-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာမည်ကြီးကော်ဖီဆိုင် Starbucks က မြန်မာနိုင်ငံမှာ ဆိုင်ခွဲမဖွင့်တော့တာ ဘာကြောင့်လဲ?

နာမည်ကြီးကော်ဖီဆိုင် Starbucks က မြန်မာနိုင်ငံမှာ ဆိုင်ခွဲမဖွင့်တော့တာ ဘာကြောင့်လဲ? google.com

ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတဲ့ ကော်ဖီဆိုင်တွေထဲက တစ်ဆိုင်ဖြစ်တဲ့ Starbucks ကော်ဖီဆိုင်ဟာ

မြန်မာနိုင်ငံမှာ ဆိုင်ခွဲလာရောက်ဖွင့်လှစ်တော့မယ်လို့ အစီစဉ်တွေဆွဲထားခဲ့ပြီးသော်လည်း

ယခုအချိန်တွင် လာရောက်ဖွင့်လှစ်ရန် အစီအစဉ်တွေမရှိတော့ကြောင်းကို Starbucks ကုမ္ပဏီရဲ့ တရုတ်နဲ့ အာရှပစိဖိတ်ဒေသ ပြည်သူ့ဆက်ဆံရေးဒါရိုက်တာ မစ္စမယ်ရီယန်ဒွမ် က ဆိုလာပါတယ်။

"ကျွန်မတို့အနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဈေးကွက်စီးပွားရေး တိုးချဲ့ဖို့လုပ်ဆောင်နေခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ဖို့အတွက် အစီအစဉ် မရှိသေးပါဘူး"လို့ မစ္စမယ်ရီယန်ဒွမ်က ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က Starbucks က မြန်မာနိုင်ငံမှာ Coffee Concept Myanmar (CCM) ကုမ္ပဏီအဖြစ် ကန်ဒေါ်လာ ခြောက်သန်းရင်းနှီးမြှုပ်နှံပြီးတော့ ဆိုင်ခွဲ ၂ဝ ဖွင့်လှစ်ရန်ရှိတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။

အဆိုပါ လုပ်ငန်းကို ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ကော်မရှင်က ၂ဝ၁၈ မေလ ၁၂ ရက်တွင် ခွင့်ပြုခဲ့တာဖြစ်ပြီး Starbucks ပထမဆုံးဆိုင်ကို ရန်ကုန်မြို့ Sule Square မှာ ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာပါ။

ဒီလုပ်ငန်းစဉ်အတွက် အသေးစိတ်နှင့် ဆိုင်များဖွင့်လှစ်မည့် အစီအစဉ်ရပ်ဆိုင်းတဲ့ အကြောင်းအရင်းကို အမေရိကန် ကုမ္ပဏီက ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

Starbucks နှင့် ပတ်သတ်ပြီး ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လုပ်ငန်းခွင့်ပြုထားပြီး လုပ်ငန်းမလုပ်ကိုင်တော့ကြောင်း ကော်မရှင်သို့ လာရောက်ဆက်သွယ်ခြင်းမရှိသေးဘူးလို့ ကော်မရှင်က တာဝန်ရှိသူက ပြောသည်။

"ခွင့်ပြုမိန့်ပြန်အပ်တာမရှိသေးပါဘူး။ ပြန်အပ်ဖို့ ဆက်သွယ်တာလည်း မရှိသေးပါဘူး" ဟု တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

မကြာသေးခင်ကပဲ Starbucks ကော်ဖီဆိုင်လာဖွင့်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံက ပြည်သူတွေကြား ဂယက်တွေ ရိုက်ခဲ့ပြီး

လူပြောသူပြော များခဲ့ကြသေးတာပါ။ အခုတော့ Starbucks အိပ်မက်တွေ ရေစုန်မျှောသွားခဲ့ရပြီလားဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

Recommended for you-မြန်မာ့လုပ်ငန်းရှင်ဆု ဘယ်သူရမလဲ?

Source; nanmalgyi

Read times
Rate this item
(1 Vote)