-->
×

Warning

JUser: :_load: Unable to load user with ID: 29


၂၀၁၈ခုနှစ် ပထမသုံးလပတ်တွင် အကောင့်တု ၅၈၃သန်းကို ပိတ်ပစ်ခဲ့တဲ့ Facebook

၂၀၁၈ခုနှစ် ပထမသုံးလပတ်တွင် အကောင့်တု ၅၈၃သန်းကို ပိတ်ပစ်ခဲ့တဲ့ Facebook google.com

၂၀၁၈ခုနှစ် ပထမသုံးလပတ်တွင် အကောင့်တု ၅၈၃သန်းကို ပိတ်ပစ်ခဲ့သည်ဟု ဧရာမလူမှုမီဒီယာ Facebook ကမေ ၁၆ရက်တွင် ထုတ်ပြန်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ကြမ်းကြုတ်သောပုံများ၊ အကြမ်းဖက်ဝါဒဖြန့်ချိမှု (သို့မဟုတ်) အမုန်းစကားတို့ကို

နှိမ်နှင်းသည့် အုပ်စုအကျိုးစီးပွားစံနှုန်းအသုံးချပုံကို အသေးစိတ် ထုတ်ပြန်ခဲ့သည်။

Cambridge Analytica ၏အချက်အလက် အလွဲသုံးမှု

အရှုပ်တော်ပုံ ထွက်ရှိခဲ့ပြီးနောက် ပွင့်လင်းမြင်သာမှု အတွက် တောင်းဆိုမှုများကို တုံ့ပြန်မှုအဖြစ် နေ့စဉ်အကောင့်တုများ

ဖန်တီးရန် ကြိုးပမ်းသည့် အကောင့်သန်းပေါင်းများစွာကို ပိတ်ပစ်ခဲ့သည်ဟု Facebookကထုတ်ပြန်ခဲ့သည်။

ဒီလို ပိတ်ပစ်ခဲ့ပေမယ့်လည်း အကောင့်တုများသည် အသုံးပြုနေသည့် အကောင့်အားလုံး၏ သုံးရာခိုင်နှုန်းမှ လေးရာခိုင်နှုန်းအထိ ရှိနေဆဲဟု Facebook ကထုတ်ပြန်ခဲ့သည်။

ထိုကာလအတွင်း မလိုအပ်သည့် ကြော်ငြာ ရာနှုန်းပြည့်ကို စစ်ဆေးသိရှိခဲ့ပြီး ယင်းကဲ့သို လက်ခံယုံကြည် ရသည့် post ၈၃၇သန်းကို ဖယ်ရှားခဲ့သည်ဟု ဆိုသည်။

ပထမသုံးလပတ်အတွင်း Facebook သည် လိင်ပိုင်းဆိုင်ရာ (သို့မဟုတ်) ကြမ်းကြုတ်သောပုံများ၊ အကြမ်းဖက်ဝါဒဖြန့်ချိရေး (သို့မဟုတ်)

အမုန်းစကားများ ပါဝင်သည့် post သန်း၃၀ကို ဖယ်ရှားခြင်း (သို့မဟုတ်) သတိပေးချက်များ ပေးပို့ခဲ့သည်။ AI နည်းပညာကလည်း ကြမ်းကြုတ်သောပုံများပါဝင်သည့် post ၃ဒဿမ ၄သန်းကိုလည်း ဖယ်ရှားနိုင်ခဲ့သည်ဟု ဆိုသည်။

Read-ဒေတာ အရှုပ်အရှင်းတွေ ရှိခဲ့ပေမယ့်လည်း အကျိုးအမြတ်ပိုရသွားတဲ့ Facebook

Source; Daily Eleven

Read times
Rate this item
(1 Vote)