-->
×

Warning

JUser: :_load: Unable to load user with ID: 29


မြန်မာလူငယ်တွေအတွက် စွန့်ဦးတီထွင်လုပ်ငန်း (၃) ခု

မြန်မာလူငယ်တွေအတွက် စွန့်ဦးတီထွင်လုပ်ငန်း (၃) ခု google.com

မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် (MCF) နဲ့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်းကျင်းပတဲ့ အစီအစဉ်ကနေ လူငယ်နည်းပညာစွန့်ဦးတီထွင်လုပ်ငန်း (၃) ခု ပေါ်ထွက်ခဲ့ပါတယ်။

 

အဲဒီ Myanmar Youth Technopreneurship Development Program 2018 မှာ

မြန်မာနိုင်ငံ အနှံ့အပြားက လူငယ်စွန့်ဦးတီထွင်အဖွဲ့တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသင်း(၃) သင်းကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ အသင်းတွေကတော့ အသံထွက် စာအုပ်တွေကို App ကနေတစ်ဆင့် အသုံးပြုမယ့် DAT Techologies ကုမ္ပဏီ၊

ကုန်ကျစရိတ်သက်သာတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးမယ့် KLENIC Myanmar ကုမ္ပဏီနဲ့ Gamer အချင်းချင်း ချိတ်ဆက်ပေးမယ့် DIGI Tech ကုမ္ပဏီတို့ ဖြစ်ပါတယ်။

အဲဒီ (၃) သင်းအနေနဲ့ လုပ်ငန်းစတင်လုပ်ဖို့ အတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ ဆုကြေးငွေ ကျပ်သိန်း (၅၀) တို့လွှဲပြောင်းပေးခြင်းတို့ အတွက် နားလည်မှုစာချွန်လွှာရေးထိုးပွဲကို 6.8.2018 မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

"အခု ပထမနှစ်ရဲ့ ပွဲအပြီးမှာ စိတ်ကူးစိတ်သန်း ကောင်းကောင်းနဲ့ လုပ်ငန်းသစ် သုံး ခုကို တော့

ကုမ္ပဏီမှတ်ပုံတင်ပေးပြီး လုပ်ငန်းတွေ စတင်လည်ပတ်နိုင်အောင် ဝိုင်းဝန်းကူညီ ထောက်ပံ့နေပါတယ်။

နောက်နှစ် လောက်ဆိုရင် သူတို့ ကုမ္ပဏီ တစ်ခုဆီရဲ့ နည်းပညာထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတွေဟာ

ဈေးကွက်ထဲကို ရောက်ရှိနေရာ ယူလာမယ်လို့ မျှော်လင့်မိပါတယ်" လို့ အဲဒီအခမ်းအနားကို ဦးဆောင်စီစဉ်တဲ့ Kanaung Hub Incubation စင်တာမှာ ရုံးခန်းနေရာ၊

ဆုကြေးငွေတွေသာမက နည်းပညာ၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းနဲ့

 မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့မှ အလုပ်အမှုဆောင်တွေကလည်း အကြံဥာဏ်တွေ ပေးအပ်မယ်လို့ သိရပါတယ်။

Recommended for you-ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်က ပေးတဲ့ အကြံဥာဏ်

Source; internetjournal

 

Read times
Rate this item
(1 Vote)