-->
×

Warning

JUser: :_load: Unable to load user with ID: 29


အမေရိကန်မှာ IPhone ကိုင်နိုင်မှ သူဌေးစာရင်းဝင်တယ်ဆိုပဲ!

အမေရိကန်မှာ IPhone ကိုင်နိုင်မှ သူဌေးစာရင်းဝင်တယ်ဆိုပဲ! google.com

အမေရိကန်မှာ iPhone ကိုင်နိုင်မှ လူချမ်းသာလို့ ထင်ကြတယ်လို့ စစ်တမ်း တစ်ခုက ဖော်ပြလိုက်ပါတယ်။ ဒါဟာလည်း မလွန်ပါဘူး။

အခုဆိုရင် အိုင်ဖုန်းများဟာ အခြား ပြိုင်ဖက် စမတ်ဖုန်းများထက် တန်ဖိုးကြီးမားကြ ပါတယ်။

နောက်ဆုံးထုတ် iPhone X ဟာ ဒေါ်လာ ၁၀၀၀ တောင် တန်ကြေးရှိတဲ့အတွက် တော်ရုံလူ မ၀ယ်နိုင်ပါဘူး။

ချီကာဂို တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Marianne Bertrand နဲ့ Emir Kamenica တို့ရဲ့ သုတေသန စစ်တမ်းအရ အမေရိကန်မှာ ချမ်းသာခြင်းကို iPhone/ iPad ကိုင်နိုင်ခြင်းနဲ့ တိုင်းတာတယ်လို့ သိရပါတယ်။

“ကျွန်တော် တို့ နှစ်များစွာကြာ ကောက်ယူထားတဲ့ ဒေတာများအရ အခြား ဘရန်းများကို ကိုင်ရင် ၀င်ငွေကောင်းတယ်လို့ လူတွေက မထင်ကြပါဘူး။

၂၀၁၆ ခုနှစ်မှာ အိုင်ဖုန်း ကိုင်မှသာ ၀င်ငွေ ကောင်းသူ အဖြစ် မြင်ကြတာပါ။” လို့ ပညာရှင် များက စစ်တမ်းမှာ ဖော်ပြထားပါတယ်။

အိုင်ဖုန်းကိုင်မှ လူချမ်းသာလို့ ထင်လာကြတာ ၂၀၁၆ ခုနှစ်က စတာပါ။

၁၉၉၂ ခုနှစ်မှာ လူချမ်းသာလို့ အထင်ခံကြရတဲ့ လူများဟာ Grey Poupon Mustard ကို ၀ယ်နိုင်သူများ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်ကအထိ Land O’ Lakes Butter နဲ့ Kikkoman Soy Sauce တို့ကို သုံးနိုင်တဲ့ အိမ်ထောင်စု များဟာ ၀င်ငွေကောင်းသူ အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

စစ်တမ်းက အမေရိကန် Carrier တစ်ခုဖြစ်တဲ့ Verizon ကို သုံးသူများကိုလည်း လူချမ်းသာ အဖြစ် ထင်ကြကြောင်း ဖော်ပြထားပါတယ်။

သုတေသနစစ်တမ်းမှာ ချမ်းသာတဲ့ လူများ ကြည့်တဲ့၊ ဖတ်တဲ့ တီဗီရှိုးများ၊ ရုပ်ရှင်များ၊ မဂ္ဂဇင်းများကိုလည်း ဖော်ပြထားပါတယ်။

စားသုံးသူများရဲ့ အမူအကျင့်များ အလိုက် အသုံးပြုတဲ့ ဘရန်းများကိုပါ စစ်တမ်းကောက်ယူ ထားပါတယ်။

Recommended for you-ကိုယ့်ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်ဖန်တီးပါ

Myanmar Advertising Directory

Source; Myanmar ICT Gudie

Read times
Rate this item
(1 Vote)