-->
×

Warning

JUser: :_load: Unable to load user with ID: 29


သင့်ရဲ့လုပ်ငန်းကို ဈေးကွက်ချဲ့ထွင်ဖို့ ဘယ်လို Marketing နည်းဗျူဟာမျိုးကိုရွေးချယ်သင့်လဲ...?

သင့်ရဲ့လုပ်ငန်းကို ဈေးကွက်ချဲ့ထွင်ဖို့ ဘယ်လို Marketing နည်းဗျူဟာမျိုးကိုရွေးချယ်သင့်လဲ...? Google

Outbound Marketing နဲ့ Inbound Marketing ဆိုတာ Marketing နယ်ပယ်မှာပါဝင်တဲ့ ဈေးကွက်ချဲ့ထွင်ရာမှာ အသုံးပြုတဲ့ ဗျုဟာတွေလို့ ပြောနိုင်ပါတယ်။

Outbound Marketing ကတော့ Business ဘက်ကနေ Audience ကိုဆွဲဆောင်တဲ့ နည်းဗျူဟာမျိုး ဖြစ်ပြီး၊ Inbound Marketing ကတော့ Audience နဲ့အရင်ဆုံး ရင်းနီးအောင်လုပ်ပြီးမှ Business ဖက်ကိုသွားတဲ့ နည်းဗျူဟာမျိုး ဖြစ်ပါတယ်။


Outbound Marketing

Outbound Marketing က Traditional Marketing Methods ရဲ့ အမည်နာမတစ်မျိုးလို့ပြောလို့ရပြီး နောက်ပိုင်းမှာ ပေါ်လာတဲ့ Inbound Marketing နဲ့ ဆန့်ကျင်ဘက်နည်းဗျူဟာလည်းဖြစ်ပါတယ်။ Outbound Marketing မှာပါဝင်တဲ့ Advertising နည်းတွေကတော့ Radio Advertising, Print Advertising, Telemarketing, Direct Mail နဲ့ Outdoor Advertising တွေပါဝင်ပါတယ်။ Advertising ရဲ့ အခြေခံသဘောတရားတွေကတော့ Product တွေ၊ Product Message တွေကို Audience ဆီရောက်အောင် Media Tool တွေကို အသုံးပြုပြီး ကြော်ငြာကြတာပဲဖြစ်ပါတယ်။ ဒီ Marketing နည်းလမ်းတွေက ထိရောက်တဲ့ နည်းလမ်းတွေဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာဆိုရင် ဒီလို Ads တွေက ပုံစံတူတွေ အများအပြားရှိနေခဲ့ပြီး ကြော်ငြာအပေါ် လူတွေထားရှိတဲ့ စိတ်ဝင်စားမှုက လျော့နည်းလာပါတယ်။ ဒီ Outbound Marketing ကိုတော့ ခေတ်မီတိုးတက်နေတဲ့ နေရာဒေသတွေ မှာအသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်ဖို့ အခွင့်အရေး နည်းနေတာကိုတွေ့ရပါတယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သေးတဲ့ နေရာဒေသတွေမှာဆိုရင်တော့ ဒီ Outbound Marketing နည်းလမ်းတွေက အကျိုးသက်ရောက်မှု ကောင်းကောင်းရရှိစေပါတယ်။ Outbound Marketing နဲ့ Inbound Marketing ရဲ့ ကွာခြားချက်တွေကတော့…
-Communication က One Way အနေနဲ့သာသွားခြင်း။
-Print, TV, Radio, Banner Advertising, Cold Call တွေမှ Customer ရောက်ရှိလာခြင်း။
-Outbound Marketing မှာ Marketer တွေက Value-Added ပေးလေ့မရှိခြင်း (Value-Added ဆိုတာက Customer တွေဘက်ကို ထပ်ဆောင်းဝန်ဆောင်ဆောင်မှုပေးခြင်းကို ဆိုလိုသည်။)
-Marketer တွေက Entertainment နဲ့ Education ပိုင်းတွေပေးခဲခြင်း။

သင့်လုပ်ငန်းကို သတင်းစာမှာ ကြော်ငြာထည့်ဖို့ လိုအပ်တဲ့ အချက်(၅)ချက်
Inbound Marketing

Inbound Marketing ဆိုတာကတော့ ကိုယ်ရဲ့ Business ကိုတိုက်ရိုက် မကြော်ငြာပဲ Audience ကို အရင်ဆုံးရင်းနှီးမှုရှိအောင်ဆွဲခေါ်လာပြီး အလားအလာရှိတဲ့ဆွဲဆောင်မှုနဲ့ ကြော်ငြာခြင်းသဘောဖြစ်ပါတယ်။ Inbound Marketing ရဲ့လုပ်ဆောင်ချက်တွေကတော့ Visitor တွေကို ဆွဲဆောင်လာနိုင်ဖို့၊ Brand ချဲ့ထွင်ဖို့အတွက် Valuable Content တွေဖန်တီးပြီး လုပ်ဆောင်တဲ့ နည်းဗျူဟာမျိုးပဲဖြစ်ပါတယ်။ Valuable Content တွေက Inbound Marketing အတွက်အဓိကကျတဲ့အချက်ဖြစ်ပြီး Audience ကို ဆွဲဆောင်ဖို့ဆိုရင် Modern Technology တွေဖြစ်တဲ့ Internet, Mobile Phone နဲ့ Social Media တွေပေါ်မှာ မှီခိုပါတယ်။ Inbound Marketing ကို တစ်နည်းအားဖြင့် Internet Marketing လို့ခေါ်နိုင်ပါတယ်။ Inbound Marketing အတွက် မေးစရာမေးခွန်းတွေ ရှိတတ်ပါတယ်။ Audience တွေလိုတဲ့ Product/Service တွေကို Audience Information မရှိပဲ ဘယ်လိုရောင်းမှာလဲ? ဒီအချက်ကတော့ ရှင်းပါတယ်။ အခုလို Internet ခေတ်မှာ ကိုယ်လိုအပ်တဲ့ Product/Service တွေကို အပြင်ထွက်အချိန်ကုန်ခံပြီး လိုက်ရှာနေမယ့် လူတွေရှာသွားပါပြီ။ Search Engine Marketing, Social Media Marketing နည်းဗျူဟာတွေနဲ့ သင့်ရဲ့ Product/Service Information တွေကို Valuable Content တွေနဲ့ ဖန်တီးထားမယ်ဆိုရင် Audience တွေဟာ ကိုယ်လိုချင်တဲ့ Product ပဲဖြစ်ဖြစ် Service ပဲဖြစ်ဖြစ် ရှာဖွေရတာ အလွန်လွယ်ကူစေပါတယ်။ Inbound Marketing မှာပါဝင်တဲ့ Marketing နည်းပညာတွေကတော့ SEO, SEM, Social Media Marketing အစရှိတဲ့ Internet Marketing တွေပါဝင်ပါတယ်။ နည်းပညာခေတ်မီတိုးတက်နေတဲ့ နေရာတွေမှာဆိုရင် Inbound Marketing ကအလွန်ကို အသုံးဝင်တဲ့ Marketing နည်းဗျူဟာတစ်မျိုးပဲဖြစ်ပါတယ်။ Outbound Marketing နဲ့ Inbound Marketing ရဲ့ကွာခြားချက်တွေကတော့…
-Communication က အပြန်အလန် သွားလာမှုနဲ့ Two Way သွားခြင်း။
-Customer တွေက Search Engine, Referrals, Social Media တွေကရှာဖွေရောက်ရှိလာခြင်း
-Inbound Marketing မှာတော့ Value-Added တွေပေးတဲ့အတွက် Customer ကိုပိုပြီး စိတ်ကျေနပ်မှုပေးနိုင်ခြင်း
-Marketer တွေက Entertainment နဲ့ Education ပိုင်းပါဝေမျှပေးနိုင်ခြင်း

ယခု ဖော်ပြပေးခဲ့တဲ့တာကတော့ Marketing နယ်ပယ်မှာ အရေးပါတဲ့ Outbound Marketing နဲ့ Inbound Marketing တို့ရဲ့ လုပ်ဆောင်တဲ့ သဘောတရားတွေနဲ့ ကွာခြားချက်တွေပဲ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့ Business တွေကို ဈေးကွက်ချဲ့ထွင်မယ်ဆိုရင် Business နဲ့ ပတ်သတ်တဲ့နေရာဒေသ၊ အခြေအနေပေါ်မူတည်ပြီး သင့်တော်မယ် Marketing နည်းဗျူဟာကို ရွေးချယ်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Source; SEO Myanmar
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)