-->
×

Warning

JUser: :_load: Unable to load user with ID: 29


WPP ရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Mark Read ရဲ႕ ကို႐ိုနာေရာဂါႏွင့္ ေၾကာ္ျငာ ေရးရာ ...

ကမ႓ာအႀကီးဆုံးေၾကာ္ျငာ ေရးရာ ေအဂ်င္စီႀကီး ျဖစ္တဲ့ WPP မွ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ Mark Read ေျပာၾကားခ်က္ကေတာ့ နည္းပညာ တိုးတက္ေျပာင္းလဲ လာတာႏွင့္
္ အမွ် ဒီဂ်စ္တယ္ေၾကာ္ျငာ ေရးရာဘက္တိုးတက္လာတာ သာလြန္စြာေကာင္းတယ္လို႕ ဆိုရေပမည္ ထို႕အျပင္ ၎တို႕နဲ႕ တြဲဖက္ လုပ္ကိုင္သူမ်ားရဲ႕ စီးပြားေရးကိုလည္း တစ္ဖက္တစ္လမ္းက အက်ိဳးျပဳေစမွာပါတဲ့။

WPP plc ကေတာ႔ ကမၻာ႔နာမည္အေက်ာ္ၾကားဆံုး ျဗိတိန္အေျခစိုက္ ေၾကာ္ျငာ လုပ္ငန္းစု ၾကီးတစ္ခုပါ။
ရုံးခ်ဳပ္ကေတာ႕ လန္ဒန္ျမိဳ႕မွာတည္ရွိျပီး ၊ ရုံးခြဲကို ဒပ္ပလင္ ျမိဳ႕ အိုင္ယာလန္ႏိုင္ငံ မွာ တည္ရွိပါတယ္။

WPP plc ရဲ စတင္တည္ေထာင္သူကေတာ႕ Martin Sorrell ျဖစ္ျပီး ယခုေတာ႕သူဟာ အနားယူသြားခဲ႕ပါျပီ။
Roberto Quarta ဟာ လက္ရွိမွာ chairman တာဝန္ထမ္းေဆာင္ေနတယ္သိရျပီး Mark Read ကေတာ႔ CEO အျဖစ္ တာဝန္ထမ္းေဆာင္သူပါ။

WPP မွာ အလုပ္သမား ဦးေရ 130,000 ခန္႕ ရွိတယ္လို႔သိရျပီး Branding & identity
, Consumer insights , Design, Digital, Marketing, Market research , Media planning and buying
, Public relations, Relationship marketing စတဲ႔လုပ္ငန္းေတြအဓိကထားလုပ္ကိုင္တယ္သိရွိရပါတယ္။

WPP ဆိုတဲ႕နာမည္ျဖစ္လာရတဲ႔ အေၾကာင္းကေတာ႔ Wire and Plastic Products plc ဆိုကာ ၁၉၇၁ မွာစတင္ျပီး
ဝါယာၾကိဳးႏွင္႕ဆက္စပ္ပစၥည္းမ်ားကို ေစ်းကြက္တြင္းျဖန္႕ခ်ီရာမွစကာ ယခုကဲ႕သို႕နာမည္သံုးစြဲခဲ႕တာပါ။

WPP ဟာ Grey Group, Ogilvy & Mather, Young & Rubicam Brands, Landor, Wunderman,ႏွင္႔ JWT တို႕ကိုပါ ထိန္းခ်ဳပ္ေနေသာ လုပ္ငန္းစုၾကီးျဖစ္ပါတယ္။

WPP မွ ထိန္းခ်ဳပ္ထားေသာ Digital ပိုင္းဆိုင္ရာ လုပ္ငန္းစုမ်ားမွာ Wunderman, Gorilla Group, Possible, AKQA, Geometry, OgilvyOne and VML တို႕ပါဝင္ပါသည္။

ယခုကို႐ိုနာေရာဂါျဖစ္ေနတဲ့ အခ်ိန္မွာ လူေတြက Digital ေၾကာ္ျငာ ေရး ကို တျဖည္းျဖည္းနဲ႕ ေနရာ ယူလာၾကတယ္ ဒါက အေတာ္ေလးစိတ္ဝင္စားဖို႕ေကာင္းတဲ့ကိစၥရပ္ပဲ
ေၾကာ္ျငာ ပိုင္းဆိုင္ရာ မွာ WPP က အႀကီးဆုံး ဆိုေတာ့ WPP လိုမ်ိဳးက Digital ဘက္ဦးတည္လာရင္ေနာက္ေၾကာ္ျငာ ေလာကလည္းပိုၿပီး ဝူဟန္အေၾကာင္းျပဳ Digital ဘက္ေရာက္လာပါေတာ့မယ္။

 

<<< Unicode >>>

 

WPP ရဲ့ အမှုဆောင်အရာရှိချုပ် Mark Read ရဲ့ ကိုရိုနာရောဂါနှင့် ကြော်ငြာ ရေးရာ ...

ကမ္ဘာအကြီးဆုံးကြော်ငြာ ရေးရာ အေဂျင်စီကြီး ဖြစ်တဲ့ WPP မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mark Read ပြောကြားချက်ကတော့ နည်းပညာ တိုးတက်ပြောင်းလဲ လာတာနှင့်
် အမျှ ဒီဂျစ်တယ်ကြော်ငြာ ရေးရာဘက်တိုးတက်လာတာ သာလွန်စွာကောင်းတယ်လို့ ဆိုရပေမည် ထို့အပြင် ၎င်းတို့နဲ့ တွဲဖက် လုပ်ကိုင်သူများရဲ့ စီးပွားရေးကိုလည်း တစ်ဖက်တစ်လမ်းက အကျိုးပြုစေမှာပါတဲ့။

WPP plc ကတော့ ကမ္ဘာ့နာမည်အကျော်ကြားဆုံး ဗြိတိန်အခြေစိုက် ကြော်ငြာ လုပ်ငန်းစု ကြီးတစ်ခုပါ။
ရုံးချုပ်ကတော့ လန်ဒန်မြို့မှာတည်ရှိပြီး ၊ ရုံးခွဲကို ဒပ်ပလင် မြို့ အိုင်ယာလန်နိုင်ငံ မှာ တည်ရှိပါတယ်။

WPP plc ရဲ စတင်တည်ထောင်သူကတော့ Martin Sorrell ဖြစ်ပြီး ယခုတော့သူဟာ အနားယူသွားခဲ့ပါပြီ။
Roberto Quarta ဟာ လက်ရှိမှာ chairman တာဝန်ထမ်းဆောင်နေတယ်သိရပြီး Mark Read ကတော့ CEO အဖြစ် တာဝန်ထမ်းဆောင်သူပါ။

WPP မှာ အလုပ်သမား ဦးရေ 130,000 ခန့် ရှိတယ်လို့သိရပြီး Branding & identity
, Consumer insights , Design, Digital, Marketing, Market research , Media planning and buying
, Public relations, Relationship marketing စတဲ့လုပ်ငန်းတွေအဓိကထားလုပ်ကိုင်တယ်သိရှိရပါတယ်။

WPP ဆိုတဲ့နာမည်ဖြစ်လာရတဲ့ အကြောင်းကတော့ Wire and Plastic Products plc ဆိုကာ ၁၉၇၁ မှာစတင်ပြီး
ဝါယာကြိုးနှင့်ဆက်စပ်ပစ္စည်းများကို ဈေးကွက်တွင်းဖြန့်ချီရာမှစကာ ယခုကဲ့သို့နာမည်သုံးစွဲခဲ့တာပါ။

WPP ဟာ Grey Group, Ogilvy & Mather, Young & Rubicam Brands, Landor, Wunderman,နှင့် JWT တို့ကိုပါ ထိန်းချုပ်နေသော လုပ်ငန်းစုကြီးဖြစ်ပါတယ်။

WPP မှ ထိန်းချုပ်ထားသော Digital ပိုင်းဆိုင်ရာ လုပ်ငန်းစုများမှာ Wunderman, Gorilla Group, Possible, AKQA, Geometry, OgilvyOne and VML တို့ပါဝင်ပါသည်။

ယခုကိုရိုနာရောဂါဖြစ်နေတဲ့ အချိန်မှာ လူတွေက Digital ကြော်ငြာ ရေး ကို တဖြည်းဖြည်းနဲ့ နေရာ ယူလာကြတယ် ဒါက အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကိစ္စရပ်ပဲ
ကြော်ငြာ ပိုင်းဆိုင်ရာ မှာ WPP က အကြီးဆုံး ဆိုတော့ WPP လိုမျိုးက Digital ဘက်ဦးတည်လာရင်နောက်ကြော်ငြာ လောကလည်းပိုပြီး ဝူဟန်အကြောင်းပြု Digital ဘက်ရောက်လာပါတော့မယ်။

 

Myanmar Advertising Directory 

Read times
Rate this item
(0 votes)