-->
×

Warning

JUser: :_load: Unable to load user with ID: 29



Wash Hand Billboard & Afew Billboard Wash Hand Billboard & Afew Billboard Forbes



 


 


 


 


 

ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွား စဉ် Facebook မှ ကြော်ငြာ ရောင်းအားပိုမိုတက်လာ

 


 


 

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

 

 

<<< Unicode >>>

 

ကမ္ဘာ့ငွေရေးကြေးရေး ကပ်ဆိုက်သော ၂၀၀၈ ကာလထက် ကိုရိုနာ ရောဂါဖြစ်ပွားခြင်းက ကြော်ငြာ လောကအတွက် ပိုဆိုးစေလိမ့်မည်ဟုဆို

-----------------------------------

နယူးလောဇ့်မြို့ရဲ့ Time Square မှာ ကိုရိုနာ ဗိုင်းရပ် မဖြစ်ခင်က ကြော်ငြာ များပြားပြည့်လျှံစွာရှိခဲ့ပါတယ် ယခုကတော့ ( သင့်လက်ကိုဆေးပါဆိုတဲ့ ) ကြော်ငြာ နှင့် အတူ အခြား Billboard လေး များသယောင်ခက်နဲနဲ သာတွေ့ရပါတော့တယ်။

 

ယခု လက်ရှိ အနေအထားအား လုပ်ငန်း ၄၀၀ လောက်နီးနီးကို လေ့လာချက် စစ်တမ်း အရ ကိုရိုနာ ရောဂါ ကမ္ဘာအနှံ ဖြစ်ပွားခြင်းက ၇၄ ရာခိုင်နှုန်းလောက် ကြော်ငြာ ရေးရာ ကိစ္စရပ်များအတွက် များစွာ အကျိုးသက်ရောက်မှု့ ရှိတယ်လို့ သိရတယ့်အပြင်
ဈေးကွက်စီမံ ခန့်ခွဲမှု့ ရေးရာ သမား များကတော့ ယခု ဖြစ်နေတဲ့ အခြေအနေက ယခင် ၂၀၀၈ ခုနှစ် ကမ္ဘာ့ စီးပွားရေး ကျကပ်တုန်းထက်ပိုမိုအခြေအနေဆိုးရွားနေပါတယ်တဲ့။

 

ရှာဖွေတွေ့ရှိချက်တွေ အရ Digital Marketing နည်းလမ်းတစ်ခုသာ အသုံး ပြု နိုင်ပါတော့တယ် OOH Advertising တွေ တစ်ခန်းရပ်သွားခဲ့ပါပြီ ဒါ့ကြောင့် ကြော်ငြာ ရေးရာရဲ့ ၄ ပုံ ၃ ပုံ က ရပ်တန့် နေပြီသိရပါတယ်။တချို့ တွေကတော့ဒီနှစ် နှစ်လယ်လောက်မှ ပြန်စတော့မယ်သိရပါတယ်။

 

IAB ရဲ့ ဥက္ကထ ဖြစ်သူ David Cohen ရဲ့ ပြောကြား ချက် ကတော့ " ယခုလို အချိန်မှာ ဈေးကွက်မြှင့်တင်ရေး သမားတွေအနေနဲ့ ကြော်ငြာ ရေးရာ ကိစ္စ ရပ်တွေလုပ်ကိုင်နေမှုကို ခေတ္တ ရပ်ထားပါ , အေးဆေးစွာ အသက်ရှုသွင်းပြီး ဒါဟာ ကမ္ဘာနှင့် တစ်ဝှမ်းခံစား နေရတဲ့ဒုက္ခပဲ မို့ သင့်ကိုယ်သင် နားလည်နိုင်အောင်ကြိုးစားပါ '' လို့ပြောကြားထားပါတယ်။

 

ဗီဒီယိုကြော်ငြာ တွေနဲ့ Digital Advertising က တော့ အခုအခြား ကြော်ငြာ တွေ ထက်အရမ်းကို ကြော်ငြာ နေရပေမဲ့လည်းကြော်ငြာ ရေး နယ်ပယ်ဆိုတာ က အပြင်ဘက်ကြော်ငြာ တွေလဲ ပါနေတာကိုး ဖေဖော်ဝါရီလလောက်ထဲက ကိုရိုနာရောဂါကြောင့် နိုင်ငံ တချို့ မှာ လက်ကမ်းစာစောင်လိုက်ဝေရင်လူတွေက လက်မခံ ကြတော့ဘူးလို့သိရပါတယ်။

 

လူတွေက အိမ်အပြင် မထွက်ကြတော့ဘူး အိမ်မှာပဲ နေကြတာတွေ့ရတော့ သမားရိုးကျကြော်ငြာ နည်းတွေဖြစ်တဲ့ လမ်းမပေါ်က Billboard တွေ ၊ Bus ကားမှတ်တိုင်ကြော်ငြာ တွေကို ကြော်ငြာ ထားရင်တောင် လူတွေက အပြင်မထွက်ရတော့ ကြည့်တဲ့သူ လုံးဝ မရှိတော့ ပါဘူးတဲ့။

 

ဒါ့ထက် ဥပမာပြောရရင် တိုကျိုမှာလုပ်မည့် အိုလံပစ်ပွဲတော်လို ကြော်ငြာ အများအပြား ကြော်ငြာ လို့ ရနိုင်တဲ့ ပွဲတော်တွေက ကျင်းပါ့ခွင့်မရှိတော့ တီဗီကြော်ငြာ ရေးရာမှာလဲ ထိခိုက်နေပြန်ရော။ဒါ့ကြောင့် လုပ်ငန်းအများစုက ကြော်ငြာ ရေးရာ ကို ငွေ သိပ်သုံးစွဲ ဖို့ အာရုံ မရကြတော့ဘူး ဒါပေမယ့် တချို့ စီးပွားရေး လုပ်ငန်းရှင်တွေက တော့'' လက်ဆေးပါ '' ဆောင်းပါးနေရာ မှာ ၎င်းတို့ ရဲ့ ပိုးသတ် ဆပ်ပြာကြော်ငြာ ထည့်တာမျိုး လုပ်ကိုင်လျက်ရှိနေပါတယ်။

 

ဒီနှစ်လယ်လောက်မှာကိုရိုနာ က ဖြစ်ပွားမှု့ နှုန်းပါးသွားပြီဆိုရင်တော့ ကြော်ငြာရေးရာ ကိစ္စ ရပ်တွေမှာ နဂိုအတိုင်းပြန်လည် လည်ပတ်လာနိုင်ပါတယ်။ဒါပေမဲ့လည်း အခု အချင်းအရာ တွေကို ဘာမှ သေချာ ပြောပြလို့ မရ သေးပါဘူး အနေအထားက ကြော်ငြာရေး ရာတွေမှာမှ မဟုတ်ပါဘူး ကျန်တဲ့ စီးပွားရေး နဲ့ ဆက်စပ်ကိစ္စရပ်တွေအကုန် နားထားရတယ်လို့ သိရပါတယ်။

 

Ref : Forbes 

Myanmar Advertising Directory

Read times
Rate this item
(0 votes)