-->
×

Warning

JUser: :_load: Unable to load user with ID: 29


Google Pay အွန်လိုင်းငွေပေးချေမှုစနစ်ကို အခမဲ့စတင်လုပ်ဆောင်နိုင်နေပြီ

Google Pay အွန်လိုင်းငွေပေးချေမှုစနစ်ကို အခမဲ့စတင်လုပ်ဆောင်နိုင်နေပြီ Google

Google ဟာ ကမ္ဘာအ၀န်းမှ ဘဏ်များမှာ Google Pay ကို ထောက်ပံ့ပေးဖို့ ပြုလုပ်နေပါတယ်။

Apple Pay, Samsung Pay တို့ကို ယှဉ်ပြိုင်ဖို့ ဖြစ်ပါတယ်။ အခုလည်း အမေရိကန်မှာ နောက်ထပ် ဘဏ်ပေါင်း ၃၀ မှာ မိုဘိုင်းဖုန်း ငွေပေးချေမှု စနစ်ဖြစ်တဲ့ Google Pay ကို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ Google က သူ့ရဲ့ မိုဘိုင်းဖုန်း ငွေပေးချေမှု စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ ဘဏ်စာရင်းထဲမှာ ဘဏ်အမည် ၃၀ ကို ထပ်မံ ထည့်သွင်းလိုက်ပါတယ်။

အမေရိကန်မှာ Google Assistant ဒစ်ဂျစ်တယ်ကိုယ်ရေးလက်ထောက်ပါတဲ့ စမတ်ဖုန်းများကနေ Google Pay ဖြင့် ငွေပေးပို့ခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်နိုင်တဲ့ ၀န်ဆောင်မှုကို Google က မတ်လတွင် ပြုလုပ်ပေးလိုက်ပါတယ်။ မတ်လ ၂၂ ရက်နေ့ကစပြီး ဒီဝန်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ပါတယ်။

အာရှတိုက်မှာ အသက်ငယ်ပြီးအောင်မြင်နေတဲ့ သန်းကြွယ်သူဌေး (၄)ယောက်

ဒီဝန်ဆောင်မှုကို သုံးဖို့အတွက် Google ရဲ့ ငွေပေးချေမှု စနစ်ဖြစ်တဲ့ Google Pay ကို Sign Up လုပ်ထားစရာလည်း မလိုအပ်ပါဘူး။ တစ်ဖက်လူကလည်း Google Pay ကို အသုံးပြုနေသူ ဖြစ်စရာ မလိုပါဘူး။ Google က Google Assistant ကို ငွေလွှဲဖို့ ပြောလိုက်တာနဲ့ အကောင့်ကို Set Up လုပ်ဖို့အတွက် ညွှန်ကြားမှုများ ပြုလုပ်ပေးမယ်လို့ ဘလော့ဆောင်းပါးတစ်ခုမှာ ရှင်းပြထားပါတယ်။

Set Up လုပ်ရတာလည်း လွယ်ကူပါတယ်။ Google ရဲ့ ညွှန်ကြားချက်များအတိုင်း ပြုလုပ်သွားရုံပါပဲ။ ငွေလွှဲခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်တဲ့အခါမှာ ဖုန်းမှာ Google Pay App ကို ထည့်သွင်းထားရင် Notification ရရှိမှာပါ။ မထည့်သွင်းထားရင်လည်း အီးမေး၊ စာတိုစနစ်များကနေ အသိပေးမှာပါ။

ငွေတောင်းခံခြင်း၊ ငွေလွှဲခြင်းများ ပြုလုပ်ချင်ရင် “Hey Google, request $10 from John for the concert tonight” or “OK Google, send Shelley $25 for dinner last night.” စသဖြင့် ကိုယ်ရေးလက်ထောက်ကို ပါးစပ်ကနေ ပြောလိုက်ရုံပဲဖြစ်ပါတယ်။

-BlueOX Credit Union
-City Credit Union
-Community First Credit Union (CA)
-Community Trust Bank
-Cortland Savings and Banking
-Desert Rivers Credit Union
-EFCU Financial
-Edge FCU
-Fall River Municipal Credit Union
-Family Savings Credit Union
-First Community Bank (SC)
-First National Bank in Howell
-First National Bank of Sandoval
-Forward Bank
-Generations Credit Union
-Glass City Federal Credit Union
-Granite Credit Union
-IncredibleBank
-Kentucky Bank
-Los Alamos National Bank
-MembersOwn Credit Union
-Monson Savings Bank
-North Shore Trust and Savings
-OU Federal Credit Union
-Prospera Credit Union
-Rockford Municipal FCU
-The Village Bank
-United Bank and Trust
-Wellington State Bank
-Wyoming Bank & Trust

Credit; Digital Times
Myanmar Advertising Directory

 

Read times
Rate this item
(1 Vote)