-->
×
Warning
JUser: :_load: Unable to load user with ID: 29
Apple ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့နှစ်သစ်ကူး ပုံပြင် ကိုသူ့ရဲ့ဖုန်းနည်းပညာကိုပဲ အသုံးပြုပြီး မဟာဗျူဟာမြောက် ကြော်ငြာလေး နဲ့ တင်ဆက်ပြသ လိုက်ပါတယ်။
Published in Global
iPhone ကုမ္ပဏီ မှ ပြီးခဲ့တဲ့စက်တင်ဘာ လ က သူတို့ရဲ့ iPhone 11 Pro စမတ်ဖုန်း အသစ် ကို ပွဲထုတ် မိတ်ဆက်ခဲ့ပါတယ်။
Published in Global
Unicode >>>
Apple TV+ ကိုတော့မနေ့က နိုဝင်ဘာ လ 1 ရက်နေ့မှာစတင်ခဲ့ပါပြီ Apple TV+ မှာတစ်လကိုအမေရိကန်ဒေါ်လာ $4.99 ကျသင့်မှာဖြစ်ပြီး
I Phone, I Pad, Mac တွေနဲ့ Apple TV အသစ်ဝယ်ယူသူများအတွက်ကတော့ တစ်နှစ်စာကြည့်ရှုခွင့်တစ်ခါတည်းပါဝင်လာမယ်လို့သိရပါတယ်။
Apple TV+ အတွက် original series တွေအများကြီးမိတ်ဆက်ပေးပြီးခဲ့ပြီးဖြစ်သလိုစိတ်ဝင်စားဖို့လဲကောင်းခဲ့ပါတယ်။
ထိုအတွက်ကြောင့်လဲ ကြော်ငြာကို ငွေ အမြှောက်အများ အသုံးပြုခဲ့ရတာပဲဖြစ်ပါတယ်။
ဒါရိုက်တာကြီး Steven Spielberg က Apple TV+ Streaming Service Launch မှာပါဝင်ခဲ့ပြီး Apple TV ကို မိတ်ဆက်ပေးပြီးသားပါ။
Twitter မှ နိုင်ငံရေးနဲ့ သက်ဆိုင်သော ကြော်ငြာများကို ဖယ်ရှားခြင်း၏ အကြောင်းအရာ
Apple TV+ ဆိုတာ Apple နဲ့ အနုပညာရှင်တွေ ပေါင်းပြီးစီစဉ်ထားတဲ့ Netflix တို့ Amazon Prime တို့ပုံစံ Movie platform တစ်ခုပါ။
Tim Cook aka Tim Apple က စီစဉ်တယ်သိရပြီး သူ့မိတ်ဆွေတွေဖြစ်တဲ့ JJ Abrams, Reese Witherspoon, Jennifer Aniston, Ron Howard,
M. Night Shyamalan နဲ့ Sofia Coppola တို့အပြင် အခြား အနုပညာရှင်များမှ အကူအညီပေးတယ်သိရပါတယ်။
Apple TV+ ရဲ့ series တွေကတော့ ပွဲဦးထွက်ကနဦး အစမှာ တင် အပျံစားလာတာတွေ့မှာပါ ဟုတ်ပါတယ် တကယ့်ကို အပျံစားလာတာပါ။
မင်းသားချော Chris Evans က Series တစ်ခုရိုက်ကူးမှာဖြစ်ပြီး ထို Series ထဲမယ် IT ဇာတ်ကားထဲမှ Billy အဖြစ်သရုပ်ဆောင်တဲ့
ကလေးသရုပ်ဆောင်လေးဖြစ်တဲ့ Jaeden Lieberher ပါပါဝင်မယ်သိရပါတယ်။
Chris ဟာ အသက်အရွယ်ရလာတာနဲ့ အမျှ နောက်ပိုင်းတွေမှာ ဒါရိုက်တာပိုင်းသွားဖို့ အလားအလာရှိတာတွေ့ရပါတယ်။
ဟိုးတလောက ရေဘုရင်အဖြစ်သရုပ်ဆောင်သွားတဲ့ ခပ်ဟော့ဟော့မင်းသား Jason Momoa က Warrior တစ်ဦးဖြစ်တဲ့ Baba Voss ဆိုတဲ့ character နဲ့
Series ရိုက်ကူးထားပြီးကာရိုက်ကူးမှု့အပိုင်း ၈ ပိုင်းထိရောက်နေပြီပြောပါတယ်။ထို Series နာမည် အတိအကျ မသိရသေးပါဘူး။
Reese Witherspoon, Jennifer Aniston နဲ့ Steve Carrell တို့ကတော့ The Moring Talkshow ဆိုတဲ့ အစီအစဉ်ရှိတယ်သိရပါတယ်။
Kumail Nanjianiကတော့ သူ့ရဲ့ anthology series အသစ်ဖြစ်တဲ့ Little America ကို မိတ်ဆက်ခဲ့ပါတယ်။
J.J. Abrams နဲ့ Sara Bareilles တို့ကတော့ ဂီတ အနုပညာရှင်တွေ ပီပီ သူတို့ရဲ့ Little Voice series ရှိပါတယ်။ထို Series ဟာ Musical နဲ့ ဟာသ အနှောလို့သိရပါတယ်။
နောက်ဆုံးမှာတော့ မင်းသမီးကြီး Oprah Winfrey ဟာ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စာအုပ်စာပေအဖွဲ့ အစည်းပိုင်းဆိုင်ရာ series များအကြောင်းပြောပြခဲ့ပါတယ်။
Apple TV+ ဟာ Netflix လို ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် အဆင်ပြေနိုင်မှ ပြေပါလိမ့်မယ်သို့ပေမဲ့
လူလတ်ပိုင်းတွေ လူကြီးပိုင်းတွေအတွက်တော့ တကယ်ကို ထိုးထွက်လာမဲ့ အလင်းတန်းတစ်ခုပါ။
Disney ရဲ့ Disney+ ဟာလဲ ယခု November မှာပဲစတင်မှာဖြစ်လို့ နောက်ပိုင်းကာလတွေမှာ Netflix, Amazon Prime တို့နဲ့အတူ
streaming service ဈေးကွက်ကတော့ပြိုင်ဆိုင်မှုပြင်းထန်လာပြီပဲဖြစ်ပါတယ်။ဒါကြောင့် အပြိုင်ကြော်ငြာအားပိုမိုလိုအပ်လာတာပါ။
ကြည့်ချင်တဲ့လူတွေအတွက်လဲရွေးချယ်စရာတွေများလာပါပြီ Apple TV ကတော့ လစဉ်လတိုင်း ကြည့်စရာအသစ်တွေ ထပ်မံတိုးထည့်သွားမယ်လည်းသိရပါတယ်။
Apple မှာ Apple TV + ကို ဈေးကွက်အတွင်းထိုးဖောက်နိုင်စေရန် အလို့ဌာ ကြော်ငြာအတွက် ၁၄.၉ မီလီယံ ဒေါ်လာ သုံးပြုခဲ့ပါတယ်။ထို့အပြင် တစ်လ တစ်ခါ
Digital ပိုင်းဆိုင်ရာ ကြော်ငြာများအတွက် Apple TV Plus ရဲ့ ကြော်ငြာကြေးဟာ ၃.၈ မီလီယံ ကျသင့်တယ် သိရပါတယ်။
Apple TV Plus ကို ဘယ်လို ကြည့်ရူ့နိုင်မလဲ
အကယ်၍သင်ဟာ I Phone , I Pad နဲ့ Mac ကိုင်တယ်ဆိုပါတော့ Apple TV Plus ရဲ့ App ဟာ နဂိုရှိနေနှင့်ပြီးသားပါ။သင့်အနေနဲ့ မတော်တဆ ဖျက်ထားမိတယ်ဆိုပါဆို့ စိတ်မပူပါနဲ့
Apple Store မှ Download ပြန်လုပ်ယူနိုင်ပါတယ်။သင့်အနေနဲ့ သင့်အိမ်က Samsung smart tv များဖြင့်လဲ Apple TV Plus ကိုကြည့်ရူ့နိုင်ပါတယ်။
Myanmar Advertising Directory
Published in Marketing
Samsung က Headphone Jack ကို ဖယ်ရှားလိုက်တဲ့ iPhone တွေကို တိုက်ခိုက်တဲ့ ကြော်ငြာဗီဒီယိုစီးရီးတွေကို ထုတ်လွှင့်နေတာ လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက ဖြစ်ပါတယ်။
Published in Global
Samsung နှင့် Apple တို့က ဂလိုဘယ်စမတ်ဖုန်းလောကရဲ့ အထွတ်အခေါင်များဖြစ်ကြပါတယ်။
Published in Global
Fortune Magazine က ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ (၅၀၀) ရဲ့အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပါတယ်။
Published in Global
Google က ကြော်ငြာကုမ္ပဏီဖြစ်တဲ့အတွက် စားသုံးသူဒေတာများကိုရယူပြီး သူတို့ကြိုက်မယ့် ကြော်ငြာများကိုပြသပေးပါတယ်။
Published in Global
တစ်ကမ္ဘာ့စီပွားရေးနယ်ပယ်မှာ ထိပ်သီးကနေပြေးနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ချို့ဟာ စတင်ချိန်က စာရိတ်စကအများကြီးမတတ်နိုင်လို့ ချို့ချို့တဲ့တဲ့နဲ့စတင်ခဲ့ရတဲ့ လုပ်ငန်းတွေအများကြီးရှိပါတယ်။
Published in Global
Apple ဟာ ပြီးခဲ့တဲ့ ၁၂ နှစ်မှာ BrandZ ရဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကုမ္ပဏီစာရင်းမှာ နံပါတ် ၁ နေရာကို ဆက်တိုက်သိမ်းပိုက်ထားခဲ့တာပါ။
Published in Global
Apple ကုမ္ပဏီကို စတင်ထူထောင်ခဲ့တဲ့ စတိဂျော့ (Steve Jobs) ဟာ သူ့ရှေ့မှာ ထူထောင်ထားတဲ့ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု လဲပြိုနေပေမယ့်လဲ ဘာကြောင့်အောင်မြင်နေတာလဲ။
Page 2 of 3