-->
×

Warning

JUser: :_load: Unable to load user with ID: 29

အဆင့် ၅

ဒီအအဆင့်ကတော့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ အခုဆိုရင် သင်ဟာ Google Analytic ကို အလွယ်ဆုံးနည်းနဲ့ ဘယ်လိုဖွင့်လို့ ရမလဲ၊ ဘယ်လို အသုံးပြုလို့ ရမလဲဆိုတာကို အကြမ်းဖျင်း သိသွားပါပြီ။

Published in Rules & Regulations

Revenue ဆိုတာက သင့်ရဲ့ လုပ်ငန်းအတွက် ၀က်ဆိုဒ်မှာ ငွေပေးချေမှုတွေ လုပ်ဖို့ လိုအပ်တယ်ဆိုရင် ပြန်ကြည့်လို့ ရတာမျိုးပါ။ အမြတ်နဲ့ ၀င်ငွေ ဘယ်လောက်ရနေပြီလဲ ဆိုတာပါ ကြည့်လို့ ရပါတယ်။

Published in Rules & Regulations

သင့်ရဲ့ဝက်ဆိုဒ်အတွက် Google Analytics တစ်ခု ဖန်တီးတာက ခက်ခဲလိမ့်မယ်လို့ ထင်ပါသလား။ တကယ်တမ်း ထင်သလောက် မခက်ပါဘူး။

Published in Rules & Regulations

သင်ဟာ Digital Marketing လုပ်ကိုင်နေသူတစ်ယောက်ဆိုရင် Facebook, Instagram, Twitter စတဲ့ Social Media တွေမှာ ကြော်ငြာဖို့ လိုလာပါပြီ။

Published in Tips

Business လုပ်ငန်းရှင် တော်တော်များများဟာ မိမိတို့ရဲ့ကုန်ပစ္စည်းတွေ Brand တွေကို Digital Advertising ပြုလုပ်တော့မယ်ဆိုရင် Facebook တစ်ခုတည်းကိုသာ သတိထားမိကြပါတယ်။

Published in Digital Marketing

ယနေ့ ခေတ် အချိန်ဟာ digital age ကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် လုပ်ငန်းအတော်များများဟာ digital platform ကို ကူးပြောင်းလာကြပြီပဲ ဖြစ်ပါတယ်။ မိမိလုပ်ငန်းဟာ စားသုံးသူတွေ နဲ့ ထိတွေ့ဖို့ နဲ့  brand ကို တည်ဆောက်ဖို့ အတွက် digital platform ကို မဖြစ်မနေ ကူးပြောင်းရတော့မှာပဲ ဖြစ်ပါတယ်။

Published in Digital Marketing

6. Design, Layout and Color Patterns

လုပ်ငန်းတစ်ခုမှာ brand identity ရဖို့ corporate culture က အရေးပါသလိုပါပဲ ditigal branding မှာ website, page တွေရဲ့ဒီဇိုင်း၊ ကာလာ၊ အပြင်အဆင်တွေ က brand ကို ထောက်အပံ့ ဖြစ်စေပါတယ်။


7. Promote a Strong Commitment to Your Brand’s Persona

Brand တစ်ခု တည်ဆောက်တဲ့နေရာမှာ personality type ကို တသမတ်တည်းဖြစ်အောင် ဖန်တီးရပါတယ်။ ဒါမှသာ brand personality ကို စားသုံးသူများ စွဲမြဲမှတ်မိစေမှာ ဖြစ်ပါတယ် ။ ဒါအပြင် Brand’s Persona တစ်ခုဖန်းတီး စားသုံးသူတွေ စိတ်ထဲစွဲမြဲ စေတဲ့အရာတစ်ခုကို ဖန်တီးဖို့လိုအပ်ပါတယ်။


8. Strike the Right Balance Between Content and Visuals

Digital branding ကိုဖော်ဆောင်တဲ့ နေရာမှာ Content တွေမှာ ရေးသားဖော်ပြချက်တွေဟာ ထိမိတဲ့ဖော်ပြချက်တွေ ဖြစ်ဖို့ လိုသလို video presentation တွေနဲ့  မျှတစွာ အသုံးချတတ်ဖို့လိုပါတယ်။ တင်ပြချက်တွေဟာ ကြော်ငြာဆန်တာထက် စားသုံးသူတွေကို ဖျော်ဖြေရေးဖြစ်ဖို့လည်း လိုအပ်ပါတယ်။


၉။ Develop a Branding Guide

Digital or Traditional Branding လုပ်ဆောင်တဲ့နေရာမှ brand guideline manual ရှိ ဖို့ လိုပါတယ်။ Brand တစ်ခု တည်ဆောက်တဲ့ နေရာမှာ consistent ဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ Brand တစ်ခုမှာ အဓိက ပါရမယ့် အချက်တွေဖြစ်တဲ့ Logo, Color, Font, tagline, slogan, band story, brand persona တစ်ခုနဲ့ တစ်ခု ချိတ်ဆက်လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် တိကျတဲ့  guideline မရှိတဲ့ အခါမှာ brand direction တွေ ပြောင်းသွားတတ်ပြီး အောင်မြင်တဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ဖို့  ခက်ခဲစေမှာ ဖြစ်ပါတယ်။

အောင်မြင်တဲ့ ကြော်ငြာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ချက် ( ၇ ) ချက်


၁၀။ Regularly Test Your Digital Communication Channels

မိမိ အသုံးပြုနေတဲ့ digital communication channel တွေကို နှစ်စဉ်ပြန်လည် သုံးသပ်မူလည်း လုပ်သင့်ပါတယ်၊ customer trends. Market trends, consumer practices တွေဟာ ပြောင်းလဲတတ်တာကြောင့် မိမိအသုံး ပြု နေတဲ့ communication channel တွေဟာ effective ဖြစ်မဖြစ် ပြန်လည်သုံသပ်သင့်ပါတယ်။


၁၁။  Include Influencer Marketing in Your Campaign

Influencer Marketing ဟာမရှိမဖြစ် လုပ်သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ Brand တစ်ခုကို စားသုံးသူနဲ့ခိုင်မာစွာ ချိတ်ဆက်ပေးနိင်တဲ့ အတွက် brand အများ စု ဟာ campaign လုပ်ဆောင်တဲ့အခါမှာ စားသုံးသူကို လွှမ်းမိုး နိင်စွမ်း ရှိသူတွေကို အသုံးပြုပြီး လုပ်ဆောင်လျက်ရှိပါတယ်။


Source; U Aung Zaw Linn ( Candescent Business Solution )

Myanmar Advertising Directory

Published in Digital Marketing

ယနေ့ခေတ်မှာ Mobile ဖုန်းအသုံးပြုသူတွေ များပြားလာတာနဲ့အမျှ Online စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း သူတို့ရဲ့ Page တွေကနေတစ်ဆင့် 

Published in Tips

Social Media တွေ ခေတ်စားလာပြီးနောက် Content Writing နဲ့ Copywriting ဆိုတဲ့ အလုပ်အကိုင်တွေဟာလည်း လူငယ်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။

Published in Tips

စီးပွားရေးလုပ်ငန်းရှင်တွေဟာ Social Media တွေကို အသုံးပြုပြီးတော့ မိမိတို့ရဲ့လုပ်ငန်းတွေကို Customer တွေသိရှိလာအောင် ကြော်ငြာကြရပါတယ်။ ဒီလိုကြော်ငြာတဲ့ နေရာမှာ Social Media တွေအများကြီးထဲကမှ ဘယ်ချယ်နယ်ကို အသုံးပြုပြီးကြော်ငြာမလဲ ဆိုတာကိုရွေးချယ်ကြရပါတယ်။

ဒီလို လူသုံးအများဆုံး ချယ်တွေမှာ ကြော်ငြာမှသာ မိမိတို့ရဲ့လုပ်ငန်းကို Customer တွေအများကြီးဆီကို ပျံ့နှံ့ရောက်ရှိမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် Social Media ပေါင်းများစွာထဲကမှ လူသုံးအများဆုံးအဖြစ် ထိပ်ဆုံးမှာရပ်တည်နေတဲ့ Social Media (၅) ခုကိုဖော်ပြပေးလိုက်ပါတယ်။


၁။ Facebook

Facebook ဟာဆိုရင် လစဉ်အသုံးပြုသူ ဦးရေစုစုပေါင်း ၂.၂၃ ဘီလီယံရှိပြီး အကြီးဆုံး Social Media Site တစ်ခုအဖြစ် နံပါတ် (၁) နေရာမှာရပ်တည်နေပါတယ်။


၂။ Youtube

Youtube ကို လစဉ်အသုံးပြုသူ စုစုပေါင်း ၁.၉ ဘီလီယံရှိနေပြီး Youtube Video တွေကို ၁နာရီမှာ ကြည့်ရူသူ ၁ ဘီလီယံရှိနေပါတယ်။ Google ပြီးရင် ဒုတိယအကောင်းဆုံး Search Engine အကောင်းဆုံးက Youtube လို့လဲသိရပါတယ်။

ကမ္ဘာကျော် ဘီလျံနာတွေဖြစ်လာရခြင်းရဲ့ အကြောင်းအရင်းများ


၃။ Messenger

Messenger လစဉ်အသုံးပြုသူကတော့ ၁.၃ ဘီလီယံ ရှိပါတယ်။ လုပ်ငန်းရှင်အများစုဟာ Chatbot Marketing လုပ်ပြီး Messenger ကနေ ကြော်ငြာလုပ်ငန်းတွေကို လုပ်ဆောင်နေကြပါပြီ။


၎။ WeChat

WeChat ကို လစဉ်အသုံးပြုသူကတော့ ၁.၀၆ ဘီလီယံရှိပါတယ်။ WeChat ကိုစာပို့တာအပြင် Online shop တွေ အတွက်လည်းအသုံးပြုကြပါတယ်။ တရုတ်နိုင်ငံမှာတော့ WeChat ကို အများဆုံးအသုံးပြုကြပါတယ်။


၅။ Instagram

Instagram ကို လစဉ်အသုံးပြုသူ စုစုပေါင်း ၁ ဘီလီယံရှိနေပါတယ်။ Instagram ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက်တော့ Marketing ပြုလုပ်ဖို့ အကောင်းဆုံးလဲဖြစ်ပါတယ်။


အထက်မှာဖော်ပြခဲ့တာတဲ့ Social Media တွေကတော့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ လူသုံးအများဆုံး ချယ်နယ်တွေပဲဖြစ်ပါတယ်။ အခြား Social Media များဖြစ်တဲ့ Tik Tok ကို အသုံးပြုသူ ၅၀၀ မီလီယံ၊ Twitter အသုံးပြုသူ 355 မီလီယံရှိပြီး LinkedIn ကိုလစဉ် အသုံးပြုသူ ကတော့ ၂၉၄ မီလီယံ နဲ့ ရပ်တည်နေပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းကို ကြော်ငြာဖို့ အကောင်းဆုံး ချယ်နယ်တွေကို ရွေးချယ်ကြော်ငြာနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။


Htet Htet Naing

Myanmar Advertising Directory 

Published in Digital Marketing
Page 14 of 24