-->
×

Warning

JUser: :_load: Unable to load user with ID: 29


Budget နည်းနည်းနဲ့ Target ထားတဲ့သူတွေဆီ တိုက်ရိုက်ကြော်ငြာနိုင်ချင်တယ်ဆိုရင်

Budget နည်းနည်းနဲ့ Target ထားတဲ့သူတွေဆီ တိုက်ရိုက်ကြော်ငြာနိုင်ချင်တယ်ဆိုရင် Google

ကိုယ်ရောင်းမယ့်ပစ္စည်းကို စိတ်ဝင်စားတဲ့သူတွေကို သေချာမသိသေးသရွေ့ ကြော်ငြာခတွေကုန်သလောက် မထိရောက်ဘဲဖြစ်နေပါလိမ့်မယ်။

ကုန်ပစ္စည်းတစ်ခုကိုရောင်းရင် ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုကို ရောင်းချမယ်ဆိုရင် ကိုယ့်ရဲ့ဝယ်သူဖောက်သည်ကို အရင်သိရပါ့မယ်။

ကိုယ်က တစ်နိုင်ငံလုံးကို Target ထားလိုက်တော့ကြော်ငြာက ရောက်ချင်တဲ့နေရာ ရောက်ချင်တဲ့သူဆီရောက်သွားရော ဒီတော့ ကြော်ငြာကို စိတ်မဝင်စားတဲ့သူတွေဆီ ရောက်သွားတော့ ကြော်ငြာတဲ့ပိုက်ဆံ ကုန်သလောက် မထိရောက်တာတွေဖြစ်လာပါတယ်။

Facebook က အသက်၊ကျား/မ၊စိတ်ဝင်စားမှုတွေ အချက်အလက်တွေကို အသုံးပြုပြီး ကြော်ငြာကိုပြပေးတာဆိုတော့ ဒီအချက်အလက်တွေ သေချာသိထားရင် စိတ်ဝင်စားမယ့်သူတွေဆီကိုဘဲ ကြော်ငြာရောက်ပါလိမ့်မယ်။

၁။ ကိုယ့်ဝယ်သူဖောက်သည်တွေက ဘယ်သူတွေလဲ
ယောက်ျားလေးလား၊ မိန်းကလေးလား၊ အိမ်ထောင်ကျပြီးသားသူတွေလား၊ single တွေလား သိအောင်လုပ်ရပါ့မယ်။

၂။ အသက်အရွယ်ကရော ဘယ်လောက်အပိုင်းအခြားတွေလဲ
ကိုယ်ရဲ့ဝယ်သူတွေက အသက်ဘယ်လောက်တွေရှိနိုင်မယ်ဆိုတာ ခန့်မှန်းရပါတယ်။ ကိုယ်ခန့်မှန်းတာ မှန်၊မမှန် ပြန်စစ်ချင်ရင်တော့ Ads Manager ထဲက Split (A) (B)test ဆိုတာနဲ့စစ်ကြည့်ရင် ဘယ်အသက်အရွယ်တွေက စိတ်ဝင်စားကြလဲ ဆိုတာတွေ့ရမှာပါ။

၃။ ဘယ်ဒေသကိုရွေးမလဲ
တစ်နိုင်ငံလုံးကိုရွေးတာထက် ကိုယ်အိမ်အရောက်ပို့နိုင်တဲ့မြို့တွေ ကိုယ့်ရောင်းတဲ့ပစ္စည်းကို ဝယ်ယူနိုင်တဲ့ဒေသတွေကိုဘဲ ရွေးတာအဆင်ပြေပါတယ်။ ဥပမာ ကိုယ်က ချည်ထည်ရောင်းတယ်ဆိုရင် ချည်ထည်ထွက်တဲ့ဒေသတွေကိုဖယ်ပြီး ရောင်းရင်ပိုထိရောက်ပါတယ်။

၎။ ဝယ်သူတွေကဘာတွေကို စိတ်ဝင်စားကြလဲ
Interest ကနေ ကိုယ့်လုပ်ငန်းနဲ့ဆိုင်တာတွေကို ရွေးလို့ရတယ်ဗျ online shopping တို့ fashion စတာတွေပါ။ ဈေးဝယ်လေ့ဝယ်ထရှိတဲ့ သူတွေကိုလည်းရွေးလို့ရတယ်။ တကယ်အလုပ်ဖြစ်မဖြစ်ကတော့ ကိုယ်တိုင်စမ်းကြည့်ရင် သိနိုင်ပါတယ်။

ကုမ္ပဏီတစ်ခုတိုးတက်အောင်မြင်ဖို့ မရှိမဖြစ်လိုအပ်တဲ့သူ (၃) ဦး

၅။ ဝင်ငွေဘယ်လောက်ရှိကြလဲ
ရရှိတဲ့ဝင်ငွေအလိုက်သုံးကြတဲ့ ဖုန်းအမျိုးအစားတွေလည်း ကွာပါလိမ့်မယ်။ ဒီနေရာမှာတော့ IOS လား၊ Android လား၊ computer နဲ့သုံးတဲ့သူတွေလား စစ်ထုတ်လို့ရတယ်။

၆။ ဝယ်သူတွေက ဘာတွေလိုချင်ကြသလဲ
ဒီအချက်ကတော့ ရောင်းတဲ့ပစ္စည်းအလိုက်၊ လုပ်ငန်းအလိုက် ကွဲပြားခြားနားမှုတွေရှိနေမှာပါ။ ကိုယ့်လုပ်ငန်း၊ ကိုယ်ရောင်းတဲ့ပစ္စည်းနဲ့ပတ်သတ်ပြီး ဝယ်သူတွေမျှော်လင့်နေတဲ့အရာ၊ လိုချင်နေတဲ့အရာတွေကို ကိုယ်တိုင်ရှာဖွေစဉ်းစားဖို့ လိုက်ရှာကြည့်ဖို့လိုပါတယ်။

ဒီတော့ လူတိုင်းကိုရောင်းလို့အဆင်မပြေနိုင်ပါဘူး။ ကိုယ်သုံးမယ့်ကြော်ငြာ budget တွေကိုချွေတာနိုင်ကြပါစေ။

Credit; Dollar Online Marketing
Myanmar Advertising Directory

Read times
Rate this item
(0 votes)