-->
×

Warning

JUser: :_load: Unable to load user with ID: 29


စီးပွားရေးနယ်ပယ်မှာ ထူးချွန်ပြောင်မြောင်တဲ့ ဟောင်ကောင်သူဌေး လီကာရှင်း

စီးပွားရေးနယ်ပယ်မှာ ထူးချွန်ပြောင်မြောင်တဲ့ ဟောင်ကောင်သူဌေး လီကာရှင်း Google

ဟောင်ကောင်သူဌေးကြီး လီကာရှင်းကတော့ ဘာမှမရှိတဲ့ သုညဘဝကနေ ထူးချွန်ပြောင်မြောက်တဲ့ စီးပွားရေးအင်ပါယာကြီး တည်ဆောင်နိုင်ခဲ့တဲ့အတွက် " အာရှတိုက်ရဲ့ စူပါမန်း " လို့တောင် တင်စားခေါ်ဝေါ်တာခံခဲ့ရတာဖြစ်ပါတယ်။

 

ဒီလို နာမည်တစ်လုံးရဖို့အတွက် အချိန်တိုအတွင်းမှာ လွယ်လွယ်နဲ့ရခဲ့တာ မဟုတ်ပါဘူး။ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့မှ ဟောင်ကောင်သူဌေးကြီး လီကာရှင်းဆိုပြီးဖြစ်လာတာပါ။ သူ့ကို ဇွန်လ ၁၃ ရက် ၁၉၂၈ခုနှစ်​မှာ ​မွေးဖွားခဲ့တာဖြစ်ပြီး လီကာရှင်းရဲ့အဖေဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်​ဖြစ်တဲ့အချိန်မှာ တရုတ်​ပြည်​​တောင်​ပိုင်းမှ ​ဟောင်​​ကောင်​ကို လီကာရှင်းတို့မိသားစု ထွက်​​ပြေးကြရင်းနဲ့ သူအဖေသေဆုံးခဲ့ပါတယ်​။ အဲ့ဒီအချိန်​ကစပြီး အသက်​ ၁၅နှစ်​သာ ရှိ​သေးတဲ့ လီကာရှင်းဟာ မိသားစုတာဝန်​ကို စတင်​ထမ်း​ဆောင်​ခဲ့ရပါတယ်။ သူအမေရဲ့ အိမ်စရိတ်အတွက် သူရှာလို့ရသမျှထဲက ၉၀% ကိုပေးပြီးထောက်ပံ့ခဲ့ပါတယ်။

လီကာရှင်းစတင်အလုပ်ဝင်ခဲ့တာကတော့ ပလတ်​စတစ်​စက်​ရုံဖြစ်ပါတယ်။ အဲဒီမှာ အ​ရောင်းသမားအဖြစ်​ လုပ်ဆောင်ခဲ့ပြီးသူရဲ့ကြိုးစားမှုကြောင့် ထိပ်​တန်းအ​ရောင်းသမား (၃) ယောက်​ထဲမှာတစ်​​ယောက်​အပါအဝင်​ဖြစ်​ခဲ့ရတယ်။ အဲ့ဒီ​နောက်​ မန်​​နေဂျာရာထူးကို တိုးမြှင့်​ခန့်​အပ်​ခံခဲ့ရပါတယ်​။

ဒီလိုတိုးတက်လာဖို့အတွက် သူဟာ တစ်​ရက်​ကို ၁၆နာရီ နှုန်းနဲ့ တစ်​ပတ်​ကို ၇ရက်၊ နားရက်​မရှိ၊ ​နေ့စဉ်​ အလုပ်​ကြိုစားခဲ့ရတယ်​။ အသက် ၁၅နှစ်မှာ ဖခင်ဆုံးပါးသွာလို့ မိသားစုတာဝန်ကိုထမ်းဆောင်ခဲ့ရတဲ့ လီကာရှင်းဟာ ပညာရေးကိုပြီးမြောက်အောင် မတက်ရောက်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကိုယ့်​အားကိုယ်​ကိုးကာ ပညာသင်​ယူခဲ့ပါတယ်​။

Startup လုပ်ကိုင်မယ့်လူငယ်တွေ အခက်အခဲတွေရှိလာတဲ့အခါ ဘယ်လိုဖြေရှင်းသင့်လဲ

စာရင်းအင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေကို အလုပ်လုပ်နေစဉ်အချိန်မှာပဲ ဖတ်ရှုပြီး ဆရာမပါပဲစာအုပ်ဖတ်၊ လေ့လာရုံသက်​သက်​ဖြင့်​ ကျွမ်းကျင်​တတ်​​မြောက်​ခဲ့ပါတယ်​။ အသက် ၂၂နှစ်မှာတော့ ပလတ်စတစ်စက်ရုံတစ်ခုကို သူကိုယ်တိုင်စတင်တည်ထောင်ခဲ့ပါတယ်။ ပလတ်​စတစ်​ဟာ ​နောက်​တစ်​ချိန်​ ကမ္ဘာ​ပေါ်မှာ လူသုံးများလာမှာကို သူကကြိုတင်​ခန့်​မှန်းခဲ့ပါတယ်​။

ဒါကြောင့်ပဲ လီကာရှင်းဟာ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ပစ္စည်းမျိုးစုံကို ထုတ်လုပ်ပြီးအောင်မြင်မှုရရှိခဲပါတယ်။ ၁၉၅၈ ခုနှစ်​မှာ​တော့ နိုင်​ငံ​ရေးအ​ခြေအ​နေ​တွေကို ​လေ့လာပြီး အိမ်​ခြံ​မြေနယ်​ပယ်​ထဲသို့ ဝင်​​ရောက်​ခဲ့ပြန်​ပါတယ်​။ သူရဲ့​ဝေဖန်​သုံးသပ်​ချက်​များကမှန်ကန်တာကြောင့် စီးပွား​ရေးကိုကျင်​လည်​စွာ ကိုင်​တွယ်​တတ်​မှုများ​ကြောင့်​ ​အမြတ်​​ငွေ​ပေါင်းများစွာ ရရှိခဲ့ပါတယ်​။

အဲ့ဒီ​နောက်​မှာ​တော့ သူ့ရဲ့ စီးပွား​ရေးအင်​ပါယာကြီးကို တိုးချဲ့ပြီး သူပိုင်​ဆိုင်​တဲ့ လုပ်​ငန်းများစွာထဲကမှ သယ်​ယူပို့​ဆောင်​​ရေးလုပ်​ငန်း၊ အိမ်​ခြံ​မြေလုပ်​ငန်း၊ ​ငွေ​ကြေးဝန်​​ဆောင်​မှု လုပ်​ငန်း၊ စွမ်းအင်​လုပ်​ငန်း၊ သံမဏိလုပ်​ငန်း၊ ဘဏ်​နှင့်​ ဟိုတယ်​လုပ်​ငန်းစတဲ့ လုပ်​ငန်း​ပေါင်းများစွာကို ​အောင်​မြင်​စွာ တည်​​ထောင်​နိုင်​ခဲ့ပါတယ်​။

အခုမိတ်ဆွေတို့အသုံးပြုနေတဲ့ Facebook ရဲ့က​နဦး ရင်းနှီးမြှုပ်​နှံသူများထဲတွင်​ ပါဝင်​ပြီး နာမည်​​ကျော်​ သူ​ဌေးကြီးဂျက်​မားရဲ့ အလီဘာဘာတွင်​လည်း​ ငွေ​ကြေးများစွာကို ရင်းနှီးမြှုပ်​နှံထားသူ ဖြစ်​ပါတယ်​။ သူရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ ၂၀၁၉ ခုနှစ်မှာတော့ အ​မေရိကန်​​ဒေါ်လာ 31 Billion ရှိပါတယ်။ သူ့အမြဲတမ်း ​ပြောတဲ့ စကားတစ်​ခွန်းက​တော့" အလုပ်​ပိုလုပ်​ပြီး အမြတ်​များများ ရ​အောင်​ရှာ" ပါတဲ့။


Source; Htet Zan Linn
Myanmar Advertising Directory

Read times
Rate this item
(0 votes)