-->
×

Warning

JUser: :_load: Unable to load user with ID: 29

Stock နဲ့ Bond ဆိုတဲ့ ရှယ်ယာနှစ်မျိုးရဲ့ ကွားခြားချက်များ


Stock ရှယ်ယာဆိုတာကတော့ ဝယ်ထားသူဟာကုမ္ပဏီပိုင်ရှင်အများကြီးထဲက တယောက်ဖြစ်တယ်။ ဘာလို့လဲဆိုရင် ကုမ္ပဏီပိုင်ဆိုင်မှုတစ်စိတ်တစ်ပိုင်းကို ရှယ်ယာဝယ်ထားလို့ ကုမ္ပဏီရဲ့တစပ်တပိုင်းကိုပိုင်သူပါ။ Bond ဆိုတာကတော့ ဝယ်ထားသူဟာ ကုမ္ပဏီရဲ့အကြွေးရှင်အများကြီးထဲက တယောက်ဖြစ်တယ်။ ဘာလို့လဲဆိုရင် Bond ဆိုတဲ့ငွေချေးစာချုပ်နဲ့ကုမ္ပဏီကို အတိုးနဲ့ငွေချေးထားလို့ပါ။


၁။ Stock ရှယ်ယာမှာ(၂)မျိုးပဲရှိပါတယ်။

Common_Stock (သာမန်စတော့အမျိုးအစား)

လူအမျာစုဝယ်နေကြတဲ့ စတော့အမျိုးအစားပါ။ကုမ္ပဏီတခုရဲ့အစိတ်အပိုင်းတခုကို ဝယ်ယူပိုင်ဆိုင်ကြောင်း သက်သေလက်မှတ်ပါ။သာမန်စတော့တစ်ခု ဝယ်ထားသူဟာ ကုမ္ပဏီရဲအုပ်ချုပ်ရေးဒါရိုက်တာအဖွဲ့ကို ရွေးချယ်တင်မြောက်ရာမှာ မဲတစ်မဲပေးခွင့်ရှိပါတယ်။ ဒီလိုသာမန်စတော့အမျိုးအစားဟာ ကျန်စတော့အမျိုးအစားတွေထက် အကျိုးအမြတ်ပိုများပါတယ်။ဒါပေမဲ့ ကုမ္ပဏီရှူံးလို့ဒေဝါလီခံသွားရင်တော့ ပေးစရာအကြွေးတွေဆပ်မယ်။ပိုက်ဆံပိုရင် Bondသမားသမားတွေ Preferred_Stock သမားတွေကို ငွေပြန်အမ်းမယ်။ နောက်ဆုံးမှ သာမန်စတော့သမားကို ငွေပြန်အမ်းမှာမို့ ရင်းထားငွေပြန်ရဖို့ အခွင့်အလမ်းအနည်းဆုံး စတော့အမျိုးအစားပါ။

Preferred_Stock (အထူးစတော့အမျိုးအစား)

ဒီအမျိုးအစားကတော့ သာမန်စတော့ဝယ်ထားသူလို မဲတည့်ခွင့်မရှိပါဘူး။ဒါပေမဲ့ ဒီစတော့ဝယ်ထားသူဟာ ပုံမှန်အတိုးနူန်းရနေကြတယ်။ ကုမ္ပဏီဒေဝါလီခံရရင် ငွေပြန်အမ်းရာမှာ သာမန်စတော့ပိုင်သူထ က်ပိုဦးစားပေးခံရပါတယ်။ ကုမ္ပဏီက ဒီစတော့မျိုးကို ပြန်ဝယ်ချင်ရင် တဖက်သတ်ဝယ်ခွင့်ရှိပါတယ်။ ဒီစတော့ဟာ Bondနဲ့ဆင်တူပေမဲ့ ငွေချေးလက်မှတ်မဟုတ်ပါဘူး။စတော့မှာ အဓိကက အထက်ကဖေါ်ပြထားတဲ့၂မျိုးပဲရှိပါတယ်။ ဒါပေမဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့လိုချင်တာနဲ့ကိုက်အောင် စတော့ခံစားခွင့်မှာ အပြောင်းအလဲလုပ်ထားတတ်ကြပါတယ်။

စွန့်ဦးတီထွင်မှုနယ်ပယ်မှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ Richard Branson
၂။ Bond (ငွေချေးသက်သေခံလက်မှတ်) မှာ(၃)မျိုးရှိပါတယ်။

Government_Bond (အစိုးရငွေချေးလက်မှတ်)

အမေရိကန်မှာတော့ Treasury_Bond လို့ခေါ်ပါတယ်။ ဒီBondမျိုးဟာ အစိုးရကိုငွေချေးပေးထားခြင်းမို့ စတော့ရှယ်ယာတွေ Bondတွေထဲမှာ စိတ်အချရဆုံးဖြစ်ပါတယ်။ စိတ်ချရလို့ အတိုးလဲနည်းပါတယ်။

Municipal_Bond (ပြည်နယ်အစိုးရငွေချေးလက်မှတ်)

ပြည်နယ်တွေမှာ လမ်းတံတားဆောက်လုပ်တဲ့ စီမံကိန်းကြီးတွေအတွက် ပြည်နယ်အစိုးရကို ချေးပေးတဲ့ငွေချေးလက်မှတ်ပါ။ ဒီလက်မှတ်ရဲ့ကောင်းတာတခုက ရရှိတဲ့အတိုးပေါ်မှာ အစိုးရကိုအမြတ်ခွန်ပေးစရာမလိုပါဘူး။

Corporate_Bond (ကုမ္ပဏီငွေချေးလက်မှတ်)

Listed_Compan တွေကို အချိန်အတိုင်းအတာတခုအတွက် ပုံသေအတိုးနဲ့ငွေချေးပေးထားတာပါ။

Stockနဲ့ Bondတွေမှာ အားသာချက်၊ အားနည်းချက်တွေရှိကြပါတယ်။ Stock ရဲ့အားသာချက်က Bondထက်အကျိုးအမြတ်ပိုရတယ်။ အားနည်းချက်က Stock တန်ဖိုးဟာ အပြောင်းအလဲမြန်တယ်။ကုမ္ပဏီဒေဝါလီခံရရင် ရင်းနီးထားငွေပြန်ရဖို့ အခွင့်အလမ်းနည်းလွန်းတယ်။

Bondရဲ့အားသာချက်က ချေးငွေအတွက် ပုံမှန်အတိုးမှန်မှန်ရနေမယ်။ အားနဲချက်က စတော့လောက်အကျိုးအမြတ်မများဘူး။ ဘဏ်အတိုးနူန်းကျရင် Bond အတိုးနူန်းလဲ လိုက်ကျတတ်တယ်။ဒီလောက်ဆိုရင် Stock နဲ့ Bond ကွာခြားပုံနဲ့ အမျိုးအစားတွေ အကြမ်းဖျင်းသိလောက်ပြီထင်ပါတယ်။

Credit; ဗန်းမော်သိန်းဖေ
Myanmar Advrertising Directory

 

Published in Marketing