-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရောင်းလောကမှာ မြင်မြင်ခြင်းကိစ္စရပ် အရေးကြီးပုံ

ကုန်ပစ္စည်းတစ်ခုကို ရောင်းပြီဆို အရေးအကြီးဆုံးအချက်က ပထမဆုံး မြင်တွေ့တဲ့ မြင်မြင်ခြင်း ကိစ္စ ရပ်ပါပဲ။မြင်မြင်ခြင်းဆိုတဲ့ စကားလုံးလေးက ပြောရင် ပေါ့ပေါ့လေးဆိုပေမည့် အရာရာအာလုံးဟာ လူတစ်ယောက်ရဲ့ ခံစားချက်ထဲမှာ မြင်မြင်ခြင်း ကနေစတင်ပါတယ်။

 

အရောင်းမှာလဲ Purchase is first sight ဆိုတာ တကယ်ရှိပါတယ်။First Impression မှာ ကောင်းကောင်းဆွဲဆောင်နိုင်ရင် နောက်အဆင့်ဆင့် သွားမည့် စဉ်းစားတဲ့ အချက်တွေမှာ လွယ်ကူစွာလူက ဖြတ်ကျော်သွားကာ ဝယ်ယူမှု့ ဖြစ်စဉ်ထိ စိတ်ရောက်ရှိသွားမှာပါ။

 

တကယ်တန်းမှာ ထို မြင်မြင်ခြင်းကိစ္စ ရပ်က ဆွဲဆောင်မှု့ရှိနေရင် လူတစ်ယောက်က ရွေးချယ်မိတဲ့ ဖြစ်စဉ် အဆုံးသတ်ကို ကောင်းမွန်စေပါတယ်။ငါကြိုက်လို့ငါလုပ်တာပဲ ဆိုတဲ့ စိတ်လေးစားသုံးသူတွေအပေါ်မှာ ရစေတယ်။နောက်တစ်ခုက သင်သိထားသင့်တာက အစကောင်းမှ အနှောင်းသေချာဆိုတဲ့ ကိစ္စ ရပ်လေးကို တွေးတောသင့်တယ်။

 

ဥပမာ ဗြိတိန်ရဲ့ မိန်းလန်း မှာ လုပ်ငန်းလုပ်ဆောင်တဲ့ လုပ်ငန်းစုကြီးတစ်ခုကို ပထမဦးဆုံး လာကြည့်တဲ့သူတွေ အံသြသွားတယ် အထူးသဖြင့်တချို့တွေဆိုရေခြားမြေခြားက လာတဲ့သူတွေဖြစ်တယ် တချို့လူတွေက ပဲရစ် နဲ့ ပီရူးက လာတဲ့ သူတွေဖြစ်သလိုတစ်ချို့တွေက သည်မြို့လို လုံးဝမရောက်ဖူးကြဘူး အင်္ဂလန်မှာ ဟီးသရူးလေဆိပ်ဆိုလူတွေက မသိတဲ့ သူမရှိသလောက်ပဲကိုးထိုကတည်းက ရှိန်နေလေပြီ ။

 

မြို့အသစ်ကိုရောက်လာတယ် လူတွေက မြို့အနေအထားကိုကြည်တယ် ပထမအချက် ၊ ဒုတိယ အချက်ကတော့ သင့်လုပ်ငန်းကို ဟယ်လီကော်ပတာနဲ့သွားမယ်ဆို မိုင် အကွာ အဝေးဘယ်လောက်ဆိုတာကို ထည့်ရေးသင့်တယ် ဘယ်သူမှ တော့ တကူးတက ဟယ်လီကော်ပတာနဲ့ မသွားပေမယ့် လူရှိန်တာပေါ့။

 

<<< Zawgyi >>>

 


----------------------------------------------------------------

 


 


 


 


 


 


 

ဒါက ဥပမာပဲတစ်ခါတစ်လေမှာ လူသဘောကျအောင်လုပ်ပြထားရတာတွေရှိတယ် ကိုယ့် ကုန်ပစ္စည်းကိုဝယ်ချင်အောင်စွဲဆောင်တာမျိုးပေါ့ လူကြိုက်များဖို့ဆိုတာ မြင်မြင်ခြင်းထဲက ဆွဲဆောင်နိုင်ရင်ပို အဆင်ပြေမယ် နောက်လူရှိန်နေမှ ရမယ် မြင်မြင်ခြင်းမှာ ဘာမှ မဆွဲဆောင်နိုင်ဘူးဆိုရင်သေချာတယ်နောက်ကိစ္စ တွေ ဘာမှ ဆက်ဖြစ်လာဖို့က မဖြစ်နိုင်ဘူး။

 

Ref : An Idea A Day 

Read times
Rate this item
(1 Vote)