-->
×

Warning

JUser: :_load: Unable to load user with ID: 29

စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်လုပ်ကိုင်ရတာ မလွယ်လှပါဘူး။ လုပ်ငန်းတစ်ခုကို အခက်အခဲမရှိစတင်ဖို့ ဘာတွေလုပ်ဆောင်သင့်သလဲ...?

Published in Marketing

လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ အလုပ်ချည်းပဲ ကြိုးစားပမ်းစားလုပ်နေဖို့၊ အားကုန်စိုက်ထည့်ပြီးပဲ လုပ်နေရတာမျိုးမဟုတ်ပဲ လုပ်ငန်းဆောင်တာတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့လဲလိုပါတယ်။

Published in Marketing

လုပ်ငန်းရှင်တွေတော်တော်များများက အတိတ်ကို ပြန်လည်သုံးသတ်ရန်ထက် အနာဂတ်ကို စီမံကိန်းချဖို့ အားသန်ကြပါတယ်။

Published in Tips

စီးပွားရေးလောကမှာ Richard Branson ဆိုတာ နာမည်ကြီးပါ။ ပိုက်ဆံချမ်းသာလို့ နာမည်ကျော်တာမဟုတ်ဘဲ စီးပွားရေးမှာ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်အဖြစ်နဲ့ပါ နာမည်ကြီးတာကြောင့် ဖြစ်ပါတယ်။

Published in Global

မိမိလုပ်ငန်းကြီးထွားဖို့အတွက်ဆိုရင် ကြော်ငြာအေဂျင်စီတွေရဲ့ အတွေ့အကြုံနဲ့ကျွမ်းကျင်မှုတွေက အထောက်အကူပြုပေးနိုင်မှာ သေချာပါတယ်။ ဒါပေမယ့် မိမိလုပ်ငန်းနဲ့ သင့်တော်မှန်ကန်သော ကြော်ငြာအေဂျင်စီကို ရွေးချယ်တတ်ဖို့တော့ လိုပါလိမ့်မယ်။ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားပြီးတော့ ရွေးချယ်သင့်သလဲဆိုတာကို အောက်မှာဖော်ပြပေးထားပါတယ်။

၁။ အေဂျင်စီလုပ်နိုင်သောအရာနဲ့ မလုပ်နိုင်သောအရာများကို သိရပါမယ်

များသောအားဖြင့် ကုမ္ပဏီတော်တော်များဟာ ကြော်ငြာအေဂျင်စီတွေက သူတို့ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ရောင်းပေးမယ်လို့ ထင်နေတတ်ကြပါတယ်။ ကြော်ငြာပြီး အလျင်အမြန် ရောင်းအားတွေမတက်တဲ့အခါ အေဂျင်စီတွေကို အပြစ်တွေတင်ကြတော့တာပါပဲ။ တကယ်တမ်း အေဂျင်စီတစ်ခုရဲ့ အဓိကတာဝန်တစ်ခုကတော့ ကုမ္ပဏီရောင်းချချင်တဲ့ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ချိန်ရွယ်ထားတဲ့ စားသုံးသူပရိသတ်နဲ့ ချိတ်ဆက်ပေးတာပဲ ဖြစ်ပါတယ်။ ဒီလို လုပ်ဆောင်ချက်မျိုးဟာ အချိန်များစွာလိုအပ်ပြီး sales cycles ကြာရှည်သော လုပ်ငန်းခွင်များတွမှာ လိုအပ်တဲ့အချိန် ပိုလို့တောင်ကြာရှည်အုန်းမှာပဲ ဖြစ်ပါတယ်။


၂။ ကုမ္ပဏီရဲ့ ရည်မှုန်းချက်ပန်းတိုင်များကို အေဂျင်စီအနေနဲ့ သိရှိနားလည်အောင် လုပ်ရပါမယ်

အေဂျင်စီအနေနဲ့ Target Audience၊ ကုန်ပစ္စည်း၊ ကုမ္ပဏီသမိုင်းကြောင်း၊ ပြိုင်ဘက်များ၊ ရေရှည်ရည်မှန်းချက်ပန်းတိုင်များကို သိရှိထားမှသာ ကုမ္ပဏီအတွက် အလုပ်ဖြစ်စေမယ့် အကြံဥာဏ်ကောင်းများကို စီစဉ်ဆောင်ရွက် အကောင်အထည်ဖော်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။


၃။ ခန့်မှန်းခြေအသုံးစရိတ် Budget များကို အတူတူဆုံးဖြတ်ကြရပါမယ်

ပုံမှန်အားဖြင့် ကုမ္ပဏီတွေက အေဂျင်စီတွေကို ကြော်ငြာအသုံးစရိတ်တွေ တွက်ခိုင်းလေ့ရှိပါတယ်။ ဒီလို လုပ်ခိုင်းမယ့်အစား ကုမ္ပဏီနဲ့အေဂျင်စီနှစ်ဖက်လုံးမှ တာဝန်ရှိသူများသေချာထိုင်ဆွေးနွေးပြီး အေဂျင်စီရဲ့လုပ်ငန်းအတွေ့ကြုံများနဲ့ ကုမ္ပဏီရဲ့အခြေအနေတွေကို ထည့်သွင်းစဉ်းစားကာ ရောက်ရှိသင့်သော စားသုံးသူပရိသတ်များဆီသို့ ဘယ်လိုနည်းနဲ့ ရောက်အောင်လုပ်မလဲဆိုတာကို ဆုံးဖြတ်ချက် အတူတူချသင့်ပါတယ်။

အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကို တရုတ်မှပိတ်ပင်
၎။ Campaign’s Message ကို Channel အမျိုးမျိုးတွင် ပေါ်လွင်နေအောင် ပြောပြရပါမယ်

Campaign မှဖော်ပြတဲ့ အဓိကသတင်းအကြောင်းအရာတစ်ခုကို ကြော်ငြာတဲ့ တီဗွီ၊ ဆိုရှယ်မီဒီယာ၊ Billboard နဲ့ အခြားသော Channels တွေမှာပေါ်လွင်နေအောင် ပြုလုပ်ဖို့ အရမ်းကိုအရေးကြီးပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် ကုမ္ပဏီရဲ့ထင်ရှားသော အမှတ်တံဆိပ်ပုံရိပ်တစ်ခုကို ဖန်တီးအသက်သွင်းလာနိုင်မှာပဲ ဖြစ်ပါတယ်။


၅။ အမြဲတမ်း ဆန်းသစ်တီထွင် နေရပါမယ်

အေဂျင်စီတွေက စိတ်ပါဝင်စားသူများကို သင့်ကုမ္ပဏီဆီကို ရောက်အောင်ပို့ပေးနိုင်ပေမယ့်လည်း အဲဒီလူတွေကို အမှန်တကယ် စားသုံးဝယ်ယူဖို့အတွက်ကတော့ ကုမ္ပဏီကသာ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စားသုံးသူတွေ ဝယ်ယူအားပေးချင်စိတ်ဖြစ်အောင် သင့်ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို ဆွဲဆောင်မှုရှိအောင် ဝယ်ယူသူတွေအဖို့ အားပေးရတာတန်တယ်ထင်ရအောင် အမြဲဆန်းသစ်တီထွင် နေဖို့လိုအပ်ပါတယ်။ကုမ္ပဏီကသာ တကယ်တတ်နိုင်တယ် ဆိုရင်တော့ မှန်ကန်သောကြော်ငြာအေဂျင်စီတစ်ခုနဲ့ တွဲဖက်လုပ်ကိုင်ပြီး ချိန်ရွယ်ထားသောပရိသတ်နဲ့ ချိတ်ဆက်မိအောင် လုပ်သင့်ပါတယ်။

စစချင်းမှာတော့ အခက်အခဲများစွာ ကြုံတွေ့ရမှာဆိုပေမယ့် နောက်ပိုင်းတွင် ကုမ္ပဏီရဲ့ထိမိထူးခြားတဲ့ သတင်းအချက်အလက်ကို လိုချင်တဲ့ပရိသတ်ဆီရောက်သွားအောင် ပြုလုပ်နိုင်တာတွေ့လာရတဲ့အခါ အဲ့ဒီအခက်အခဲတွေ ကြုံတွေ့ခဲ့ရတာတန်ကြောင်း နားလည်လာမှာပဲ ဖြစ်ပါတယ်။

Myanmar Advertising Directory

Published in How To

အသက်မွေးမှုတစ်ခုဟာ လူတစ်ယောက်ကို ပိုက်ဆံတင်ပေးတာ မဟုတ်ပါဘူး။

Published in How To

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် အရေးကြီးတာတစ်ခုက ဝန်ထမ်းကိစ္စပါ။

Published in Marketing

လုပ်ငန်းတစ်ခု စတင်လုပ်ကိုင်တော့မယ်ဆိုရင် လုပ်ကိုင်ခါစမှာတော့ တက်တက်ကြွကြွနဲ့ ဖြစ်နေမှာပါ။ နောက်ပိုင်းကြာလာရင်တော့ ပြဿနာလေးတွေရှိလာတက်ပါတယ်။

Published in Tips

စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာတဲ့နေရာမှာ ကြုံတွေ့ရနိုင်တဲ့အခက်အခဲများကို နည်းပါးစေဖို့ ဆက်လက်ဆောင်ရွက်ရမယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားပါတယ်။

Published in Local

ကမ္ဘာ့မှာ အမျိုးသမီး Entrepreneur ဦးရေဟာ ၁၉၇၂ ကနေစပြီး အထင်ကြီးလောက်အောင် ၃,၀၀၀ ရာခိုင်နှုန်းအထိ တိုးတက်လာတာကို ၂၀၁၈ ခုနှစ် State of Women-Owned Business ရဲ့ အစီရင်ခံစာတွေအရ သိရှိရပါတယ်။

Published in Tips
Page 5 of 11