-->
×

Warning

JUser: :_load: Unable to load user with ID: 29


၃နှစ်အတွင်း Amazon နဲ့ Alibaba တို့ရဲ့ ECOMMERCE ပြိုင်ဆိုင်မှု ဘယ်လိုဖြစ်လာမှာလဲ???

၃နှစ်အတွင်း Amazon နဲ့  Alibaba တို့ရဲ့ ECOMMERCE ပြိုင်ဆိုင်မှု ဘယ်လိုဖြစ်လာမှာလဲ??? google.com

“ ခင်ဗျားရဲ့ အနားသတ်မျဉ်းဟာ ကျွန်တော့်အတွက် အခွင့်အလမ်းတစ်ခုပါ” - ဂျက်ဘီဇော့စ်

“ ကျွန်တော်က နည်းပညာရှင်မဟုတ်ဘူး။ နည်းပညာကို သာမန်လူတွေရဲ့ မျက်လုံး ၊ ကျွန်တော် ဖောက်သည်တွေရဲ့ မျက်လုံးနဲ့ပဲ ကြည့်တယ်” - ဂျက်မာ

Aတို့ရဲ့ သမိုင်းကြောင်း

၁၉၉၄ ခုနှစ်မှာ Cadbra ကို ဂျက်ဘီဇော့စ်တည်ထောင်ပြီး ၁၉၉၅ခုနှစ်မှာ အွန်လိုင်းစာအုပ်ဆိုင် Amazon အဖြစ် စတင်ခဲ့တယ်။

၁၉၉၉ ခုနှစ်မှာ ဂျက်မာနဲ့ အခြားတည်ထောင်သူ ၁၇ဦးဟာ ကမ္ဘာလုံးဆိုင်ရာ လက်ကားဈေးကွက်အဖြစ် စတင်လုပ်ကိုင်ခဲ့တယ်။

IPO (အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲခြင်း)

၁၉၉၇ ခုနှစ်၊ မေလ ၁၅ရက်နေ့မှာ ပြောင်းလဲခဲ့ပြီး ရှယ်ယာတစ်ခုကို ၁၈ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ Amazon အတွက် ဒေါ်လာ ၅၄သန်းမတည်ပေးခဲ့ပြီး ဈေးကွက်တန်ဖိုး ၄၃၈သန်း ရရှိခဲ့ပါတယ်။

၂၀၁၄ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့မှာ ပြောင်းလဲခဲ့ ပြီးရှယ်ယာတစ်ခုကို ၉၂.၇၀ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ ဒေါ်လာ ၂၅ဘီလျံ မတည်ပေးခဲ့ပြီး ဈေးကွက်တန်ဖိုး ဒေါ်လာ ၂၃၁.၄၄ ဘီလျံရှိခဲ့ပါတယ်။

ဝန်ဆောင်မှုနဲ့ ထုတ်ကုန်တွေ

၂၀၁၃ ခုနှစ်မှာ Alibaba ရဲ့ ၀က်ဘ်ဆိုက်နှစ်ခုမှ ကုန်ပစ္စည်းရောင်းချမှုကနေ ငွေကြေး ဒေါ်လာဘီလျံ ၂၄၀ ကို ကိုင်တွယ်ထားနိုင်ပါတယ်။ အဲဒီအရေအတွက်ဟာ Amazon ထက်နှစ်ဆ ကြီးမားပြီး eBay ထက်သုံးဆ ကြီးမားပါတယ်။

ဈေးကွက်တန်ဖိုး

ဈေးကွက်တန်ဖိုးမှာဆိုရင် amazon က ဒေါ်လာ ၄၂၇ ဘီလျံ၊ Alibaba.com - ဒေါ်လာ ၂၆၄.၉ ဘီလျံ၊ Alphabet - ဒေါ်လာ ၅၇၉.၅ ဘီလျံ၊ facebook - ဒေါ်လာ ၄၀၇.၃ဘီလျံ၊ apple - ဒေါ်လာ ၇၅၂ ဘီလျံ နဲ့ Microsoft - ဒေါ်လာ ၅၀၇.၅ ဘီလျံ အသီးသီး ရှိနေပါတယ်။

ရှယ်ယာပိုင်ဆိုင်မှု

အမေဇုံရဲ့ ဂျက်ဘီဇော့ဖ်က ရှယ်ယာ ၁၆.၉၂ % ပိုင်ဆိုင်ပြီး အလီဘာဘာရဲ့ ဂျက်မာ ကတော့ ၇.၈% ရှယ်ယာပိုင်ဆိုင်မှု အသီးသီးရှိနေပါတယ်။

ဝယ်သူတွေ ၀က်ဘ်ဆိုက်အတွင်း ၀င်ရောက်ကြည့်ရှူ့မှု

Amazon မှာတစ်လတွင် ၀င်ရောက်ကြည့်ရှူ့သူ ၂.၂ ဘီလျံရှိပြီး Alibaba.com မှာတော့ ၀င်ရောက်ကြည့်ရှူ့သူ ၈၆၇.၇ သန်းရှိသည်။

အမှတ်တံဆိပ် ယုံကြည်မှု အညွှန်းကိန်း

Amazon က ၉၈.၉၉ ဘီလျံတန်ဖိုးရှိပြီး၊ Alibaba ကတော့ ၄၃.၉၀ ဘီလျံတန်ဖိုးရှိနေပါတယ်။

Forbes မဂ္ဂဇင်းက သတ်မှတ်တဲ့ ဈေကွက်တန်ဖိုးအဆင့်မှာတော့ amazon က အဆင့် ၄နေရာမှာ ရှိနေပြီး Alibaba ကတော့ အဆင့် 12 နေရာမှာ ရပ်တည်နေပါတယ်။

၃နှစ်အတွင်း Amazon နဲ့ Alibaba အကြားက ပြိုင်ဆိုင်မှု ဘယ်လိုဖြစ်လာမှာလဲ ???

၂၀၂၀ ခုနှစ်အရောက်မှာ အမေရိကန် ecommerce ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၆၃၂သန်းရှိလာနိုင်ပြီး

တရုတ် ecommerce ဈေးကွက်တန်ဖိုး ကတော့ ဒေါ်လာ ၁.၇ ထရီလီယံ အထိရှိလာနိုင်ပါတယ်။

Amazon အနေနဲ့ အမေရိကန်မှာ အွန်လိုင်းပစ္စည်းဝယ်သူသစ်တွေ သိမ်းသွင်းနေပြီး အွန်လိုင်းမှာ ၁၀ဒေါ်လာ အသုံးပြုသူတိုင်းမှာ ဆီက ၅ဒေါ်လာ ရယူနေပါတယ်။

Alibaba ဟာ တရုတ်နိုင်ငံရဲ့ အွန်လိုင်းပစ္စည်း ၀ယ်ယူမှု ၈၀%ကို ရယူထားနိုင်ပါတယ်။ ဒါပေမဲ့ အင်တာနက် ထိုးဖောက်မှုနှုန်းက ၅၃% ပဲရှိသေးတဲ့အတွက် အခုထက်ပိုပြီး တိုးတက်လာနိုင်ပါတယ်။

Read-Facebook ကိုသုံးပြီး ကြော်ငြာမယ့် လုပ်ငန်းရှင်တိုင်းအတွက်

Source; Internet Journal

Read times
Rate this item
(6 votes)