-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဒေတာအရှုပ်တော်ပုံကြောင့် ဖေ့စ်ဘုတ်ခ်မှာ ကြော်ငြာထည့်တာကို ကုမ္ပဏီကြီးတွေ ဆိုင်းငံ့

ဒေတာအရှုပ်တော်ပုံကြောင့် ဖေ့စ်ဘုတ်ခ်မှာ ကြော်ငြာထည့်တာကို ကုမ္ပဏီကြီးတွေ ဆိုင်းငံ့ google.com

ဖေ့စ်ဘုတ်ခ်ရဲ့ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ဘီလီလျံဆုံးရှုံးသွားစေခဲ့တဲ့ ဒေတာအရှုပ်တော်ပုံအပြီး ကောမက်ဇ်ဘဏ်နဲ့ မော်ဇီလာတို့က ဖေ့ဘုတ်ခ်ပေါ်က ကြော်ငြာကဏ္ဍကို ဆိုင်းငံ့လိုက်ကြပါတယ်။
တံဆိပ်ကောင်းမွန်စိတ်ချရမှုနဲ့ သတင်းအချက်အလက်လုံခြုံစိတ်ချရမှုဟာ

ကျွန်တော်တို့အတွက် အရေးကြီးဆုံးပဲ၊ လတ်တလော အခြေအနေမှာတော့ ဖေ့စ်ဘုတ်ပေါ်က ကြော်ငြာတွေကို ရပ်ဆိုင်းထားတယ်လို့ ကော်မက်ဇ်ဘဏ်ရဲ့ တံဆိပ်နဲ့ ဗျူဟာမှုး ယူဝီဟယ်မာန်က ရိုက်တာကို ပြောကြားခဲ့ကြောင်း ဟန်ဒယ်ဘလတ် သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။
ဖေ့စ်ဘုတ်က သူ့ရဲ့ဒက်ဖော့ ကိုယ်ရေးအချက်အလက် ဆက်တင်ကို ကောင်းအောင် မလုပ်နိုင်ခင်အထိ ကြော်ငြာ ကဏ္ဍကို ရပ်ဆိုင်းထာမှာ ဖြစ်ကြောင်း မော်ဇီလာဘလော့ဂ်မှာ ရေးသားထားပါတယ်။
အခြားအပလီကေးရှင်းတွေနဲ့ သည်ဆက်တင်ကို ဖွင့်နိုင်တာကိုတွေ့ရှိခဲ့တာကြောင့် သည်ထက်ပို လေ့လာရဦးမယ်ဆိုတာကို သိလိုက်ရတယ်လို့ဆိုပါတယ်။

ဗြိတိန်ကြော်ငြာကောင်စီ ISBA နဲ့ဖေ့စ်ဘုတ်ခ်တို့ကတော့ ဖေ့စ်ဘုတ်ခ်ဒေတာတွေကို နိုင်ငံရေးအတွက် ရည်ရွယ်အသုံးပြုတာက စိုးရိမ်စရာသိပ်ကို ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။
အပလီကေးရှင်းတစ်ခုက ဖေ့စ်ဘုတ်ခ်အကောင့် သန်း၅၀ရဲ့ အချက်အလက်တွေကို ခိုးယူခဲ့ပြီး Cambridge Analytica ကိုပေးအပ်ခဲ့ပါတယ်။ သည်အချက်အလက်တွေဟာ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲနဲ့ ဘရီဇစ်မဲခဲပွဲတွေ အပေါ် သြဇာလွှမ်းမိုးနိုင်အောင် ကြိုးစားရာမှာ အသုံးပြုခဲ့သလားဆိုတဲ့ စိုးရိမ်စိတ်ကို မီးမောင်းထိုးပြနေပါတယ်။

ဖေ့စ်ဘုတ်စီအီးအို မတ်ဇူကာဘတ်က ယုံကြည်စိတ်ချရမှုတွေ ကျိုးပေါက်ခဲ့ရတဲ့ အတွက် တောင်းပန်ကြောင်း ပြောကြားခဲ့ပြီး သတင်းအချက်အလက်များစွာကို ယူနေတဲ့ အပလီကေးရှင်းအားလုံးကို ဖေ့စ်ဘုတ်ခ်က စစ်ဆေးဖော်ထုတ်မယ်လို့ ပြောကြားခဲ့ပါတယ်။
ISBA အနေနဲ့ ဖေ့စ်ဘုတ်ရဲ့ စစ်ဆေးမှုအတိုင်းအတာကို အတိအကျမေးမြန်းသွားမှာ ဖြစ်ကြောင်း အထွေတွေ ညွှန်ကြားရေးမှူး ဖီးစမင်က CNBC ကို မေးလ်ကတစ်ဆင့်ဖြေကြားခဲ့ပါတယ်။
အသုံးပြုသူတွေအနေနဲ့ လူမှုကွန်ရက်အပေါ် ဖိအားတွေ စပေးလာမယ်လို့ M&C ဆက်ချိုင် ကြော်ငြာအေဂျင်စီ စီအီးအိုကပြောကြားခဲ့တယ်။

အမှားမလုပ်မိစေနဲ့။ ဖေ့စ်ဘုတ်ခ်ဟာ ကြော်ငြာလုပ်ငန်းရှင်တွေအနေနဲ့ အရမ်းကို ကောင်းမွန်တဲ့ ကြားခံတစ်ခုပဲ။ ဒါပေမဲ့ နိုင်ငံရေး ကိစ္စအပါအ၀င် အခြားအချက်အလက်တွေကို အလွဲသုံးစားလုပ်ခံနေရတဲ့အတွက် အရမ်းကို စိုးရိမ်ထိတ်လန့်စရာ ကောင်းနေတယ်လို့ သူကပြောကြားခဲ့ပါတယ်။
၂၀၁၇ခုနှစ်မှာ ဖေ့စ်ဘုတ်ခ်အနေနဲ့ ကြော်ငြာကဏ္ဍကနေ ဒေါ်လာ ၃၉.၉ ဘီလီလျံရရှိခဲ့ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး မီဒီယာတစ်ခုဖြစ်ပါတယ်။
သည်ဖြစ်ရပ်တွေကြောင့် အသုံးပြုသူတွေမသိဘဲ အချက်အလက်တွေကို ရယူနိုင်ကြောင်း ကမ္ဘာ့ကြော်ငြာလုပ်ငန်းရှင်များအဖွဲ့ စီအီးအို စတိဖင်လော့က ပြောကြားခဲ့ပါတယ်။ ဒစ်ဂျစ်တယ် စီးပွားရေး စနစ်ကို တည်ဆောက်လာခဲ့တဲ့အတွက် တံဆိပ်တွေအနေနဲ့ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ဖို့လိုပါတယ်။
သူတို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ကြော်ငြာလုပ်ငန်းရှင်တွေကို ကျွန်တော်တို့ လာရောက်ပူးပေါင်းကြတာပါ။ ကျွန်တော်တို့ အနေနဲ့ ဖြစ်လာတဲ့ သည်စိန်ခေါ်မှုတွေကို အကောင်းဆုံး ဖြေရှင်းမှာ ဖြစ်တဲ့အတွက် သူတို့ကို စိတ်ကျေနပ်စေပြီး သူတို့အတွက်ပိုကောင်းတဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီတစ်ခုဖြစ်လာစေရမယ်လို့ ဖေ့စ်ဘုတ်က ပြောခွင့်ရှိသူတစ်ယောက်က ပြောကြားခဲ့ပါတယ်။

Read-Facebook က သင့်အကြောင်းဘာတွေ သိနေသလဲ??? 

Source : Kumudra Journal

Read times
Rate this item
(1 Vote)