-->
×

Warning

JUser: :_load: Unable to load user with ID: 29


ရုရှားစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်တဲ့ Leonid Mikhelson

ရုရှားစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦးဖြစ်တဲ့ Leonid Mikhelson Google

ဓာတ်ငွေ့ကုမ္ပဏီ Novatek ရဲ့ စီအီးအို၊ ဥက္ကဌ၊ အဓိကရှယ်ယာရှင် Leonid Mikhelson ကတော့ ရုရှားစီးပွားရေးလုပ်ငန်းရှင် ဘီလျံနာတစ်ဦး ဖြစ်ပါတယ်။

သူရဲ့ချမ်းသာကြွယ်ဝမှုတန်ဖိုးဟာ ၆ ဘီလီယံလောက်ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ၁၉၅၅ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ ရုရှားနိုင်ငံ Kaspijsk မြို့မှာ Mikhelson ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဂျူးလူမျိုးမိသားစုတစ်စုကနေ မွေးဖွားလာသူ ဖြစ်ပြီး ဖခင်ကတော့ Viktor Zelmanovich နဲ့ မိခင်ကတော့ Praskovia Fedorovna တို့ ဖြစ်ကြပါတယ်။

၁၉၇၇ ခုနှစ်မှာ Samara Institute of Civil Engineering ကနေ Industrial Civil Engineering ဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပါတယ်။ ဘွဲ့ရရှိပြီးတဲ့နောက်မှာတော့ Mikhelson ဟာ ဆိုက်ဘေးရီးယား ဒေသ Tyumen ဧရိယာရှိဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှာ အလုပ်သမား ခေါင်းဆောင်တစ်ဦးအဖြစ် စတင် အလုပ်လုပ်ခဲ့ပါတယ်။ သူရဲ့ အစောပိုင်းလုပ်ငန်း ပရောဂျက်တွေထဲက တစ်ခုကတော့ Urengoi – Chelyabinsk အကြားက ဓာတ်ငွေ့ပိုက်လိုင်းကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ၁၉၈၇ မှာတော့ Kuibishevtruboprovodstroy ရဲ့ အထွေထွေ ဒရိုက်တာ ဖြစ်လာခဲ့ပါတယ်။

၁၉၉၁ မှာတော့ Kuibishevtruboprovodstroy ဟာ ပုဂ္ဂလိကပိုင်ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ပုဂ္ဂလိကဖြစ်တဲ့ ပထမဆုံးကုမ္ပဏီတွေထဲမှာ ပါဝင်ပါတယ်။ Mikhelson ဟာ ကုမ္ပဏီမှာ မန်နေးဂျင်းဒါရိုက်တာအဖြစ် ဆက်ရှိနေခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အမည်ဟာလည်း NOVA အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ၂၀၀၃ မှာ Novatek လို့ ကုမ္ပဏီအမည် ပြောင်းလဲပြီးနောက် Mikhelson ဟာလည်း စီအီးအိုအဖြစ် ဆက်လက်တာဝန်ယူခဲ့ပါတယ်။

၂၀၀၈ ကနေ ၂၀၁၀ အတွင်း Mikhelson ဟာ OAO Stroytransgas နဲ့ OOO Art Finance ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့မှာ ဥက္ကဌ ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ZAO SIBUR ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ ဥက္ကဌ ရာထူးကို ရယူထားပါတယ်။ SIBUR ကတော့ ဓာတ်ငွေ့ ထုတ်လုပ်မှုနဲ့ ရေနံဓာတုပစ္စည်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ရုရှားနိုင်ငံတစ်ဝှမ်းက ထုတ်လုပ်ရေး ဆိုဒ်နေရာပေါင်း ၂၆ မှာ လုပ်ကိုင်နေပြီး မော်စကိုမှာယရုံးစိုက်ပါတယ်။ Mikhelson ကတော့ Sibur မှာ အစုရှယ်ယာ ၅၇ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။

Google Pay အွန်လိုင်းငွေပေးချေမှုစနစ်ကို အခမဲ့စတင်လုပ်ဆောင်နိုင်နေပြီ

တစ်ချိန်တည်းမှာလည်းပဲ Novatek မှာလည်း ရှယ်ယာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထိန်းချုပ်ထားပါတယ်။ Mikhelson ကတော့ အိမ်ထောင်ရှိပြီး ကလေးနှစ်နဲ့ မော်စကိုမှာနေထိုင်ပါတယ်။ Mikhelson ရဲ့ များပြားလာတဲ့ ကြွယ်ဝမှု အများစုကတော့ သူ့ရဲ့ ဓာတ်ငွေ့ကုမ္ပဏီကနေ ရရှိထားတာ ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာပဲ Mikhelson ဟာ အခုသူရဲ့ဘီလီယံဒေါ်လာ များစွာ တန်ကြေးရှိတဲ့ Novatek ကုမ္ပဏီအတွက် ဖောင်ဒေးရှင်းချမှတ်ပေးနိုင်ခဲ့တာ ဖြစ်တယ်လို့ဆိုရမှာဖြစ်ပါတယ်။

Mikhelson ရဲ့ မဟာဗျူဟာတွေကြောင့် ကုမ္ပဏီဟာ ၀င်ငွေ ဒေါ်လာ ဘီလီယံများစွာ ရရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ သိသာထင်ရှားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအဖြစ် Mikhelson ဟာ အခြား ရုရှား ဘီလျံနာတစ်ဦးဖြစ်တဲ့ Gennady Timchenko နဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အများအပြားမှာ အတူတကွပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ Novatek နဲ့ Sibur တို့မှာလည်း
လုပ်ငန်းလက်တွဲဖက်နဲ့ အဓိကရှယ်ယာရှင်တွေ ဖြစ်ကြပါတယ်။

Novatek မှာ ဆိုရင် Mikhelson က အစုရှယ်ယာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ဘီလျံနာ Gennady Timchenko ကလည်း၂၀၀၈ ကနေစပြီး Novatek ရဲ့ ရှယ်ယာတွေကို ၀ယ်ယူခဲ့ကာခုဆိုရင် ရှယ်ယာ ၂၃ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။ နာမည်ကြီး ပြင်သစ် ရေနံကုမ္ပဏီ Total လည်း Novatek မှာရှယ်ယာ ၁၉ ဒသမ ၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။


Source; SFJ
Myanmar Advertising Directory

 

Read times
Rate this item
(0 votes)