-->
×

Warning

JUser: :_load: Unable to load user with ID: 29


လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် Company Profile နဲ့ Brochure ဘယ်ဟာသုံးသင့်သလဲ...?

လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် Company Profile နဲ့ Brochure ဘယ်ဟာသုံးသင့်သလဲ...? Google

Company Profile ဆိုတာကတော့ သင့်အဖွဲ့အစည်းရဲ့အကြောင်းကို သင့်ကိုယ်စားပြောပြပေးတဲ့ အဆင့်အတန်းကိုပြသတဲ့ Communication material ပဲဖြစ်ပါတယ်။

Corporate Brochure လို့လည်းခေါ်ပါတယ်။ Brochure/Pamphlet ဆိုတာကတော့ သာမန်ခေါက်ချိုးလက်ကမ်းစာစောင်ကို ဆိုလိုတာပါ။ ဒီမှာ Company Profile နဲ့ Brochure/Pamphlet ဘာတွေကွားခြားလဲဆိုတာကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

Company Profile

Company Profile ဆိုတာ လုပ်ဖို့လိုလို့လား၊ ဘယ်နေရာတွေမှာသုံးမလဲ။ ဘယ်သူတွေကိုပေးမလဲ ဆိုပြီးမကြာခဏမေးမြန်းတက်ကြပါတယ်။ Company Profile မှာက ဘယ်လိုတည်ထောင်ခဲ့တယ်၊ ဘယ်သူတွေက တည်ထောင်ခဲ့တယ်၊ ဘာရည်ရွယ်ချက်တွေနဲ့ တည်ထောင်တယ်၊ ဘာတွေလုပ်ဆောင်ကြမယ် စတဲ့အချက်တွေပါဝင်ပါတယ်။ Brand Catalogue/Brand Portfolio အမှတ်တံဆိပ်တွေအတွက်လည်း လုပ်လေ့ရှိပါတယ်။ ဘယ်နေရာတွေမှာသုံးမလဲဆိုရင်တော့ အဖွဲ့အစည်းတွေရုံးတွေမှာ သင့်လုပ်ငန်း ဒါမှမဟုတ် အမှတ်တံဆိပ်ကို စာရင်းသွင်းတဲ့အခါ၊ Procurement Department လို့ခေါ်တဲ့ အ၀ယ်တော်ဌာနတွေကို တင်ပြတဲ့အခါ၊ Project အကြီးကြီးတွေအတွက် Bidding ခေါ်တဲ့အခါတွေမှာ၊ Business to Business ဈေးကွက်ချဲ့ထွင်ရေးတွေမှာ ပေးလေ့ရှိပါတယ်။ Company Profile မှာ ပါဝင်တဲ့ အချက်အလက်တွေသာမက တင်ပြပုံတွေက သင့်လုပ်ငန်းက ဘယ်လောက် ယုံကြည်စိတ်ချရတယ်၊ ဘယ်လောက်အဆင့်အတန်းရှိတယ်၊ သင်ဘယ်လောက်ကောင်းကောင်း ပြင်ဆင်ထားတယ်ဆိုတာကို သင့်ကိုယ်စားရွေးချယ်ရေးအဖွဲ့တွေကို ဆွဲဆောင်နိုင်အောင် communicate လုပ်ပေးမှာဖြစ်ပါတယ်။

Read More>>>တရုတ်နိုင်ငံအခြေစိုက် အလီဘာဘာကုမ္ပဏီရုံးခွဲကို ရန်ကုန်မြို့မှာဖွင့်လှစ်ထား

Brochure/Pamphlet

သာမန် ခေါက်ချိုး Brochure/ Pamphlet/ Flyer တွေမှာတော့ သင့်လုပ်ငန်းရဲ့ဝန်ဆောင်မှုတွေကို ပိုမိုအသားပေးဖော်ပြလေ့ရှိပြီး mass production အရေအတွက် အများအပြားထုတ်လေ့ရှိပါတယ်။ နေရာမရွေး ပေါပေါများများ Public ဖြန့်ဝေတဲ့အခါတွေ၊ Event၊ Trade Show စသည်တို့မှာ သုံးလေ့ရှိပါတယ်။ ပုံနှိပ်ခအနေနဲ့ဆိုရင်လည်း Brochure ထုတ်လုပ်စရိတ်က Profile ထုတ်လုပ်စရိတ်ထက်များစွာ သက်သာလေ့ရှိပါတယ်။အဓိကကတော့ သူ့နေရာနဲ့သူသုံးတတ်ဖို့လိုပါတယ်။ Profile သုံးသင့်တဲ့နေရာ မှာ Brochure သုံးလို့အဆင်မပြေသလို ၊ Brochure လောက်နဲ့အဆင်ပြေမယ့်နေရာမှာ Profile သုံးရင်လည်း ပုံနှိပ်ခကုန်ကျမှုပိုမိုမြင့်သွားနိုင်ပါတယ်။

ဒါကတော့ Company Profile နဲ့ Brochure/Pamphlet ဘာတွေကွားခြားချက်တွေကိုဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်။ သင့်အနေနဲ့လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင်တော့ Profile ကို ပြင်ဆင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

Ref; The Branded Creative Agency

Myanmar Advertising Directory

 

Read times
Rate this item
(0 votes)