-->
×

Warning

JUser: :_load: Unable to load user with ID: 29




 

ကိုရိုနာဗိုင်းရပ်စ် ဗီဒီယို ကြော်ငြာများကို ထူးခြားသောပုံစံနှင့် ပိတ်ပင်မည့် YouTube

 






 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

<<<Unicode>>>

 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကွင်းပိတ် ကန်ဖို့စီစဉ်လိုက်တဲ့ UK ဘောလုံးအားကစား

လူအများစိတ်ဝင်စားသော ဂိမ်းဖြစ်သည့် အင်္ဂလန်ရှိ ဘောလုံးပွဲအားလုံးကိုကြာသပတေးနေ့ (မတ်လ ၁၂ ရက်) အစောပိုင်းက ကွင်းပိတ်ကစားရမည့် ထုတ်ပြန်ချက်သည် ကိုရိုနာဗိုင်းရပ်စ်ကို ပြင်းပြင်းထန်ထန် တားဆီးမှု၏ နောက်ဆုံးအချက်ဖြစ်လာပါတယ်။

ပရိသတ်များကို အားကစားပွဲများမှ ပိတ်ဆို့ရန် ဘယ်လိုလုပ်ဆောင်ချက်မဆိုသည် ပရီးမီးယားလိဂ်စပွန်ဆာများဖြစ်သော ကိုကာကိုလာကဲ့သို့ စပွန်ဆာROI အပေါ်အကျိုးသက်ရောက်မှုကို လျော့နည်းစေပြီး အကျိုးအမြတ်များကိုပါ ပြတ်တောက်စေပါတယ်။

ဗြိတိန်အစိုးရအနေဖြင့် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်ပြုလုပ်ခဲ့သော အံ့သြဖွယ်အကောင်းဆုံး လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး Cobra အစိုးရအဖွဲ့ မနက်ပိုင်းကျင်းပသော အစည်းအဝေးတွင် ဒီထုတ်ပြန်ချက်ကို ပယ်ချမည်ဟု အများကမျှော်လင့်သော်လည်း ရောဂါ အနှေးနဲ့အမြန် ကူးစက်မည်ကို တွက်၍ ဆုံးဖြတ်ခဲ့ပါတယ်။

 

၂၀၂၀ခုနှစ် အတွင်း ရေပန်းစားလာနိုင်မယ့် Digital Marketing လမ်းကြောင်း ၁၀ခု

 

ကွင်းကိုလာရောက်အားပေးသော ပရိသတ်များကို iFollowသို့ ဝင်ရောက်ပြီး ပွဲများရဲ့streamတွေကို အိမ်မှာ ကြည့်ရှူစေမှာ ဖြစ်ပါတယ်။

စနေနေ့များတွင် ၃နာရီညနေခင်း ပရီးမီးယားလိဂ်ပွဲစဉ်များကိုပြသခြင်းမရှိတော့ပါဘူး။သို့သော် Times သတင်းစာ၏ဖော်ပြချက်အရ ပရီးမီးယားလိဂ်တစ်ခုထက်မကသောပွဲစဉ်များကို နေ့လည်ထမင်းစားချိန် နဲ့ ညစာစားချိန်များတွင်ပြသသွားမည်ဟု ကြေညာခဲ့ပါတယ်။

အားကစားတွင် ထိခိုက်နစ်နာမှုများအနက် အကြီးမားဆုံးတစ်ခုမှာ ရွှေ့ဆိုင်းမည်ဟု သတင်းထွက်နေသော တိုကျို ၂၀၂၀ အိုလံပစ်ဂိမ်းဖြစ်ပါတယ်။စပွန်ဆာများကိုလည်းထိခိုက်စေပါတယ် ဥပမာ Visa ၊ Airbnbကဲ့သို့သော စပွန်ဆာများဖြစ်ပါတယ်။

အားကစား မှလွဲ၍ Cannes Lions ကဲ့သို့သောကြော်ငြာလုပ်ငန်းနယ်ပယ် အတော်များများသည် SXSW ကဲ့သို့သော အချို့သောကြော်ငြာများကိုဖျက်သိမ်း လိုက်ပါတယ်။

ဤဆောင်းပါးသည် ကမ္ဘာ၊ကိုရိုနာဗိုင်းရပ်စ်၊ပရီးမီးယားလိဂ်၊Cobra၊တိုကျို ၂၀၂၀ အိုလံပစ်ဂိမ်းနှင့် ဈေးကွက်ရှာဖွေရေးများကို ရည်ညွှန်းပါသည်။

 

Reference Source: The Drum

Myanmar Advertising Directory

Published in Global