-->
×

Warning

JUser: :_load: Unable to load user with ID: 29


အကျိုးရှိစေမယ့် Social Media Marketing အသုံးချနည်း

သင်ဟာ Social Media Marketing ကိုအသုံးချပြီး ကိုယ်ရဲ့ Product ဒါမှမဟုတ် Service ကိုဈေးကွက်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့သူပါလား။

အခုပြောပြမဲ့ အချက်လေးတွေကို သတိထား လိုက်နာပေးရုံနဲ့ အကောင်းဆုံးရလဒ်ကို ရရှိစေမှာပါ။

Social Media page တွေနဲ့ Website မှာတင်ထားတဲ့ သတင်းအချက်အလက်တွေဟာ တိကျမှန်ကန်နေပါစေ။ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ဥပမာ အလုပ်ချိန်၊ တည်နေရာ၊ ဝန်ဆောင်မှု၊ Menu၊ ဆက်သွယ်လို့ရမယ့် အချက်အလက်တွေကို တိတိကျကျဖော်ပြထားဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ အမြဲသုံး Logo ကို Profile ထားခြင်းဟာလည်း ဖောက်သည်သစ် တွေအနေနဲ့ မိတ်ဆွေရဲ့လုပ်ငန်းကိုရှာဖွေရာမှာ လွယ်ကူစေပါတယ်။

ဆွဲဆောင်မှုရှိတဲ့ ဗဟုသုတ/ကြော်ငြာစာသားတွေရေးသားပြီး Customer တွေနဲ့စစ်မှန်တဲ့ရင်းနှီးမှုကိုရယူပါ။ Follower တွေကို Engage, Entertain, Inform ဆိုတဲ့ အချက်သုံးချက်နဲ့ကိုက်ညီအောင် Content တွေကိုရေးသားပါ။ လူတွေက လုပ်ငန်းနဲ့ပက်သက်တဲ့ Sale post တွေ Promotion Post တွေ ကိုပဲအမြဲမြင်ချင်တာမဟုတ်ပါဘူး။အခြား ဗဟုသုတရဖွယ်ရာ Content Image Video စတာတွေကိုလည်းအလျည်းသင့်သလိုတင်ပေးသင့်ပါတယ်။ ဖတ်ရှုသူတွေအတွက် အရမ်းဖတ်ရခက်ပြီး ပျင်းရိဖွယ်ရှည်လျားတဲ့ စာတွေထက် ဖတ်လိုက်တာနဲ့ တိုတိုနဲ့ ရင်ထဲရောက်စေမယ့် စာလေးတွေရေးသားဖို့လိုပါတယ်။

Follower တွေအားလုံးကို ကိုယ့်ရဲ့ အမာခံ Customer တွေကဲ့သို့သဘောထားပေးပါ။တင်တဲ့ Post တွေမှာပါဝင်တဲ့ အပြောအဆို အသုံးအနှုန်းတွေဟာ ကိုယ့်ရဲ့ Customer တွေအပေါ် သက်ရောက်မှုရှိတာ မမေ့နဲ့နော်။ ဒါကြောင့် Reply နဲ့ Conversation တွေမှာ ပြောဆိုတဲ့အသုံးအနှုန်းဟာ ကိုယ့်ရဲ့ အမြဲတမ်း Customer တွေကိုသုံးနှုန်းနေသလိုမျိုး ရည်မွန် နွေးထွေးပြီး ကူညီချင်စိတ်ရှိကြောင်း ပေါ်လွင်စေရပါမယ်။

ကဲ ဒီလိုလေးတွေကို သတိထားပြီး လုပ်ပေးနိုင်တယ်ဆိုရင်တော့ သင့်ရဲ့လုပ်ငန်းဟာ Social Media မှာ မအောင်မြင်ဘဲ မနေပါဘူး။

Read times
Rate this item
(1 Vote)