို့ စျေးဝယ်သူများက သူတို့လက်ဝါးကြီးအုပ်မှုနှင့်ကြုံတွေ့ရခြင်းထက် အန္တရာယ်နည်းသော ကြော်ငြာလုပ်ငန်းအတွက် ၎င်းတို့ရဲ့ တိုက်ရိုက်၀ယ်ဖို့ ရွေးချယ်စရာတွေကို ပိုပြီးမျှော်လင့်နေလိမ့်မယ်လို့ ထင်ပါတယ်။ဒါ့ကြောင့် ကြေညာသူများစွာက မိမိတို့ အမှတ်တံဆိပ်ဘေးကင်းလုံခြုံတဲ့ အခြားနည်းလမ်းတွေအဖြစ် သတ်မှတ်ထားကြပါတယ်။အချို့က သူတို့ကိုယ်တိုင်ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ လက်ဝါးကြီးအုပ်မှုနဲ့ယှဉ်ပြိုင်ဖို့ အရှိန်အဟုန်မြှင့်ရန် အတူတကွစုရုံးနေကြသော ကြေညာသူများပဲဖြစ်ပါတယ်။

 

စျေးကွက်ရှာဖွေသူတွေက အမှတ်တံဆိပ်လုံခြုံမှုကိုရရှိရန် နောက်ထပ်နည်းလမ်းတစ်ခုမှာ ကြော်ငြာများဖြင့်ပြုလုပ်ထားသော လူတို့ရဲ့ curated အီးမေးလ်သတင်းလွှာများဖြစ်ပါတယ်။သင့် သတင်းစကားကိုသိထားခြင်းက အငြင်းပွားဖွယ်ဇာတ်လမ်းများ သို့မဟုတ် မသင့်လျော်သောအကြောင်းအရာများ၊သတင်းမှားများ အတွက် အလွယ်တကူဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။သို့သော် ပရိသတ်နဲ့ပုံနှိပ်ထုတ်ဝေသူတွေ ရွေးချယ်တဲ့အရာတွေက စျေးကွက်သမားများအတွက် အလွန်အမင်း စိုးရိမ်စိတ်ကို လျှော့ချနိုင်သော အရာတစ်ခုဖြစ်ပါတယ်။

 

ပရိသတ်တွေက စက်မှုလုပ်ငန်း သို့မဟုတ် အကျိုးစီးပွားနှင့်သက်ဆိုင်သောအကြောင်းအရာတွေနဲ့ ကိုက်ညီတာကြောင့် သတင်းလွှာတစ်ခုစီမှာ ပါ၀င်တဲ့အကြောင်းအရာတွေကို Webပေါ်ရှိ ယုံကြည်စိတ်ချရသော ရင်းမြစ်များမှခွဲထားပြီး စျေးကွက်ရှာဖွေရေးသမားတွေက ဒီဂျစ်တယ်ကြော်ငြာရှုခင်းရဲ့ ဘယ်နေရာမှာမဆို ရရှိနိုင်တဲ့ အမှတ်တံဆိပ်နဲ့ပတ်သက်ပြီးလုံခြုံမှုအဆင့်ကို စိတ်ချနိုင်ပါတယ်။

 

Ref:SmartBrief

Published in Global
Page 2 of 32