-->
×

Warning

JUser: :_load: Unable to load user with ID: 29


အလိမ်အညာ PIXEL 4 ကြော်ငြာအတွက် Google ဒေါ်လာ ၉.၄ သန်း ဒဏ်ကြေးထိ

အလိမ်အညာ PIXEL 4 ကြော်ငြာအတွက်  Google ဒေါ်လာ ၉.၄ သန်း ဒဏ်ကြေးထိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

iHeartMedia ရေဒီယို DJs ကွန်ရက်တွင်  အသစ်စက်စက် Google Pixel 4 ကို အသုံးပြု၍ တိရိစ္ဆာန်များနှင့် ကြယ်ကြွေခြင်းများ ဓာတ်ပုံရိုက်ခြင်းကို မည်မျှနှစ်သက်ကြောင်း ပြောဆိုတင်ပြခဲ့ကြသည်။

ပြဿနာမှာ ထိုသို့ ပြောဆိုကြသူများအားလုံးသည်  Google Pixel 4 ဖုန်းကို အမှန်တကယ် မသုံးဖူးခြင်း ဖြစ်သည်။

.

 Google ၏ Pixel 4 စမတ်ဖုန်း အလိမ်အညာကြော်ငြာခြင်းအတွက် အမေရိကန်မှ ပြည်နယ် ခုနစ်ခုနှင့် US Federal Trade Commission တို့သည်  Google နှင့် iHeartMedia တို့ကို ဒဏ်ကြေးပေးရန်အတွက် သဘောတူညီမှု ရရှိထားပြီဖြစ်သည်။

.

Google သည် Pixel 4 ကို အသုံးပြုခဲ့သည့် ကိုယ်တွေ့ အတွေ့အကြုံများကို ရေဒီယို လေလှိုင်းတွင် ထုတ်လွှင့်ရန် ကြော်ငြာခများ ပေးခဲ့သည်။ ၎င်းကြော်ငြာကို ကြိမ်ရေ ၂၃,၀၀၀ ထုတ်လွှင့်ခဲ့သည်၊ ထို့အတွက် ဩဇာရှင်များ influencers ကို သုံးစွဲရန်အတွက် အမေရိကန်နိုင်ငံ၏ အကြီးဆုံး ရေဒီယို အသံလွှင့်လုပ်ငန်း  iHeartMedia က စီစဉ်ပေးခဲ့ပြီး Google ထံမှ အခကြေးငွေ ရယူခဲ့သည်၊ ဩဇာရှင်တို့က Pixel 4.ကောင်းကြောင်း ပြောဆိုကြသော်လည်း အကယ်စင်စစ် Pixel 4  စမတ်ဖုန်းကို တစ်ခါမှ မသုံးခဲ့ကြဖူးချေ။ 

Google  က ကြော်ငြာတွင် ပြောဆိုရမည့် စကားများကို ဩဇာရှင်တို့ထံ ပေးပို့ခဲ့သည်။ ၎င်းစကားများကို ပြောဆိုပေးခြင်းဖြင့် ဩဇာရှင်တို့က အခကြေး ရရှိကြသည်။

ထိုအစီအစဉ်အတွက် iHeartMedia သည် Google ထံမှ စမတ်ဖုန်းများ လက်ခံရရှိခြင်း မရှိသောကြောင့် ဩဇာရှင်တို့ကို အစမ်းပေးသုံးဖို့ အခွင့်မသာခဲ့ချေ။ 

 ထိုသို့  အလိမ်အညာ PIXEL 4 ကြော်ငြာခဲ့သည့်အတွက် ဒဏ်ကြေး ကန်ဒေါ်လာ ၉.၄ သန်း ပေးဆောင်ရသည့်အပြင် တရားရုံးစရိတ်အပါအဝင် စရိတ်စကများအတွက် ကန်ဒေါ်လာ ၁.၅၈ သန်း ကိုလည်း Google ပေးသွင်းရသည်။ 

Source gizchina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)