-->
×
Warning
JUser: :_load: Unable to load user with ID: 29
Top 3 web browsers 2020 မှာ Edge အောင္ပြဲခံ
Generation Z တွေကိုဆွဲဆောင်နိုင်ဖို့ Tiktok မှာကြော်ငြာမယ်ဆိုရင်
<<< Unicode >>>
Top 3 web browsers 2020 မှာ Edge အောငပြှဲခံ
---------------
လူသုံးအများဆုံး Browser သုံးခု ရှိတာမှာ Google ရဲ့ Chrome က ပထမ နေရာမှာ ရှိနေပြီး ဒုတိယနေရာမှာ ရှိနေတဲ့ Mozilla ရဲ့ Firefox ကို ကျော်တက်ပြီး Microsoft ရဲ့ Edge က ဒုတိယနေရာကို ယူလိုက်ပါတယ်။
နောက်ကြောင်းကို ပြန်လှည့်ကြည့်ရင် Microsoft ရဲ့ Internet Explorer ကို Firefox က ကျော်တက်ခဲ့ဖူးတယ်။ Mozilla က Firefox ကို ၂၀၀၄ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တယ်။ ဈေးကွက်ထဲမှာ Microsoft ရဲ့ Internet Explorer ကို အစားထိုး နေရာယူတယ်။
Firefox ကို လူကြိုက်များသွားရတာက သူ့မှာ တခြား ကိစ္စတွေ လုပ်ကိုင်ဖို့အတွက် ထပ်ပေါင်းထည့်လို့ရတဲ့ add-on feature ပါနေလို့ ဖြစ်ပါတယ်။ အဲဒါအပြင် လုံခြုံရေးအစီအမံလည်း ကောင်းတယ်။ Firefox သုံးစွဲသူဦးရေ များလာပြီး ၂၀၀၉ ခုနှစ်မှာ လူသုံးအများဆုံး နံပါတ်တစ် ဖြစ်သွားတယ်။
Google က Chrome ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်လွှတ်လိုက်တယ်။ တစ်နည်းပြောရရင် browser သုံးပါးမှာ ဒုတိယနေရာအဖြစ်ကနေ ပထမနေရာကို ရောက်ဖို့ လုပ်ကိုင်တာဖြစ်ပြီး ရည်မှန်းချက် အောင်မြင်သွားတယ်။ ဈေးကွက်ဝေစု ပုံမှန်တိုးလာနေခဲ့ပြီး ၆၃.၇ % အထိ ရောက်ရှိသွားချိန်မှာ Firefox ရဲ့ ဈေးကွက်ဝေစုက ထိုးကျသွားတာ ၂၂ % ဝန်းကျင်ပဲ ရှိတော့တယ်။ အဲဒီအချိန်မှာ Microsoft ရဲ့ Internet Explore က လူတော မတိုးတော့ဘူး။
၂၀၁၃ ခုနှစ်မှာ Mozilla ရဲ့ ဝင်ငွေအခြေအနေကို ကြည့်ရင် Firefox browser က အမေရိကန်ဒေါ်လာ ၃၁၄ သန်း ရရှိစေခဲ့တယ်။ အဲဒီငွေမှာ ၉၇% က ခိုင်ကြေးအဖြစ် ရရှိတာ ဖြစ်ပါတယ်။ Firefox browser မှာ တပ်ဆင်ထားတဲ့ search engine ကို Firefox browser သုံးတဲ့သူတစ်ဦးက သုံးလိုက်တိုင်း အဲဒီအတွက် search engine ပိုင်ရှင်က Mozilla ကို ခိုင်ကြေး ပေးရတယ်။
ရှုပ်ထွေးနေတဲ့ အနေအထားတွေနဲ့ ကြော်ငြာ ရေးရာ အခြေအနေ
အဲဒီဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၂၇၅ သန်းဟာ အခုလို ခိုင်ကြေးရရှိတာ ဖြစ်ပါတယ်။ အဲဒီ search engine ပိုင်ရှင်က Google ဖြစ်ပါတယ်။ Google က Firefox browser သုံးတဲ့သူတွေကသူ့ search engine ကို သုံးနေကြချိန်မှာ ကြော်ငြာတွေပြပြီး ရရှိလာတဲ့ ကြော်ငြာဝင်ငွေထဲမှ ရာခိုင်နှုန်းတစ်ခုကို ခိုင်ကြေးအဖြစ် Mozilla ကို ပေးရတာ ဖြစ်ပါတယ်။
Mozilla ကို လူကြိုက်များလို့ လူသုံးများတာကြောင့် Google ရဲ့ search engine ကို သုံးစွဲသူတွေ များနေစေတာမို့ အခုလို ခိုင်ကြေး ရရှိတဲ့ သဘော ဖြစ်ပါတယ်။ အဲဒီကာလမှာ Google က ကြီးထွားလာနေတာ မနိုင်မနင်းတွေ ဖြစ်နေလို့ browser တိုက်ပွဲကို လျစ်လျူပြုထားတယ်။ Chrome ကို ပိုကောင်းသထက် ကောင်းအောင် လုပ်နေတယ်။
၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ Mozilla က အကွက်ရွှေ့လိုက်တယ်။ Google နဲ့ သဘောတူစာချုပ် သက်တမ်းပြည့်ချိန်မှာ သက်တမ်း မတိုးတော့ဘဲ လမ်းခွဲလိုက်တယ်။ Yahoo! နဲ့ လက်ချင်းချိတ်လိုက်ပြီး Yahoo! ရဲ့ search engine ကို ပြောင်းသုံးတယ်။ Firefox browser ပရိသတ်က Yahoo! ရဲ့ search engine ကို မကြိုက်ကြဘူး။ ဒီတော့ Chrome ကို ပြောင်းသုံးကြတယ်။
Microsoft က Edge ကို ထုတ်လွှတ်တယ်။ မအောင်မြင်ဘူး။ ယခင် Internet Explorer ကို နာမည်ပြောင်းထားတာလို့ပဲ လူတွေက ယူဆကြတယ်။ နောက်တော့ Microsoft က Edge ကို အသွင်သစ်ဖြင့် ပြန် ထုတ်တယ်။ အဲဒီအခါ လူတွေ စကြိုက်လာကြတယ်။ Chrome ရဲ့ ပရိသတ်တွေထဲမှာ Edge ကို ပြောင်းသုံးတဲ့သူတွေ ရှိလာတယ်။
ပြီးခဲ့တဲ့ မတ်လကုန်မှာ NetMarketShare ဆိုတဲ့ analytics firm ရဲ့ ထုတ်ပြန်ချက်မှာ desktop browser သုံးစွဲမှုမှာ Chrome က ဈေးကွက်ဝေစု ၆၈.၅% ဖြင့် အပြတ်အသတ် သာနေပြီး ပထမနေရာမှာ ဆက်ရှိနေတယ်။
Microsoft Edge က ၇.၅၉% ရရှိထားတယ်။ Firefox က ၇.၁၉% ဖြင့် တတိယနေရာမှာ ရှိနေတယ်။မူလလက်ဟောင်း Internet Explorer က ၅.၈၇% ဖြင့် စတုတ္ထနေရာမှာ ရှိနေပြီး Apple ရဲ့ Safari က ၃.၆၂% ဖြင့် ပဉ္စမ နေရာမှာ ရှိနေပါတယ်။
Ref ; Techrader
Myanmar Advertising Directory
Read times
Rate this item
(0 votes)