-->


မော်ဒန် သိပ္ပံပညာ၏ ကြယ်တစ်ပွင့် ဖြစ်တဲ့ စတီဖန်ဟော့ကင်း ကြွေလွင့်သွားခြင်း

မော်ဒန် သိပ္ပံပညာ၏ ကြယ်တစ်ပွင့် ဖြစ်တဲ့ စတီဖန်ဟော့ကင်း ကြွေလွင့်သွားခြင်း google.com

စတီဖန်ဟော့ကင်းဟာ ယနေ့ခေတ် သိပ္ပံပညာရှင်တွေထဲမှာ ထင်ရှားတဲ့သူတစ်ဦးဖြစ်ပြီးတော့ သူ့ပရိတ်သတ်များဟာ ကမ္ဘာတစ်ဝန်းမှာ သန်းချီပြီးရှိပါတယ်။ သူ့ရဲ့ ပရိတ်သတ်တွေမှာ သိပ္ပံပညာရပ်ကို စိတ်ဝင်စားသူများပါသလို သိပ္ပံစိတ်မ၀င်စားပေမယ့် Theory of Everything ရုပ်ရှင်ကြောင့် သူ့ရဲ့ အချစ်ဇာတ်လမ်းအကြောင်းကို စိတ်ဝင်စားသူများလဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် သူဟာ

ယောင်္ကျားလေးများ အပြင် မိန်းကလေး များမှာပါ နာမည်ကြီးတဲ့ သိပ္ပံပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။

အခုသူဟာ မတ်လ ၁၄ ရက်နေ့ ၂၀၁၈ခုနှစ်၊ မနက်ပိုင်းမှာ သူ့ရဲ့ ကန်းဘရေ့ခ်ျက နေအိမ်မှာပဲ ကွယ်လွန် သွားခဲ့ပြီလို့ မိသားစုဝင်များက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သူဟာ မသန်စွမ်းပေမယ့် ကြီးကျယ်ခမ်းနားတဲ့ သိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ ကြိုးစားအားထုတ်ခဲ့မှု တွေဟာ နောင်နှစ်ပေါင်းများစွာအထိ တည်တံ့နေမှာပါ။

စတီဖန်ဟော့ကင်းဟာ ကြီးကျယ်တဲ့ သိပ္ပံပညာကို ပိုင်ဆိုင်သူတစ်ယောက်သာမက သူ့ရဲ့ ခပ်နောက်နောက် ဟာသဥာဏ်နဲ့ စက်ရုပ်အသံများကြောင့် ကမ္ဘာတစ်ဝန်းရှိလူများရဲ့ ချစ်ခင်မှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

သူဟာ အသက်၂၁နှစ်မှာ အာရုံကြောရောဂါကို စတင်ခံစားခဲ့ရပြီး ဒေါက်တာများက နောက်ထပ် ၂နှစ်သာ အသက်ရှင်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ထိုရောဂါဟာ ဟော့ကင်းဆီမှာ ပုံမှန်ထက် ဖြည်းညှင်းစွာ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ ချစ်ဇနီးဖြစ်သူ ဂျိန်းရဲ့ အကူအညီနဲ့ ၂နှစ်ထက်ပိုပြီး အသက်ရှင်ခဲ့ကာ ခေတ်သစ်ပညာကို တစ်ဖန်ဆန်းသစ်ခဲ့ပါတယ်။

ဟော့ကင်းဟာ အောက်စ်ဖို့ဒ်မှာ ကျောင်းတက်ခဲ့တဲ့ ၃နှစ်တာအတွင်းမှာ နာရီပေါင်း ၁၀၀၀ခန့်သာ စာကြည့်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ဦးနှောက်အခြေအနေကို ခန့်မှန်းနိုင်ပါတယ်။

ဟော့ကင်းရဲ့နာမည်ကျော်ကြားမှုဟာ ၁၉၇၀ခုနှစ်မှာ စတင်ခဲ့ပါတယ်။ သူနဲ့ ရော်ဂျာပန်ရို့စ်တို့ရဲ့ တွင်းနက်များကို သင်္ချာနည်းကျ သက်သေပြခဲ့နိုင်ခဲ့ပြီးတော့ big bang ရဲ့ singularity ကိုလဲသက်သေပြခဲ့နိုင်ပါတယ်။ ဟော့ကင်းဟာ နေ့ရက်တိုင်းကို သူ့ရဲ့ နောက်ဆုံးနေ့လို့ သတ်မှတ်ကာ သူတတ်တဲ့ပညာနဲ့ လူ့အဖွဲ့အစည်းကို အကျိုးပြုနိုင်ဖို့အတွက် အပြင်းအထန် ကြိုးစားသွားသူ တစ်ယောက်ဖြစ်ပါတယ် လို့ပန်ရို့စ်က ပြောဖူးပါတယ်။

ဟော့ကင်းဟာ တွင်းနက်များကိုပဲ အသည်းအသည် ထပ်မံလေ့လာပြီးတော့ ၁၉၇၄ခုနှစ်မှာ တွင်းနက်များဟာ အပူများကိုလွှတ်ထုတ်နေပြီးတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမယ်လို့ဆိုတဲ့ တွမ်သီအိုရီကို ထုတ်ပြန်ခဲ့ပါတယ်။ အစက တွင်းနက်များဟာ ဘာ information မှ မထွက်နိုင်ဘူးလို့ ယူဆခဲ့ကြပေမယ့် ဟော့ကင်းက အပူများ ထုတ်နိုင်သေးတယ်လို့ စတင် တင်သွင်းခဲ့ခြင်းပဲ ဖြစ်တယ်။ ဒီဖြာထွက်မှုများကို ဟော့ကင်းဖြာထွက်မှု (Hawking Radiation) လို့လဲ ခေါ်ပါသေးတယ်။

ဒီနာမည်ကြီးတဲ့ တွေ့ရှိမှုကြောင့်ပဲ ဟော့ကင်းဟာ အသက်၃၂နှစ်မှာပဲ Royal Society ရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်လာပြီး နောက်ထပ် ၅နှစ်အကြာမှာ ကန်းဘရေ့ခ်ျရဲ့ လူကပ်ရှမ်း (Lucasian) သင်္ချာပါမောက္ခ် ဖြစ်လာ ခဲ့ပါတယ်။ အဲ့ဒီနေရာမှာ အနှစ်၃၀နေခဲ့ပြီးနောက်ပိုင်းမှာ Research at the Centre for Theoretical Cosmology ရဲ့ဒါရိုက်တာ တစ်ဦးဖြစ်လာခဲ့ပါတယ်။

ဟော့ကင်းဟာ စကြ၀ဋ္ဌာအတွင်းက ကွမ်တမ် fluctuation များကြောင့် matterပြန့်နှံမှုများအတွင်း ပြောင်းလဲမှုဖြစ်ပေါ်စေပြီး ဂလက်ဆီများ ပြန့်ကားမှုဟာ ဖောင်းပွမှု ဖြစ်လာနိုင်တယ်ဆိုတာကို ပထမဆုံး သိခဲ့သူထဲက တစ်ဦးပါ။ ဒီဖောင်းပွမှုများက ရလာတဲ့ tiny ripplesလေးများဟာ ကြယ်များ၊ ဂြိုလ်များအတွက် မျိုးစေ့တစ်ခု ဖြစ်တယ်ဆိုတာကို သူက ပြောကြားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Brief History of Time စာအုပ်ကြောင့် သိပ္ပံအသိုင်းအ၀ိုင်းမှာသာမက သာမာန်လူထုကြားမှာပါ နာမည်ကြီးလာခဲ့သူ ဖြစ်တယ်။ အုပ်ရေ ၁၀သန်းခန့်ရောင်းချခဲ့ရပြီး ဘာသာပေါင်း ၄၀ကျော် ပြန်ဆိုရလောက်တဲ့အထိ အောင်မြင်ခဲ့ပြီး အရောင်းရဆုံး စာအုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်ခဲ့ပါတယ်။

သူဟာ ကမ္ဘာတည်နေသရွေ့ သိပ္ပံအသိုင်းအ၀ိုင်းကနေ ဖယ်ထုတ်လို့မရနိုင်ပါဘူး။ သူဟာ အဲဘတ်အိုင်းစတိုင်းဆု၊ Wolf Prize၊ Copley Medal နဲ့ Fundamental Physics Prize တို့ကို ပိုင်ဆိုင်ခဲ့သူတစ်ဦးပါ။ ဒါပေမယ့် နိုဘယ်ဆုကတော့ သူ့ကိုဖယ်ချန်ထားဆဲ ဖြစ်တယ်။

သူဟာ သိပ္ပံပညာနဲ့ပတ်သက်ပြီး အလောင်းအစား ၀ါသနာထုံသူ ဖြစ်ပြီး လောင်းတိုင်း ရှုံးပါတယ်။

၂၀၀၉ခုနှစ်က အိုးဘားမားပေးအပ်တဲ့ Presidential medal of Freedomကို လက်ခံရရှိခဲ့ပါတယ်။ သူဟာ အီလွန်မာ့စ်နဲ့ Appleက စတိဗ် ဝေါ့ဇနီးယပ်တို့နဲ့ ပူးပေါင်းပြီး AIများရဲ့ အန္တရာယ်ကို သတိပေးခဲ့တဲ့ အပြင် autonomousလက်နက်များကို တားမြစ်ဖို့လဲ တိုက်တွန်းခဲ့ပါတယ်။

စတီဖန်ဟော့ကင်းဟာ ဘုရားသခင်ကို ပြစ်ပြစ်ခါခါ ငြင်းဆန်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၁၀ မှာ ထွက်တဲ့ Grand Design စာအုပ်ထဲမှာ ဆိုရင် အခုလို စကြာဝဋ္ဌာကြီး ဖြစ်တည်ဖို့နဲ့ လည်ပတ်ဖြစ်ထွန်းဖို့ အတွက် ဘုရားသခင်ဆိုတာ မလိုအပ်ဘူးလို့ ပေါ်ပေါ်ထင်ထင်ရေးသားခဲ့တယ်။ ကျွန်တော်တို့ ဦးနှောက်ဆိုတာ က ကွန်ပျူတာတစ်လုံးလိုပဲ အစိတ်အပိုင်းများ ပျက်စီးတဲ့အခါ အလုပ်လုပ်တာ ရပ်ဆိုင်းသွားမှာပဲ ဖြစ်တယ်။ နောင်ဘဝဆိုတာလည်း မယုံဘူး။ အဲ့ဒါက သေရမှာ ဖြစ်တည်မှု ၊ရပ်ဆိုင်းလိုက်ရမှာ ကြောက်ရွံ့သူများက ဖန်တီးထားတဲ့ အရာတစ်ခုသာ ဖြစ်တယ်လို့ ရေးသားခဲ့တယ်။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ၄၉ နှစ်ကတည်းက သေခဲ့ရမှာ ဖြစ်တယ် ဒါကြောင့် သေရမှာ မကြောက်သလို သေချင်နေတဲ့သူတစ်ဦးလည်း မဟုတ်ဘူး။ နေ့ရက်တိုင်းကို အကောင်းဆုံးလုပ်ဆောင်သွားဖို့သာ အရေးထားတယ်လို့ ပြောကြားဖူးပါတယ်။

However difficult life may seem, there is always something you can do and succeed at. When theres life, theres hope Stephen Hawking.

အသက်၂၅နှစ်လောက်သာနေရမယ်လို့ မျှော်လင့်ခဲ့သူဟာ သိပ္ပံအသိုင်းအ၀ိုင်းမှာ ကြီးကျယ်ခဲ့ရုံသာမက အသက်၇၀ပြည့်ခဲ့တဲ့အတွက် milestone တစ်ရပ်ဖြစ်စေခဲ့သော စတီဖန် ဟော့ကင်း

Source; Curiosity

Read 871 times
Rate this item
(1 Vote)