-->
×

Warning

JUser: :_load: Unable to load user with ID: 29


Sale နဲ႔ Marketing သမားေတြ အဓိက လိုအပ္တဲ့ “Communicating Skill” တိုးတက္လာဖို႔ ဘယ္လိုျပင္ဆင္ၾကမလဲ

Sale နဲ႔ Marketing သမားေတြ အဓိက လိုအပ္တဲ့  “Communicating Skill” တိုးတက္လာဖို႔ ဘယ္လိုျပင္ဆင္ၾကမလဲ google

ွSale နဲ႔ Marketing သမားေတြ အဓိက လိုအပ္တဲ့  အေရးႀကီးတဲ့ skills ေတြထဲမွာ Communicating Skill ဆိုတာ အေျခခံအလိုအပ္ဆံုး skill ျဖစ္ပါတယ္။

ေအာင္ျမင္ေနၾကတဲ့ လူ ေတြအားလံုးရဲ႕ တူညီတဲ့ ဗီဇ တစ္ခုက Followers ေတြနဲ႔သာမက အျခားေသာသူမ်ားနဲ႔ပါ အေကာင္းဆံုး communicate လုပ္ႏိုင္ၾကျခင္းျဖစ္ပါတယ္။

 

အေျခခံအေရးႀကီးဆံုး communicating skill ကို တိုးတက္ေကာင္းမြန္လာေစဖို႔ လုပ္နိုင္တဲ့ လြယ္လြယ္ကူကူ ရုိးရုိးရွင္းရွင္းနည္းလမ္းေလးေတြ ကို ေဖာ္ျပေပးလိုက္ပါတယ္။

 

1️ နားေထာင္ပါ။

လူတိုင္းက သူတို႔ေျပာေနတဲ့ စကားကို တစ္ဖက္လူက နားေထာင္ေနရဲ႕လားဆိုတာကို သိခ်င္တယ္။ နားေထာင္ေပးဖို႔ ေမ်ာ္လင့္ၾကတယ္။ ဒါေၾကာင့္ ဘယ္လိုတုန္႔ျပန္မလဲ ဆိုတာကို စီကံုးေနျခင္းထက္ ေသခ်ာအာရံုစိုက္နားေထာင္ေပးပါ။ နားလည္မႈလြဲျခင္းမ်ိဳး ျဖစ္မလာေစဖို႔ မရွင္းလင္းသည့္အေၾကာင္းအရာမ်ားကို ျပန္ေမးၿပီး ရွင္းေအာင္ေမးဖို႔ အခြင့္ရေစပါတယ္။ သင့္ကို စကားေျပာေနတဲ့ လူဟာ သင့္ဘဝအတြက္ အေရးႀကီးဆံုး လူတစ္ေယာက္လဲ ျဖစ္လာႏိုင္ပါတယ္။ ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္ကေတာ့ တစ္ခ်ိန္မွာ conversation ( စကားေျပာျခင္း) တစ္ခုကိုသာ လုပ္သင့္ပါတယ္။ ဆိုလိုတာက သင္ဟာ လူတစ္ေယာက္နဲ႔ ဖုန္းေျပာေနတဲ့အခါ တျခားလူကို email ျပန္တာမ်ိဳး၊ message ပို႔ေနတာမ်ိဴး မလုပ္ဖို႔ေျပာတာ ျဖစ္ပါတယ္ ။ ေဘးလူေတြ အျမင္မွာလဲ သင္ဟာ တစ္ဖက္ကဖုန္းေျပာေနတဲ့ လူအေပၚ အေလးမထားရာလဲ ေရာက္သလိုျဖစ္ေနပါတယ္။ ဖုန္းေျပာေနတဲ့အေပၚမွာသာ အာရံုစိုက္တုန္႔ျပန္ေပးဖို႔ ျဖစ္ပါတယ္။

 

2️ ဘယ္သူနဲ႔ ေျပာေနလဲဆိုတာကို သတိျပဳပါ။

ဘယ္သူနဲ႔ ေျပာေနသလဲဆိုတာကိုလဲ ဂ႐ုစိုက္ရပါတယ္။ အရွင္းဆံုး ဥပမာ ေျပာရရင္- အကယ္၍ သင္က သင့္ရဲ႕ သူငယ္ခ်င္းနဲ႔ communicate လုပ္တဲ့အခါ informal ( စာေရးအခါ ေဟးးးး ေဟ်ာင့္... ေယာက္ဖေရ ၊ ေယာင္းမေရ) ကအဆင္ေျပပါတယ္။ အကယ္၍ သင္က သင့္ရဲ႕ Boss ဆီကို email ေရးရတဲ့အခါမွာေတာ့ သူငယ္ခ်င္းနဲ႔ေျပာသလို informal language နဲ႔ သံုးလို႔မရေတာ့ပါဘူး။ သင္က ရင္းႏွီးသလိုေျပာလိုက္ေပမယ့္ တစ္ဖက္က လူႀကီးအျမင္မွာ သူ႔အေပၚမေလးစားဘူးလို႔ ထင္ျမင္သြားႏိုင္ပါတယ္။ ဒီလိုအထင္လြဲမႈမ်ိဳးကို မည္သူကမွ မျဖစ္ေစခ်င္ၾကဘူးလို႔ ယံုၾကည္ပါတယ္။ အေကာင္းဆံုး၊ အဆင္ေျပဆံုး Communicate လုပ္ေနၾကတဲ့သူေတြက သူတို႔နဲေျပာေနတာက ဘယ္သူလဲဆိုတာအေပၚမူတည္ၿပီး သူတို႔ရဲ႕ စကားကို ေရြးခ်ယ္ေျပာဆိုတတ္ၾကပါတယ္။ ဒါဟာ တစ္ဖက္လူအေပၚ အေလးထားရာလဲ ေရာက္ပါတယ္။

 

3️ သင့္ရဲ႕ ကိုယ္ေနဟန္ထား ကိုသတိျပဳပါ။

Body Language ( ကိုယ္ေနဟန္ထား) က မ်က္ႏွာခ်င္းဆိုင္ ေျပာဆိုရတဲ့အခါမ်ိဳးမွာ အင္မတန္အေရးႀကီးပါတယ္။ ( ဥပမာ - face to face meeting ၊ video conferencing ) ။ ယဥ္ေက်းေသာ၊ ႐ိုးရွင္းေသာ body language မ်ိဳးျဖစ္ေနဖို႔ သတိျပဳပါ။ Open body language ျဖစ္ေနဖို႔လိုတယ္လို႔ ဆိုပါတယ္။ ဆိုလိုတာက လက္ကိုပိုက္ထားတာမ်ိဳး မလုပ္ပဲ ပြင့္လင္းေသာ ကိုယ္ေနဟန္ထားမ်ိဳးနဲ႔ ေျပာဆိုတတ္ဖို႔ျဖစ္ပါတယ္။ ဒီအခ်ိန္မွာ Eye contact ကလဲအေရးႀကီးပါတယ္။ မ်က္ႏွာမလႊဲပါနဲ႔။ ကိုယ္နဲ႔ ေျပာေနသူတို႔ရဲ႕ မ်က္လံူးကို ၾကည့္ၿပီး စကားေျပာပါ။ တစ္ဖက္လူအေပၚ အာ႐ံုစိုက္ေၾကာင္းျပပါ။

 

4 Message မပို႔ခင္ ေသခ်ာျပန္စစ္ပါ။

ကိုယ့္ရဲ႕ သူငယ္ခ်င္းဆီ Message ပို႔လို႔ အမွားပါတာ သိပ္ျပႆနာရွိမသြားေပမယ့္ လုပ္ငန္းပိုင္းဆိုင္ရာ သင့္ရဲ႕ Boss ဆီကို message ပို႔တဲ့အခါမွာေတာ့ ေပးပို႔မယ့္စာ ေရးထားတာ အမွားပါမပါ ျပန္စစ္သင့္ပါတယ္။ Spell and grammar checkers ေတြသံုးတာ ေကာင္းေပမယ့္ လံုးဝေသခ်ာသြားတာေတာ့မဟုတ္လို႔ ေနာက္တစ္ျကိမ္ထပ္စစ္ေဆးပါ။ ေရးလိုက္တဲ့စာက ကိုယ္တစ္ကယ္ေရးခ်င္တဲ့ အေရးအသားမ်ိဳးျဖစ္ရဲ႕လား ၊ မွန္ရဲ႕လားဆိုတာကို Double check အၿမဲလုပ္သင့္ပါတယ္။

 

5️ အတိုခ်ဳန္း ေရးပါ။ ထိထိေရာက္ေရာက္ေရးပါ။

စာနဲ႔ျဖစ္ေစ၊ ႏႈတ္နဲ႔ျဖစ္ေစ communicate လုပ္တဲ့အခါ အတိုခ်ဳနိးနဲ႔ ထိထိေရာက္ေရာက္ျဖစ္ဖို႔လိုပါတယ္။ ဆိုလိုတာက ကိုယ္ေပးခ်င္တဲ့ information ေတြကို တဖက္လူဆီေပးတဲ့အခါ ကိုယ္ေပးခ်င္တဲ့ message ကို တိုက္႐ိုက္တိုတိုနဲ႔ လိုရင္းေပးဖို႔ျဖစ္ပါတယ္ ။ စကားေတြအမ်ားႀကီးေျပာ၊ စာေတြအမ်ားႀကီးေရးလိုက္တဲ့အခါ တစ္ဖက္လူက သင္ေပးခ်င္တဲ့ အဓိက ဆိုလိုရင္းကို မရႏိုင္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ Email ကို response လုပ္တဲ့အခါမ်ိဳးမွာလဲ ကိုယ္ျပန္ပို႔မယ့္ email ကို အစဆံုးေသခ်ာဖတ္ၿပီးမွ ပို႔သင့္ပါတယ္။ ဒီလို အေလ့အက်င့္မ်ိဳးေတြ လုပ္ၾကည့္ပါ ။ သင္ေပးခ်င္တဲ့ message က ေဝ့ဝဲၿပီးလိုရင္းမေရာက္တာမ်ိဳး မျဖစ္ေတာ့ဘဲ informations ေတြအမ်ားႀကီးကို သင္ေပးလိုက္ႏိုင္မွာပဲ ျဖစ္ပါတယ္။

 

ဘယ္လိုေၾကာ္ျငာမ်ိဳးေတြက လူေတြရဲ႕အာရုံကို ဖမ္းစားနိုင္မလဲ

6️ ခ်ေရးပါ။

ဦးေႏွာက္နဲ႔ပဲ မွတ္တာမ်ိဳးမလုပ္ပါနဲ႔။ ခ်ေရးတာမ်ိဳးလုပ္ပါ။ Meeting တစ္ခုမွာ သင္တက္ေရာက္ေနတဲ့အခါ သင့္ရဲ႕ ဦးေႏွာက္ထဲမွာပဲ မွတ္ထားတာမ်ိဳးမလုပ္ပါနဲ႔။ Notes ခ်ေရးထားပါ။ မွတ္မိတာေတြရွိသလို မမွတ္မိတာေတြလဲ ရွိေနတတ္ပါတယ္။ အထက္လူႀကီးတစ္ေယာက္က သင့္ကို Meeting မွာ ေျပာခဲ့တဲ့ အေၾကာင္းအရာတစ္ခုကို သင့္ကို အေကာင္အထည္ေဖာ္ေပးဖို႔ေျပာလာတဲ့အခါ သင့္မွာ note ေရးထားတာ ရွိေနခဲ့ရင္ ယံုၾကည္မႈအျပည့္နဲ႔ လုပ္ႏိုင္မွာျဖစ္ပါတယ္။ မရွင္းလင္းသည့္ အခ်က္မ်ားကိုလဲ သင့္မွာေမးႏိုင္တဲ့ အေနအထားမ်ိဳး ရွိေနပါလိမ့္မယ္။

 

7️ ဖုန္းဆက္လိုက္ပါ။

တခါတရံ ကၽြႏ္ုပ္တို႔ေျပာစရာအေၾကာင္းအခ်က္ေတြအရမ္းမ်ားေနတဲ့အခါမ်ိဳးမွာ email ပို႔ေနျခင္းထက္ ဖုန္းဆက္လိုက္တာ ပိုအဆင္ေျပပါတယ္။ email နဲ႔ Communicate လုပ္တာ အရမ္းေကာင္းပါတယ္ ဒါေပမယ့္ တခါတေလ ဖုနိးဆက္လိုက္တာက ေျပာခ်င္တဲ့အေၾကာင္းအရာကို ထိထိေရာက္ေရာက္ ျဖစ္ေစပါတယ္။

 

8️ မေျပာခင္စဥ္းစားပါ။

စိတ္ထဲမွာ ပထမဆံုးေပၚလာတဲ့ အရာကို ခ်က္ခ်င္းမေျပာဘဲ မေျပာခင္ အၿမဲအရင္စဥ္းစားပါ။ ကိုယ္ ဘာကိုေျပာမယ္၊ ဘယ္လိုေျပာမယ္ဆိုတာကို ေသခ်ာအာရံုစိုက္ၿပီး စဥ္းစားဖို႔ အခ်ိန္ခဏယူလိုက္ပါ။ ဒီလို Habit မ်ိဳးကို သင္ေမြးျမဴျခင္းဟာ အရွက္ရျခင္း၊ ပဋိပကၡျဖစ္ျခင္းေတြကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။

 

9 တစ္ေျပးညီ ဆက္ဆံပါ။

အားလံုးကို အတက္ႏိုင္ဆံုး တစ္ေျပးညီ ဆက္ဆံပါ။ ဥပမာ။ ။ သင္က Company တစ္ခုမွာ Manager တစ္ေယာက္ျဖစ္တယ္ဆိုပါစို႔။ သင္၏ေဆြမ်ိဳးမ်ားကို သင္ႀကိဳက္သလို ခန္႔ထားၿပီး အျခားသူမ်ားႏွင့္မတူဘဲ ဘက္လိုက္ျခင္းမ်ိဳးမ်ားလုပ္ျခင္း စသည္တို႔ကို ေရွာင္ၾကဥ္ဖို႔လိုပါတယ္။ အားလံုးကို ေလးစားစြာဆက္ဆံတတ္ပါေစ။ သင့္ကိုလဲ ေလးစားမႈျပန္ေပးလာၾကပါလိမ့္မယ္။ mutual respect ( အျပန္အလွန္ ေလးစားမႈ)က အက်ိဳးျဖစ္ထြန္းမႈေကာင္းေစပါတယ္။

 

10 Positive attitude နဲ႔ smile ကို လက္ကိုင္က်င့္သံုးပါ။

ဖုန္းထဲမွာ စကားေျပာေနသည္ျဖစ္ေစကာမူ စိတ္သေဘာထား ၾကည္လင္စြာနဲ႔ ျပံဳးထားပါ။ သင္၏ အျပံဳးက တစ္ဖက္လူရဲ႕ စိတ္ထဲမွာ ထင္ဟတ္ေစပါတယ္။ ခံစားမိေစပါတယ္။ သင္ဟာ အျပံဳးနဲ႔ လူေတြအေပၚ အေကာင္းျမင္စိတ္ထားနဲ႔ ေျပာဆိုဆက္ဆံတဲ့အခါ ထိုသူတို႔ကလဲ သင့္ကို အျပံဳးနဲ႔ျပန္လည္တုန္႔ျပန္ၾကပါလိမ့္မယ္။ တစ္ဦးေမတၱာ တစ္ဦးမွာပါ။

 

Communicating skill က သင္ယူလို႔ရတဲ့အရာျဖစ္တယ္။
လူမႈပတ္ဝန္းက်င္မွာ ျဖစ္ေစ၊ လုပ္ငန္းခြင္မွာျဖစ္ေစ၊ မိသားစုနဲ႔ျဖစ္ေစ သင္ရဲ႕ communicating skill က ထိုပတ္ဝန္းက်င္အားလံုးမွာ အံဝင္ခြင္က် ျဖစ္သည္မျဖစ္သည္ကိုလဲ အဆံုးျဖတ္ေပးပါလိမ့္မယ္။


အထက္ပါ အခ်က္ ၁၀ ခ်က္ကို ဖတ္ရႈေလ့လာၿပီး အားလုံး Communicating skills မ်ားေကာင္းမြန္လာၿပီး အက်ိဳးေက်းဇူးမ်ားျဖစ္ထြန္းၾကေစဖို႔ ေမ်ာ္လင့္ပါတယ္။ 

အခုလိုအခ်ိန္ေပးဖတ္ရႈေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

 

<<<unicode>>>

 

Sale နဲ့ Marketing သမားတွေ အဓိက လိုအပ်တဲ့ အရေးကြီးတဲ့ skills တွေထဲမှာ Communicating Skill ဆိုတာ အခြေခံအလိုအပ်ဆုံး skill ဖြစ်ပါတယ်။

အောင်မြင်နေကြတဲ့ လူ တွေအားလုံးရဲ့ တူညီတဲ့ ဗီဇ တစ်ခုက Followers တွေနဲ့သာမက အခြားသောသူများနဲ့ပါ အကောင်းဆုံး communicate လုပ်နိုင်ကြခြင်းဖြစ်ပါတယ်။

အခြေခံအရေးကြီးဆုံး communicating skill ကို တိုးတက်ကောင်းမွန်လာစေဖို့ လုပ်နိုင်တဲ့ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်းနည်းလမ်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

 

1️ နားထောင်ပါ။

လူတိုင်းက သူတို့ပြောနေတဲ့ စကားကို တစ်ဖက်လူက နားထောင်နေရဲ့လားဆိုတာကို သိချင်တယ်။ နားထောင်ပေးဖို့ မျော်လင့်ကြတယ်။ ဒါကြောင့် ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကို စီကုံးနေခြင်းထက် သေချာအာရုံစိုက်နားထောင်ပေးပါ။ နားလည်မှုလွဲခြင်းမျိုး ဖြစ်မလာစေဖို့ မရှင်းလင်းသည့်အကြောင်းအရာများကို ပြန်မေးပြီး ရှင်းအောင်မေးဖို့ အခွင့်ရစေပါတယ်။ သင့်ကို စကားပြောနေတဲ့ လူဟာ သင့်ဘဝအတွက် အရေးကြီးဆုံး လူတစ်ယောက်လဲ ဖြစ်လာနိုင်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ တစ်ချိန်မှာ conversation ( စကားပြောခြင်း) တစ်ခုကိုသာ လုပ်သင့်ပါတယ်။ ဆိုလိုတာက သင်ဟာ လူတစ်ယောက်နဲ့ ဖုန်းပြောနေတဲ့အခါ တခြားလူကို email ပြန်တာမျိုး၊ message ပို့နေတာမျိူး မလုပ်ဖို့ပြောတာ ဖြစ်ပါတယ် ။ ဘေးလူတွေ အမြင်မှာလဲ သင်ဟာ တစ်ဖက်ကဖုန်းပြောနေတဲ့ လူအပေါ် အလေးမထားရာလဲ ရောက်သလိုဖြစ်နေပါတယ်။ ဖုန်းပြောနေတဲ့အပေါ်မှာသာ အာရုံစိုက်တုန့်ပြန်ပေးဖို့ ဖြစ်ပါတယ်။

 

2️ ဘယ်သူနဲ့ ပြောနေလဲဆိုတာကို သတိပြုပါ။

ဘယ်သူနဲ့ ပြောနေသလဲဆိုတာကိုလဲ ဂရုစိုက်ရပါတယ်။ အရှင်းဆုံး ဥပမာ ပြောရရင်- အကယ်၍ သင်က သင့်ရဲ့ သူငယ်ချင်းနဲ့ communicate လုပ်တဲ့အခါ informal ( စာရေးအခါ ဟေးးးး ဟျောင့်... ယောက်ဖရေ ၊ ယောင်းမရေ) ကအဆင်ပြေပါတယ်။ အကယ်၍ သင်က သင့်ရဲ့ Boss ဆီကို email ရေးရတဲ့အခါမှာတော့ သူငယ်ချင်းနဲ့ပြောသလို informal language နဲ့ သုံးလို့မရတော့ပါဘူး။ သင်က ရင်းနှီးသလိုပြောလိုက်ပေမယ့် တစ်ဖက်က လူကြီးအမြင်မှာ သူ့အပေါ်မလေးစားဘူးလို့ ထင်မြင်သွားနိုင်ပါတယ်။ ဒီလိုအထင်လွဲမှုမျိုးကို မည်သူကမှ မဖြစ်စေချင်ကြဘူးလို့ ယုံကြည်ပါတယ်။ အကောင်းဆုံး၊ အဆင်ပြေဆုံး Communicate လုပ်နေကြတဲ့သူတွေက သူတို့နဲပြောနေတာက ဘယ်သူလဲဆိုတာအပေါ်မူတည်ပြီး သူတို့ရဲ့ စကားကို ရွေးချယ်ပြောဆိုတတ်ကြပါတယ်။ ဒါဟာ တစ်ဖက်လူအပေါ် အလေးထားရာလဲ ရောက်ပါတယ်။

 

3️ သင့်ရဲ့ ကိုယ်နေဟန်ထား ကိုသတိပြုပါ။

Body Language ( ကိုယ်နေဟန်ထား) က မျက်နှာချင်းဆိုင် ပြောဆိုရတဲ့အခါမျိုးမှာ အင်မတန်အရေးကြီးပါတယ်။ ( ဥပမာ - face to face meeting ၊ video conferencing ) ။ ယဉ်ကျေးသော၊ ရိုးရှင်းသော body language မျိုးဖြစ်နေဖို့ သတိပြုပါ။ Open body language ဖြစ်နေဖို့လိုတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက လက်ကိုပိုက်ထားတာမျိုး မလုပ်ပဲ ပွင့်လင်းသော ကိုယ်နေဟန်ထားမျိုးနဲ့ ပြောဆိုတတ်ဖို့ဖြစ်ပါတယ်။ ဒီအချိန်မှာ Eye contact ကလဲအရေးကြီးပါတယ်။ မျက်နှာမလွှဲပါနဲ့။ ကိုယ်နဲ့ ပြောနေသူတို့ရဲ့ မျက်လူံးကို ကြည့်ပြီး စကားပြောပါ။ တစ်ဖက်လူအပေါ် အာရုံစိုက်ကြောင်းပြပါ။

 

4 Message မပို့ခင် သေချာပြန်စစ်ပါ။

ကိုယ့်ရဲ့ သူငယ်ချင်းဆီ Message ပို့လို့ အမှားပါတာ သိပ်ပြဿနာရှိမသွားပေမယ့် လုပ်ငန်းပိုင်းဆိုင်ရာ သင့်ရဲ့ Boss ဆီကို message ပို့တဲ့အခါမှာတော့ ပေးပို့မယ့်စာ ရေးထားတာ အမှားပါမပါ ပြန်စစ်သင့်ပါတယ်။ Spell and grammar checkers တွေသုံးတာ ကောင်းပေမယ့် လုံးဝသေချာသွားတာတော့မဟုတ်လို့ နောက်တစ်ကြိမ်ထပ်စစ်ဆေးပါ။ ရေးလိုက်တဲ့စာက ကိုယ်တစ်ကယ်ရေးချင်တဲ့ အရေးအသားမျိုးဖြစ်ရဲ့လား ၊ မှန်ရဲ့လားဆိုတာကို Double check အမြဲလုပ်သင့်ပါတယ်။

 

5️ အတိုချုန်း ရေးပါ။ ထိထိရောက်ရောက်ရေးပါ။

စာနဲ့ဖြစ်စေ၊ နှုတ်နဲ့ဖြစ်စေ communicate လုပ်တဲ့အခါ အတိုချုနိးနဲ့ ထိထိရောက်ရောက်ဖြစ်ဖို့လိုပါတယ်။ ဆိုလိုတာက ကိုယ်ပေးချင်တဲ့ information တွေကို တဖက်လူဆီပေးတဲ့အခါ ကိုယ်ပေးချင်တဲ့ message ကို တိုက်ရိုက်တိုတိုနဲ့ လိုရင်းပေးဖို့ဖြစ်ပါတယ် ။ စကားတွေအများကြီးပြော၊ စာတွေအများကြီးရေးလိုက်တဲ့အခါ တစ်ဖက်လူက သင်ပေးချင်တဲ့ အဓိက ဆိုလိုရင်းကို မရနိုင်တာမျိုး ဖြစ်သွားတတ်ပါတယ်။ Email ကို response လုပ်တဲ့အခါမျိုးမှာလဲ ကိုယ်ပြန်ပို့မယ့် email ကို အစဆုံးသေချာဖတ်ပြီးမှ ပို့သင့်ပါတယ်။ ဒီလို အလေ့အကျင့်မျိုးတွေ လုပ်ကြည့်ပါ ။ သင်ပေးချင်တဲ့ message က ဝေ့ဝဲပြီးလိုရင်းမရောက်တာမျိုး မဖြစ်တော့ဘဲ informations တွေအများကြီးကို သင်ပေးလိုက်နိုင်မှာပဲ ဖြစ်ပါတယ်။

 

Customer ေတြကို ဆြဲေဆာင္နိုင္ဖို႕ Creation ေကာင္းေကာင္းေလးဘယ္လိုဖန္တီးမလဲ

6️ ချရေးပါ။

ဦးနှောက်နဲ့ပဲ မှတ်တာမျိုးမလုပ်ပါနဲ့။ ချရေးတာမျိုးလုပ်ပါ။ Meeting တစ်ခုမှာ သင်တက်ရောက်နေတဲ့အခါ သင့်ရဲ့ ဦးနှောက်ထဲမှာပဲ မှတ်ထားတာမျိုးမလုပ်ပါနဲ့။ Notes ချရေးထားပါ။ မှတ်မိတာတွေရှိသလို မမှတ်မိတာတွေလဲ ရှိနေတတ်ပါတယ်။ အထက်လူကြီးတစ်ယောက်က သင့်ကို Meeting မှာ ပြောခဲ့တဲ့ အကြောင်းအရာတစ်ခုကို သင့်ကို အကောင်အထည်ဖော်ပေးဖို့ပြောလာတဲ့အခါ သင့်မှာ note ရေးထားတာ ရှိနေခဲ့ရင် ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်မှာဖြစ်ပါတယ်။ မရှင်းလင်းသည့် အချက်များကိုလဲ သင့်မှာမေးနိုင်တဲ့ အနေအထားမျိုး ရှိနေပါလိမ့်မယ်။

 

7️ ဖုန်းဆက်လိုက်ပါ။

တခါတရံ ကျွန်ုပ်တို့ပြောစရာအကြောင်းအချက်တွေအရမ်းများနေတဲ့အခါမျိုးမှာ email ပို့နေခြင်းထက် ဖုန်းဆက်လိုက်တာ ပိုအဆင်ပြေပါတယ်။ email နဲ့ Communicate လုပ်တာ အရမ်းကောင်းပါတယ် ဒါပေမယ့် တခါတလေ ဖုနိးဆက်လိုက်တာက ပြောချင်တဲ့အကြောင်းအရာကို ထိထိရောက်ရောက် ဖြစ်စေပါတယ်။

 

8️ မပြောခင်စဉ်းစားပါ။

စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ အရာကို ချက်ချင်းမပြောဘဲ မပြောခင် အမြဲအရင်စဉ်းစားပါ။ ကိုယ် ဘာကိုပြောမယ်၊ ဘယ်လိုပြောမယ်ဆိုတာကို သေချာအာရုံစိုက်ပြီး စဉ်းစားဖို့ အချိန်ခဏယူလိုက်ပါ။ ဒီလို Habit မျိုးကို သင်မွေးမြူခြင်းဟာ အရှက်ရခြင်း၊ ပဋိပက္ခဖြစ်ခြင်းတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

 

9 တစ်ပြေးညီ ဆက်ဆံပါ။

အားလုံးကို အတက်နိုင်ဆုံး တစ်ပြေးညီ ဆက်ဆံပါ။ ဥပမာ။ ။ သင်က Company တစ်ခုမှာ Manager တစ်ယောက်ဖြစ်တယ်ဆိုပါစို့။ သင်၏ဆွေမျိုးများကို သင်ကြိုက်သလို ခန့်ထားပြီး အခြားသူများနှင့်မတူဘဲ ဘက်လိုက်ခြင်းမျိုးများလုပ်ခြင်း စသည်တို့ကို ရှောင်ကြဉ်ဖို့လိုပါတယ်။ အားလုံးကို လေးစားစွာဆက်ဆံတတ်ပါစေ။ သင့်ကိုလဲ လေးစားမှုပြန်ပေးလာကြပါလိမ့်မယ်။ mutual respect ( အပြန်အလှန် လေးစားမှု)က အကျိုးဖြစ်ထွန်းမှုကောင်းစေပါတယ်။

 

10 Positive attitude နဲ့ smile ကို လက်ကိုင်ကျင့်သုံးပါ။

ဖုန်းထဲမှာ စကားပြောနေသည်ဖြစ်စေကာမူ စိတ်သဘောထား ကြည်လင်စွာနဲ့ ပြုံးထားပါ။ သင်၏ အပြုံးက တစ်ဖက်လူရဲ့ စိတ်ထဲမှာ ထင်ဟတ်စေပါတယ်။ ခံစားမိစေပါတယ်။ သင်ဟာ အပြုံးနဲ့ လူတွေအပေါ် အကောင်းမြင်စိတ်ထားနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ထိုသူတို့ကလဲ သင့်ကို အပြုံးနဲ့ပြန်လည်တုန့်ပြန်ကြပါလိမ့်မယ်။ တစ်ဦးမေတ္တာ တစ်ဦးမှာပါ။

 

Communicating skill က သင်ယူလို့ရတဲ့အရာဖြစ်တယ်။
လူမှုပတ်ဝန်းကျင်မှာ ဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ သင်ရဲ့ communicating skill က ထိုပတ်ဝန်းကျင်အားလုံးမှာ အံဝင်ခွင်ကျ ဖြစ်သည်မဖြစ်သည်ကိုလဲ အဆုံးဖြတ်ပေးပါလိမ့်မယ်။


အထက်ပါ အချက် ၁၀ ချက်ကို ဖတ်ရှုလေ့လာပြီး အားလုံး Communicating skills များကောင်းမွန်လာပြီး အကျိုးကျေးဇူးများဖြစ်ထွန်းကြစေဖို့ မျော်လင့်ပါတယ်။

အခုလိုအချိန်ပေးဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

 

Sai Hla

Myanmar Advertising Directory 

Read times
Rate this item
(2 votes)