-->
×

Warning

JUser: :_load: Unable to load user with ID: 29


SME လုပ်ငန်းအနည်းငယ်မျှသာ ချေးငွေရသဖြင့် စိတ်ပျက်နေကြ

SME လုပ်ငန်းအနည်းငယ်မျှသာ ချေးငွေရသဖြင့် စိတ်ပျက်နေကြ google.com

မှတ်ပုံတင်ထားတဲ့ SME လုပ်ငန်း ခြောက်သောင်းကျော် ရှိသော်လည်းချေးငွေရရှိမှုမှာ ရာဂဏန်းခန့် သာ ရှိသဖြင့် လုပ်ငန်းရှင်များ စိတ်ပျက်နေကြောင်းသိရသည်။

စက်တင်ဘာ ၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အုတ်တွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ချိုချိုက

ကူညီထောက်ပံ့မှုများ လိုအပ်နေသော ငွေအရင်းအနှီး နည်းပါးသူ အမှန်တကယ်အလုပ်လုပ်နေကြသည့် SME လုပ်ငန်းရှင်များ လက်ထဲသို့ ချေးငွေများ ချောမွေ့လွယ်ကူစွာ

ရောက်ရှိစေရေးအတွက် သတ်မှတ်ကန့်သတ်ချက်များကို ဖြေလျှော့ပြီး မြေတောင်မြှောက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းမေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံတွင် SME လုပ်ငန်းများအတွက် မှတ်ပုံတင်ထားသည့်လုပ်ငန်း ခြောက်သောင်းကျော်ရှိသော်လည်း

SME ချေးငွေစီမံကိန်းများ အကောင်အထည်ဖော်နိုင်မှုကတော့ ရာဂဏန်းလောက်သာရှိပါတယ်။

ချေးငွေထုတ်ချေးရာတွင်လည်း စိတ်ပျက်အားလျော့စေနိုင်တဲ့ အကြောင်းပြချက်အမျိုးမျိုးကို ရင်ဆိုင်နေရတဲ့ အတွက်ကြောင့် ပကတိ အခြေအနေမှာ ချေးငွေမရရှိဘဲ ဖြစ်နေရပါတယ်" လို့ ၄င်းက ပြောပါတယ်။

SME လုပ်ငန်းရှင်များဟာ ချေးငွေရရှိဖို့ သတ်မှတ်ချက် အများစုနှင့် ပြည့်စုံပေမယ့် အပေါင်အာမခံပစ္စည်းထားရှိရေးအတွက်

သက်ဆိုင်ရာ ဌာနတွေရဲ့ အားနည်းချက်ကြောင့် မြေဂရမ်ပြည့်စုံစွာ မရှိသည့် အကြောင်းပြချက်အရ ချေးငွေမရရှိခြင်း၊

လုပ်ငန်းများရဲ့ ထုတ်လုပ်မှု အင်အားကို အရင်းအနှီး ခိုင်မာသည့် လူနည်းစုသာ လုပ်နိုင်သဖြင့် ချေးငွေရရှိသူများမှာလည်း များသောအားဖြင့် ငွေကြေးခိုင်မာသည့် သူများဖြစ်ကြောင်း ၄င်းက ပြောပါတယ်။

"SME ချေးငွေအတွက် သတ်မှတ်ချက်တွေဟာ ငွေကြေးအင်အားနည်းပါးပြီး ချေးငွေကို အမှတ်တကယ် လိုအပ်သူတွေအတွက်

ချေးငွေ အမှန်တကယ်မရရှိဘဲ ဟန်ပြသာ ဖြစ်နေလားဆိုတာ သံသယဖြစ်စရာဖြစ်နေပြီး SME လုပ်ငန်းရှင်များမှာလည်း စိတ်ဓာတ်များကျလို့ နေပါတယ်" လို့ ၄င်းက ပြောခဲ့ပါတယ်။

လုပ်ငန်းငယ်များကို အပေါင်ပစ္စည်းမပါဘဲ အများဆုံး ကျပ်သိန်း ၂ဝဝ အထိ ထုတ်ချေးပေးမည့် အစီအစဉ်ကိုလည်း လက်တွေ့ ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်း ဆက်လက်ပြောပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံ JICA ရဲ့ SME ချေးငွေစီမံကိန်းများ အတွက် အတိုးနှုန်း သုည ဒသမ ဝ၁ သာ ယူထားသော်လည်း

စီမံ ဘဏ္ဍာမှ သက်ဆိုင်ရာဘဏ်များသို့ အတိုးနှုန်း လေးရာခိုင်နှုန်းယူကာ ချထားပေးပြီး ဘဏ်များက SME လုပ်ငန်းအတွက်

ချေးယူသူများထံ ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးပေးကြောင်း ၄င်းကပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက "SME ချေးငွေများနဲ့ ပတ်သတ်ပြီး အဆင့်ဆင့် ဖြေလျှော့ပေးတာတွေရှိပါတယ်။

ယခင်က ထောက်ခံချက်ရယူရာမှာ ရုံးချုပ်အထိတင်ပြသော်လည်း ယခုအခါ သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးများတွင် ထုတ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

JICA တွင် မှတ်ပုံတင်ထားသော ကုမ္ပဏီ ဖြစ်ရမယ်လို့ ယခင်က သတ်မှတ်ထားသော်လည်း ယခုအခါ အဆိုပါ သတ်မှတ်ချက်ကို ဖြေလျှော့ထားပြီဖြစ်ပါတယ်" လို့ ပြောခဲ့ပါတယ်။

SME မန်ဘာကတ် ရှိပါက ကျပ်သိန်း ၂ဝဝ ထုတ်ချေးပေးနိုင်ရန်စီစဉ်ထားပြီး နောင်တွင် ကျပ်သိန်း ၂ဝဝ ထက်ကျော်လွန် ထုတ်ချေးပေးရန်လည်း စီစဉ်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောခဲ့ပါတယ်ခင်ဗျာ...

Recommended for you-မြန်မာလူငယ်တွေအတွက် စွန့်ဦးတီထွင်လုပ်ငန်း (၃) ခု

Source; democracy tody

Read times
Rate this item
(0 votes)