-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်လာတော့မည့် မြန်မာနိုင်ငံ

ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်လာတော့မည့် မြန်မာနိုင်ငံ google.com

ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ(LCD) အဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့် စံနှုန်းသုံးခုစလုံးနှင့် ပထမဆုံး အကြိမ် အဖြစ် မြန်မာနိုင်ငံ ပြည့်မှီ လာပြီဖြစ်ကြောင်း

ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာ ကော်မတီ၏

အစီရင်ခံစာတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၈ခုနှစ် ၊သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) တွင်ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ (LDC) အဆင့်မှ လွတ်မြောက်ရေးစံနှုန်းများအဖြစ်

တစ်ဦးချင်းဝင်ငွေ (Gross National Income –GNI) အမေရိကန်ဒေါ်လာ ၁၂၃၀ ထက်ကျော်လွန်ရန်၊ လူသားအရင်းအနှီးညွှန်းကိန်း (Human Access Index –HAI) ၃၂နှင့် အောက်ရှိရန်

လိုအပ်သည်ဟု သတ်မှတ်ထားခြင်း ဖြစ်ကြောင်းသိရသည်။

သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် မြန်မာနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၅၅၊ လူသားအရင်းအနှီးညွှန်းကိန်း ၆၈ ဒဿမ ၅နှင့် စီးပွားရေးထိခိုက်နစ်နာလွယ်မှု ဆိုင်ရာညွှန်းကိန်းသည် ၃၁ ဒဿမ ၇ရှိခဲ့သဖြင့်

ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ အဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်း သုံးခုလုံးနှင့် ပြည့်မီသွားခြင်းဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာ အရသိရသည်။

မြန်မာနိုင်ငံအနေနဲ့ တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်း၍ လာမည့် ၂၀၂၁ခုနှစ် Triennial Review တွင်စံနှုန်း သုံးခုအနက် အနည်းဆုံး နှစ်ခု ဆက်လက်ပြည့်မီပါက

ယင်းနှစ်နောက် ပိုင်းတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံစာရင်းမှ လွတ်မြောက်ရန်အတွက် လမ်းစပွင့်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဋ္ဌာန ကသိရသည်။

မြန်မာနိုင်ငံသည် ၁၉၈၇ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း လွတ်မြောက်ရေး ဆိုင်ရာစံနှုန်းသုံးခုလုံးနှင့် ပထမဆုံးအကြိမ်ပြည့်မီခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Read-နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFကထုတ်ပြန်တဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံများ

Source; Pyi Myanmar Journal

Read times
Rate this item
(1 Vote)