-->
×

Warning

JUser: :_load: Unable to load user with ID: 29


နာရေးကူညီမူအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပုံပါ အသိပညာပေးဆိုင်းဘုတ်ကို မန္တလေးမြို့ခံများ ဝေဖန်မှုတွေရှိနေ

COVID 19 ရောဂါနဲ့ ပတ်သက်ပြီး မန္တလေးမြို့ပေါ်က လမ်းမကြီးတချို့မှာ ကျန်းမာရေး အသိပညာပေး ဘေဘုတ် တွေချိတ်ဆွဲထားရာမှာ နာရေးကူညီမူအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူပုံပါဆိုင်းဘုတ်ကြောင့် မြို့ခံတွေဝေဖန်ကြတာရှိနေပါတယ်။မြို့တော်စည်ပင်သာယာအမှတ်တံဆိပ်နဲ့ ချိတ်ဆွဲထားတဲ့ အဲဒီဆိုင်းဘုတ်မှာ “အိမ်မှာနေမှာလား ငါလာခေါ်ရမလား”ဆိုတဲ့စားသားနဲ့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

 

“အခုကပိုပြီးသတိထားသင့်တာက ဒါက ကပ်ရောဂါလေ၊ အပျော်ပွဲကြေညာတာမဟုတ် ဘူး။ ဇာတ်ကြေညာတာ၊ အငြိမ့် ကြေညာတာမဟုတ်ဘူး။ အခုလို ကပ်ရောဂါရှိနေတဲ့အချိန်မှာ လူတွေဆင်ခြင်ဖို့ သတိပေးတဲ့ဟာက ဒေါသတွေမသင့်ရဘူး။ ဒီအချိန်က အားလုံးက အပူမီးတွေ တောက်လောင်နေတဲ့အချိန်မှာ ဟာသ သဘောလည်းမဖြစ်ရဘူး။ ခြောက်လှန့်တာလည်းမဖြစ်ရဘူး၊ ဒေါသလည်းမသင့်ရဘူး။”လို့ မြို့ခံစာရေးဆရာ ဆရာဆူးငှက်က ပြောပါတယ်။

 

မြို့ခံ ဦးညီကျော်ကလည်း “ ဒီဆိုင်းဘုတ် တွေ့လိုက်ရတာ တော်တော်စိတ်မကောင်းဖြစ်မိပါတယ်။ ကျနော်တို့ပြည်သူတွေကို ဒီလိုအကြောက်တရားနဲ့ မခြောက်သင့်ပါဘူး။ ပြည်သူအားလုံးဟာ အသိနဲ့ နေရာတိုင်းမှာ တာဝန်ကျေနေပါတယ်။ လိုက်နာနေပါတယ်။ ဒီလိုကြီးလုပ်တာတော့ ဘယ်လိုမှနားလည်လို့မရဘူး။”လို့ ဆိုပါတယ်။

 

ဦးကျော်သူပါ ဆိုင်းဘုတ်တွေအပြင် အိမ်မှာနေပါ၊ အပြင်ထွက်ရင် Mask တပ်ပါစတဲ့ဆိုင်းဘုတ်တွေလည်း မြို့နေရာတော်တော်များများမှာ ချိတ်ဆွဲထားပါတယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီး မြို့တော်စည်ပင် သာယာကော်မတီက တာဝန်ရှိသူတစ်ဦးထံဖုန်းဆက်သွယ်ရာမှာတော့ စည်ပင်က
လုပ်ဆောင်တာမဟုတ်သလို အခုဆိုင်းဘုတ် ကိစ္စကိုလည်း မသိဘူးလို့သာဖြေဆိုပါတယ်။

 

အဲဒီဆိုင်းဘုတ်တွေကို ဧပြီ (၇ )ရက် မွန်းလွဲပိုင်းမှာ ချိတ်ဆွဲကြေညာခဲ့တာဖြစ်ပြီး အဲဒီနေ့ ည(၇)နာရီဝန်းကျင်မှာတော့ တချို့နေရာတွေမှာ ပြန်လည် ဖြုတ်ချနေတာတွေလည်း ရှိပါတယ်။

One News Myanmar

Read times
Rate this item
(0 votes)