-->
×

Warning

JUser: :_load: Unable to load user with ID: 29


သိထားသင့်သော မားကတ်တင်း နည်းလမ်းများ

အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းတိုင်းဟာဝယ်ယူသုံးစွဲသူတွေစိတ်ဝင်စား အောင်နည်းလမ်းတွေကိုအမြဲတမ်းရှာဖွေလေ့ရှိ ကြပါတယ်။Marketing ဆိုတာက ဝယ်ယူသုံးစွဲသူတွေကိုရှာဖွေတဲ့ပညာရပ်ပဲဖြစ်ပါတယ် . . .

 

ယနေ့ခေတ်လို မိုဘိုင်းဖုန်းတွေနဲ့ ခေတ်မှီနည်းပညာတွေဟာ နေ့စဉ်ဘဝကို စိုးမိုးလာတဲ့ အချိန်မှာတော့ အင်တာနက်၊ IT နည်းပညာတွေနဲ့ ကုန်ပစ္စည်းကို ကြော်ငြာတဲ့ Digital Marketing က လုပ်ငန်းရှင်တိုင်း မျက်စိကျလာတဲ့ Marketing နည်းစနစ် တစ်မျိုး ဖြစ်လာပါတယ်။

 

အဆိုပါ နည်းလမ်းများဟာ ထိရောက်သော်လည်း ယနေ့ ထက်ထိ အသုံးဝင်နေဆဲ ဖြစ်တဲ့ Traditional Marketing Strategy များကို လည်း မေ့ထားလို့ မရပါဘူး။အားလုံး လေ့လာလို့ရအောင် Aung Myin က ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အခွင့်ကြုံတိုင်း လိပ်စာကဒ်များကို ပေးပါ။

ဖြစ်ပါတယ်။ မိမိရဲ့ လိပ်စာကဒ်များကို အိမ်နီးချင်းတွေ၊ အခြားလုပ်ငန်းတွေဆီကို ပေးနိုင်သလို Notice Board မှာ ကပ်ထားတာမျိုး စသည်ဖြင့် နည်းမျိုးစုံ လုပ်နိုင်ပါတယ်။ လိပ်စာကဒ်ဆိုတာသေးငယ်တဲ့အရာလေး ဖြစ်ပေမယ့် မိမိ အတွက် အများကြီး အထောက်အကူ ပေးပါတယ်။

 

၂။ လက်ဆောင် ဂုဏ်ပြုမှတ်တမ်းများ (သို့) Products များကို ပြိုင်ပွဲမှာ ဆု အဖြစ်ပေးပါ။ လူမှုရေးပွဲတွေမှာ Sponsor ပေးပါ။

မြို့ထဲက အထက်တန်းကျောင်းလေးမှာ လေလံပွဲ ကျင်းပနေပါသလား။ ဆုချီးမြှင့်တဲ့ အလှူပွဲတစ်ခုခု ပြုလုပ်နေပါသလား။ ဆုချီးမြှင့်ပါ . . .

နောက်ပြီး လုူမှုရေးပွဲတစ်ခုခုမှာ ကျွေးမွေး ဧည့်ခံတာပဲလုပ်မယ့်အစား ကိုယ်တိုင် ဦးဆောင်ပြီး Sponsor ပေးတာမျိုး လုပ်သင့်ပါတယ်။ non-profit အဖွဲ့အစည်းတစ်ခုခုနဲ့ ပေါင်းပြီး ရန်ပုံငွေရှာပေးတဲ့ ပွဲမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

ထိုသို့ ပြုလုပ်ခြင်းဟာ ကောင်းတဲ့အရာတစ်ခုခုကို ပြုလုပ်ရင်းနဲ့ လူအများနဲ့ ရင်းနှီး အောင် ပြုလုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အနည်းဆုံးတော့ အနိုင်ရတဲ့သူတွေ၊လာရောက်သူတွေဟာ သင့်ရဲ့ product (သို့) service ကို အသုံးပြုမှာ ဖြစ်ပြီး သူတို့ကနေ အခြားသူများကို ညွှန်းဆိုပေးတာမျိုးလည်း ရှိနိုင်ပါတယ်။

လူတွေ လေးစားအထင်ကြီးရတဲ့ brand image ကောင်းတစ်ခုကိုလည်း ဖန်တီးပေးပါတယ်။

 

၃။ အခွင့်အရေးရတိုင်း ဟောပြောဆွေးနွေးပါ။

သင့်လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပွဲတစ်ခုခုကို ရှာဖွေကာ ပညာပေးနိုင်သော၊ အဓိပ္ပာယ်ရှိသော မိန့်ခွန်းတစ်ခုကို ပြင်ဆင်ဟောပြောပါ။ ထိုကဲ့သို့ပြုလုပ်ခြင်းဟာ သင့်ရဲ့လုပ်ငန်းတူသူတွေကြားမှာ အထင်ကြီးခံရစေကာ သင့်လုပ်ငန်းကို ကိုယ်စားပြုတဲ့ အမြင်ကောင်းတစ်ခုကို ဖန်တီးပေးပါတယ်။

 

၄။ ပုံနှိပ်တိုက်တွေနဲ့ ပြောဆိုဆက်ဆံပါ။

အွန်လိုင်း သတင်းမီဒီယာတွေ အသုံးပြုမှု များပြားလာပေမယ့် ပုံနှိပ်ထုတ်ဝေမှုတွေဟာလည်း အလုပ်ဖြစ်နေပါသေးတယ်။ သင့်ရဲ့ဝယ်ယူသူတွေကို ဦးတည်တဲ့ မဂ္ဂဇင်း (သို့) သတင်းစာတွေမှာ သတင်းထုတ်ပြန်ချက်တွေ ထည့်သွငးရေးသားပါ။ သတင်းထုတ်ပြန်ချက်တွေဟာ သင့်လုပ်ငန်းရဲ့ အရေးကြီးတဲ့ ပွဲအခမ်းအနားတွေ၊ အောင်မြင်မှု မှတ်တိုင်တွေကို ပြသဖို့အတွက် ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

၅။ စာပို့စနစ်ကို အသုံးပြုပါ။

Email ပို့နေကြတဲ့ ခေတ်မှာ စာပို့စနစ်ဖြင့် ပေးပို့ခြင်းဟာလည်း နှစ်လိုဖွယ်ကောင်းတဲ့ marketing နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။ လူတော်တော်များများဟာ အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ပေးပို့တဲ့အရာမျိုးကို သဘောကျကြပါတယ်။ ကူပွန်တွေ၊ ပစ္စည်းအသစ် ထုတ်တဲ့အကြောင်းတွေ ၊ ပစ္စည်းနမူနာတွေ၊ သတင်းလွှာ အစရှိတာတွေနဲ့ မိမိလုပ်ငန်းကို ကြော်ငြာပေးနိုင်တဲ့ ဘယ်လို အရာတွေကိုမဆို ပေးပို့သင့်ပါတယ်။ ထိုအရာမျိုးဟာ ပိုပြီး ပုဂ္ဂိုလ်ရေးရာဆန်တဲ့ ပိုမိုရင်းနှီးတဲ့ ပုံစံကို ပြသတဲ့ Marketing တစ်မျိုး ဖြစ်ပါတယ်။

 

၆။ ကြိုတင်ချိန်းဆိုမှုမရှိဘဲ သွားရောက်တွေ့ဆုံခြင်း၊ ဆက်သွယ်ခြင်းများ ပြုလုပ်ပါ။

သင့်ရဲ့ ဝယ်ယူသူဖြစ်နိုင်ချေရှိသူတွေကို စာရင်းပြုစုပြီး သူတို့ကို ဆက်သွယ်ပါ။ ပထမဆုံးအနေနဲ့ ကြိုတင်ချိန်းဆိုမှုမရှိဘဲ ဆက်သွယ်တာမျိုးကို ဘယ်လိုလုပ်မလဲ အရင်စဉ်းစားပါ။ ပြီးမှ ဆက်သွယ်ပါ။ ဝယ်ယူသူတစ်ယောက်ချင်းစီရဲ့ အချိန်နဲ့ လိုအပ်မှုအပေါ်လိုက်ပြီး မတူညီတဲ့ ပုံစံမျိုးနဲ့ စကားပြောဆိုပါ။ အဲဒီလိုလုပ်တာဟာ ပုံမှန် အရောင်းပုံစံထက် ပိုပေမယ့် အခြားသော လုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်နိင်အောင်၊ ဝယ်ယူသူအသစ်တွေ ရလာအောင် အထောက်အကူပြုပါတယ်။

 

၇။ ကုန်စည်ပြပွဲများမှာ ပါဝင်ပါ။

ကုန်စည်ပြပွဲတွေဟာ သင့်ကို သင့်ရဲ့ ပြိုင်ဘက်နဲ့ တစ်နေရာတည်းမှာ ရှိနေစေပြီး သူတို့ရဲ့ အရောင်းပုံစံတွေကို လေ့လာနိုင်တဲ့အပြင် Marketing Materials တွေနဲ့ နည်းဗျူဟာတွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ သင့်ရဲ့ Product တွေကို ပြသပြီး ကုမ္ပဏီကို အရောင်းမြှင့်တင်ဖို့အတွက် အခွင့်ရေးကောင်းတွေကိုလည်း ပေးပါတယ်။ အခြားသော ပညာရှင်များနဲ့လည်း တွေ့ဆုံစေကာ အတူအလုပ်လုပ်ခွင့်တွေကိုလည်း ရရှိစေပါတယ်။

 

၈။ ထုပ်ပိုးမှုပုံစံ နဲ့ တင်ပြမှု ပုံစံများကို ပြန်လည် သုံးသပ်ပြုပြင်ပါ။

သင့်ရဲ့ တင်ပြမှုပုံစံကို ပြန်လည် သုံးသပ်ခြင်းဖြင့် သင့်ရဲ့ Brand ကို ပိုမို အားကောင်းလာအောင်လုပ်ပါ။သင့် Product ရဲ့ Branding နဲ့ ဆိုင်ပုံစံ အခင်းအကျင်းစတဲ့ အပြင်ပန်း သွင်ပြင်တွေဟာလည်း အရေးကြီးပါတယ်။ သင့်အတွက် ဝယ်ယူသူဖြစ်လာနိုင်ချေရှိတဲ့သူတွေကို မှန်ကန်တဲ့ Brand Message ကို မပေးနိုင်တဲ့ အသွင်အပြင်တွေကို ပြောင်းလဲပစ်ဖို့လိုပါမယ်။ဒါကြောင့် အမြဲ ပြန်လည် သုံးသပ်ဖို့အတွက် အချိန်ယူပါ။ ပြောင်းလဲမှု သေးသေးလေးဟာ ကြီးမားတဲ့ ခြားနားချက်တစ်ခုကို ဖြစ်စေပါတယ်။

 

၉။အောင်မြင်မှုတွေများအတွက် ဂုဏ်ပြုပွဲတွေ ပြုလုပ်ပေးပါ။

အောင်မြင်မှုတွေကို ဂုဏ်ပြုဖို့အတွက် မိတ်ဆုံစားပွဲလိုမျိုး၊ ပါတီတွေလိုမျိုး ကျင်းပပေးသင့်ပါတယ်။ ဥပမာ လုပ်ငန်းဟာ အောင်မြင်တဲ့ စီးပွားဖက်တွေရတာမျိုး၊ ဝန်ဆောင်မှု အသစ်တွေ ထပ်ပြီး မိတ်ဆက်ပေးတာမျိုးရှိလာတဲ့အခါ အများသိစေဖို့အတွက် စာနယ်ဇင်းတွေကိုဖိတ်ပြီး အသိပေးပါ။ ထိုသို့ ကျင်းပတာမျိုးဟာ သင်ဦးတည်တဲ့ ဝယ်ယူသူတွေရဲ့ စိတ်ဝင်စားမှုကို ရစေပြီး သင့်ရဲ့လုပ်ငန်းကို အောင်မြင်အောင် အထောက်အကူပြုပါလိမ့်မယ်။

Source : Aung Myin 

 

Read times
Rate this item
(1 Vote)