-->
×

Warning

JUser: :_load: Unable to load user with ID: 29


SEO အတွက် တွေးတောသင့်သည့် အချက် ၃ ချက်

SEO ဆိုတာ Search engine optimization ကို အတိုကောက် ခေါ်ဝေါ်တဲ့ အမည်တစ်ခုဖြစ်ပါတယ်။ Digital Marketing ဆိုင်ရာကိစ္စရပ်တွေမှာ သင့်ရဲ့ Website ကို ရှာဖွေရ လွယ်ကူစေဖို့ နဲ့ Website ထဲမှ အခန်းကဏ္ဍ များအားလွယ်ကူစွာ ရှာဖွေတတ်စေရန် အတွက် ပြုလုပ်ထားတဲ့ လုပ်ငန်းစဉ် တစ်ခုကို ဆိုလိုခြင်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် သင့် Website နှင့်အတူ တခြားသော Website ပေါင်းများစွာက လုပ်ငန်းစဉ်များကို တပ်တူလုပ်ဆောင်နေရပြီး Website ကို ထိပ်ဆုံးမှာ ရှာတွေ့နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက SEO ရဲ့ Digital Marketing နည်းဗျူဟာ အတွက် အရေးပါ အရာရောက်တဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။

အကယ်လို့ ကိုယ်သာ Search engine optimization ကို အဓိကလုပ်ကိုင်နေတဲ့ သူတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဒါဟာ အံသြစရာ ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်ဟာ ကိုယ့်လုပ်ငန်းအတွက် အရေးပါနေလို့ပါပဲ။

သင့်မှာ လူတွေကို သင့် Website ထဲကို မောင်းသွင်းဖို့ နည်းလမ်းများစွာ ရှိပါတယ်။ ဥပမာ အခ ကြေးငွေပေးရတဲ့ ကြော်ငြာများ { ရေဒီယို ၊ တီဗီ } စသော ကြော်ငြာများ ၊ Social Media များပေါ်ရှိ ကြော်ငြာများ ၊ နာမည်ကြီး Website ပေါ်ရှိ ခေါင်းစီးကြော်ငြာများ တွေကနေ လူ ဆွဲသွင်းနိုင်ပေမဲ့ လူအချို့တစ်ဝက်လောက်ကိုပဲ ဆွဲသွင်းပေးနိုင်မှာ ဖြစ်ပါတယ်။

SEO အဆင်ပြေဖို့ အတွက်ဆိုရင် သတ်ပုံ မှန်ကန်ခြင်း ၊ ကြည့်ရှုသူများခြင်း ၊ မှန်ကန်စွာ Link ၀င်ရောက်ကြည့်ရှုသူ အရေအတွက် နဲ့ တခြားသော Site များမှ မိမိ Site ကို Link ချိတ်ပေးထားခြင်းမှ ဝင်ရောက်လာသူ အရေအတွက် စတဲ့ အချက်တွေကို ကြည့်ပြီး
SEO Strong အဖြစ်ဆုံး Site ကို Search Result ထိပ်ဆုံး မှာ Ranking အလိုက် ဖော်ပြပေးလေ့ ရှိပါတယ်။

တကယ်တန်းခက်ခဲတာက သင့် Web ကို လူတွေ ဆွဲသွင်းရုံတင် မဟုတ်ပဲ ရှိတဲ့လူတွေကိုထိန်းဖို့ နဲ့ သင့် Website ကို စိတ်ဝင်စားပြီး လာလည်ချင်သူတွေအတွက် သက်တောင့်သက်သာ ရှိနေဖို့လည် လိုပါတယ်။ Web analytics company တစ်ခုဖြစ်တဲ့ Parse.ly ရဲ့ နောက်ဆုံးထွက်လာတဲ့ စစ်တမ်းအရ SEO က အရေးပါပါတယ်။ SEO ကလက်တွေ့ကျကျ သင့် Website ကို လူရောက်စေဖို့ ထိန်းပေးမှာလည်း ဖြစ်ပါတယ်။ Google ရဲ့ နောက်ဆုံးစစ်ဆေးချက်များအရ SEO ကို သေချာစွာ သုံးသပ်မယ်ဆိုရင် အတွင်းကျကျ လေ့လာဖို့ လိုအပ်သလို SEO က အကုန်အကျလည်းများပါတယ်။

Google မှ ခုနှစ်ထောင်ကျော်သော Website တွေဟာ ရာကျော်သော ထုတ်ကုန်နဲ့ စျေးကွက်စီးပွားရေး သမားတွေ ရဲ့ လက်အောက်မှာ ရှိနေပါတယ်။ နေ့စဉ် SEO အတွက် ပြောင်းလဲမူ့ပေါင်း ၂၀၀ ကျော်ရှိပြီး
သူတို့တွေရဲ့ ဦးတည်မူ့က SEO ဘက်ကိုသာ စိတ်အားထက်သန်နေ ကြပါတယ်။

၁ ။ SEO ရလဒ်ကောင်းအတွက် တဖြေးဖြေးချင်း စတင်လုပ်ဆောင်ပါ။

ဒါက အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဘယ်အရာမှာမဆို အစကိုကောင်းမွန်စွာလုပ်ဆောင်ပြီး ဖြည်းဖြည်းနဲ့ မှန်မှန်လေးသွားမယ်ဆိုရင် ရလဒ်ကောင်းက မလွဲမသွေ ရရှိမှာပါ။ SEO ရလဒ်ကောင်းတစ်ခုရလာဖို့ကို အချိန်ကုန်တော့ခံရပါမယ်။ သင်သိထားရမှာက SEO ဘက်မှာ အနည်းငယ်လေးလုပ်ဆောင်ရင်တောင် အကျိုုးအမြတ်က ၂ ဆ ရရှိပါတယ်။ နောက်တစ်ခု သတိထားရမှာက over 75 % က Google မှာ English လိုပဲ ဖြစ်တာမို့ သင့် အနေနဲ့ Web ရဲ့ Keywords တွေကို ရှာရလွယ်ကူဖို့ English လို ရေးသင့်ပါတယ်။

၂ ။ အပြောင်းအလဲတွေကို မကြောက်ပါနဲ့ , ရင်ဆိုင်လိုက်ပါ။

SEO ကလည်း အမြဲ up to date ဖြစ်နေတာမျိုးဖြစ်ပြီး ဘယ်လိုနည်းလမ်းကို သုံးထားလျှင် SEO မှ ထိပ်ဆုံးက ပြ ပေးမလဲဆိုတာ မျိုးကရှိပါတယ်။ ထိုနည်းလမ်းတွေက အမြဲပြောင်းလဲနေပါတယ်။ ပြောင်းသလောက်ကို သင့်ဘက်က လိုက်မှီ နိုင်မှသာလျှင် သင်အဆင်ပြေမှာ ဖြစ်ပါတယ်။ ပြောင်းလဲမှုတွေက သင့်အတွက်တော့ ခေါင်းပူရင်ပူနေစရာ တစ်ခုဖြစ်ပါလိမ့်မယ်။ ဒါကတော့သင့်ကို SEO နဲ့ ရင်းနှီးမှုရှိစေမှာပါ။

ဥပမာ ပြောရရင် မနှစ်က Google မှ Google Search Console ရဲ့ ပြစ်ချက်ရှာခြင်းကို အာရုံစိုက်ခဲ့ကြပါတယ်။ ဒေတာတွေကိုအစီစဉ်တကျ တည်ဆောက်တယ် ၊ Think With Google Site မှာ AMP ကိုစတင် အကောင်အထည်ဖော်ခဲ့တယ်။ AMP ရဲ့ ပြစ်ချက်တစ်ခုကို ပြုပြင်လိုက်တဲ့ အချိန်မှာ ၂၀၀ % လောက် လူတွေရဲ့ စိတ်တိမ်းညွတ်မှု ရရှိခဲ့ပါတယ်။ ဒါတင် မကသေး Content တွေကို စနစ်တကျ စီစစ်ချိန်မှစပြီး ၁ ရက်မှာအကြိမ် ၁၀၀၀ လောက် ကြည့်သူရှိခဲ့ပါတယ်။

ယနေ့ ခေတ်မှာတော့ Google search ကလည်းကောင်းမွန်ပြီး မြန်ဆန်တဲ့ တုန့်ပြန်မှုတွေကို ပေးနေပြီး ၅၀ ရာခိုင်နှုန်းသော Website ကိုကြည့်တဲ့ လူအများစုက မိုဘိုင်းဖုန်း User များပဲ ဖြစ်ပါတယ်။ ထို User တွေကို သူတို့လိုချင်တာနဲ့ ထပ်တူကျတာကို ပြပေးတဲ့ အပြင် ဆင်တူသော အရာများကိုလည်း Google Search ကနေပြ ပေးသွားမှာ ဖြစ်ပါတယ်။

၃ ။ ဖြစ်နိုင်တဲ့ အရာတွေကို ပေါင်းစည်းပါ။

ရံဖန်ရံခါမှာ Web အသေးလေးတွေ အများကြီး ပွထနေတာကို တွေ့ရတတ်ပါတယ်။ အ့ဒီ Web တွေထဲ မှာ အရမ်းကို တူလွန်းတဲ့ Content တွေ ရှိနေတတ်ပါတယ်။ Google မှ မတူညီတဲ့ User တွေကို ပစ်မှတ်ထားပြီး စျေးကွက်စီးပွားရေး နဲ့ ရည်မှန်းချက်တွေ အတွက် ပုံစံတူ နီးပါး Duplicate Website တွေကို ပြုလုပ်ခဲ့ပါတယ်။ အ့ဒီလို Duplicate Website မှ ဆင်တူ Content တွေကြောင့် User တွေကို စိတ်ရှုပ်ထွေးစေတဲ့ အပြင် Search Engines ကိုပါ ရှုပ်ထွေးစေပါတယ်။ အကောင်းဆုံးကတော့ သေးသေးလေးတွေ လိုက်လုပ်နေမဲ့ အစား အကောင်းစား Website အကြီး တစ်ခုကို လုပ်ထားတာက ပိုအဆင်ပြေတဲ့ အပြင် organic growth တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

သင့်ရဲ့ Website အား Google’s SEO strategy ကို အသုံးပြုသင့်ပါတယ်။ အစောက ပြောတဲ့ အချက် ၃ ချက်ကို အာရုံစိုက်ထားပြီး အပြောင်းအလဲတွေကို စိန်ခေါ်နိုင်မယ် ဆိုရင်တော့ တကယ့်ကို SEO Strategy ကောင်းတစ်ခုကို လိုက်မှီနိုင်ပါလိမ့်မယ်။

Google မှ Website ပိုင်းဆိုင်ရာ ပညာရှင် Sean O'Keefe ရေးသားသည်။

Read times
Rate this item
(1 Vote)