-->
×

Warning

JUser: :_load: Unable to load user with ID: 29

အောင်မြင်သူတိုင်းမှာ တူညီတဲ့ အလေ့အကျင့်တစ်ခု ရှိတတ်ကြပါတယ်။ အဲဒါကတော့ စာဖတ်ခြင်းပါပဲ။ 

Published in Tips


ပြိုင်ဆိုင်မှုတွေကြားမှာ ရပ်တည်ရတဲ့အခါ အချိန်မှာ Traditional Management ကနေ ခွဲထွက်လာကြပါတယ်။

Published in Tips

စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်တဲ့ နေရာမှာ Customer Service အရေးပါတဲ့ ကဏ္ဍတစ်ခုက ပါဝင်ပါတယ်။

Published in Tips

အရောင်းသမားတစ်ယောက်ရဲ့တာဝန်က ဘာလဲလို့ မေးရင် အရေးကြီးဆုံးတော့ အရောင်းပိတ်ခြင်းဖြစ်ပါတယ်။ အရောင်းသမားတွေက ကြားနေဖြစ်ပြီးတော့ ကိုယ့်ရုံးအတွက် အလုပ်လုပ်ရသလို ဝယ်သူ၊ ဖောက်သည်တွေအတွက်လဲ အလုပ်လုပ်ကြရတဲ့လူတွေ ဖြစ်ပါတယ်။

Published in Tips

ကိုယ်တိုင်လုပ်ကိုင်နေရတဲ့ Creative Director တစ်ယောက်အနေနဲ့ ပြောရဲတာက၊ တန်ဖိုးရှိတဲ့ ဒီလိုရာထူး အတွက် လိုအပ်တာက ဒီအချက်လေးတွေပါ။

Published in Rules & Regulations

ကျောင်းတက်လက်စ ကျောင်းသားလူငယ်တွေ၊ ကျောင်းပြီးခါစ လူငယ်တွေအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ဘယ်ကနေစရမလဲဆိုပြီး စဉ်းစားရင်း အချိန်ကုန်နေတက်ကြပါတယ်။

Published in Tips

Social Media ခေတ်စားလာတဲ့အချိန်မှာ သင့်လုပ်ငန်းအတွက် Video Content တွေပြုလုပ်ပြီး ကြော်ငြာတာဟာလည်း ထိရောက်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

Published in Tips

မိတ်ဆွေဟာ Technology နဲ့ ပတ်သတ်တဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နေတဲ့ သူတစ်ယောက်ဆိုရင် Browser တွေကို မဖြစ်မနေ အသုံးပြုရပါမယ်။

Published in Tips

Facebook, Messenger, Instagram စတဲ့ Social Media တွေ ခေတ်စားလာတာနဲ့အမျှ စီးပွားရေးလုပ်ငန်းတွေဟာ Digital Marketing ကို အသုံးပြုပြီး ကြော်ငြာလာကြပါတယ်။

Published in Tips

အောင်မြင်တဲ့လုပ်ငန်းများ အသုံးပြုသော နည်းဗျူဟာ ၄ချက် တီထွင်မှုနဲ့ တိုးတက်ဖို့အတွက် အောင်မြင်တဲ့ကုမ္ပဏီတွေ ဘာလုပ်လဲဆိုတာကို ကျွန်တော်တို့လေ့လာလို့ရပါတယ်။ ကမ္ဘာပေါ်မှာအအောင်မြင်ဆုံး ကုမ္ပဏီများသည် အနည်းဆုံးအောက်ပါ အချက်လေးချက်ကို လိုက်နာလေ့ရှိသည်။

 

၁။ အခြား S-Curve ကိုရှာဖွေခြင်း

ဘယ်အရာမှတစ်သက်လုံး ကြီးထွားနေမှာမဟုတ်ပါဘူး။ အကောင်းဆုံးသော ပစ္စည်း၊ ဈေးကွက်နဲ့စီးပွားရေး model များဟာ အချိန်တစ်ခုရောက်တဲ့အထိ ကြီးထွားပြီး၊ အချိန်တန်တဲ့အခါ ကြီးထွားမှုရပ်သွားပါသည်။ လုပ်ငန်းပြိုင်ဆိုင်မှုကြီးမားလာတဲ့အခါ၊ အခြားကုမ္ပဏီပစ္စည်းများမှ ပိုမိုကောင်းမွန်သော အရည်အသွေးပေးနိုင် သောအခါ၊ နည်းပညာ မြှင့်တင်ရန်လိုအပ်လာသောအခါ လုပ်ငန်းဝင်ငွေများဟာ တဖြည်းဖြည်းလျော့ကျလာ ပါသည်။

တိုးတက်နေသောလုပ်ငန်းများသည် မိမိတို့ခန့်မှန်းထားသည့် ပုံစံနဲ့ပဲ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကြ ပါသည်။ ဒီလို S curve ဟာပိုမိုထင်ရှားလာတဲ့အခါမှာ နောက်အကြိမ် Growth strategy ကိုဆွဲဖို့အတွက် တော်တော်နောက်ကျသွားပါပြီ။ တီထွင်ဖို့အကောင်းဆုံးအချိန်ဟာ ဒီ growth curve ပြောင်းလဲချိန်ပါ။ ဒါပေမယ့် ဒီ growth curve ဟာဘယ်အချိန်မှာ ပြောင်းလဲမလဲ မသိနိုင်တဲ့အတွက် စဉ်ဆက်မပြတ် ကုမ္ပဏီဟာတီထွင်နေဖို့လိုပါသည်။ Steve Jobs ဟာဒီအချက်ကိုနားလည်ပြီး Apple ကို ပြန်လာတဲ့အချိန်မှာ သူ့ကုမ္ပဏီရဲ့ အောင်မြင်မှု ရပ်တန့်နေတဲ့အချက်ကို ပြောင်းပြန်လှန်လိုက်ပါတယ်။

ဒီအချိန်မှာ Apple သည် ဈေးကွက်ဝေစု ၁၀ ရာခိုင်နှုန်း ထက်မပိုခဲ့ပါဘူး။ ပြီးတော့ ၂၀၀၂ ခုနှစ် Time Magazine မှာ ကျွန်တော်ဟာ Sony ၊ Microsoft တို့နဲ့ယှဉ်ပြိုင်မှာ ပါလို့ပြောခဲ့ပါသည်။ နောက် ၈နှစ်အကြာမှာ IPod၊ iPhone၊ iPad နဲ့အခြား ဈေးကွက်ကစားမှုပုံစံတွေကို ပြောင်းလဲခဲ့ပြီး၊ Jobs ကသူ့ရဲ့ အောင်မြင်မှုကိုကြော်ငြာခဲ့ပြီး၊ Apple Computer မှ Apple Inc. လို့ပြောင်းလဲခဲ့ပါသည်။ iPod ကို စတင်မိတ်ဆက်စဉ်က Jobsက Apple စာ ကမ္ဘာပေါ်မှာအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်ရမယ်လို့ ကြော်ငြာခဲ့ပြီး၊ Sony၊ Samsung နှင့် Nokia တို့ထက် အောင်မြင်ရမယ်လို့ ကြော်ငြာခဲ့ပါသည်။

 

၂။ ၀ယ်ယူသူကို မှီခိုပါ။

အောင်မြင်တဲ့ကုမ္ပဏီများသည် ၀ယ်ယူသူရဲ့ပြသနာကို ကောင်းကောင်းနားလည်သူများ ဖြစ်ကြပါသည်။ ဒီလုပ်ငန်းများဟာ ၀ယ်ယူသူကိုနားလည်ပြီး၊ အခွင့်အလမ်းကောင်းများဖော်ထုတ်ဖို့အတွက် နည်းလမ်းတွေ ရှိကြပါသည်။ ၀ယ်ယူသူရဲ့အမြင်ဟာ ကိုယ့်ထုတ်ကုန်ကို တီထွင်ဖို့အတွက် အခြေခံဖြစ်ပြီး၊ ပုံစံငယ်ထုတ်ခြင်း၊ ထုတ်ကုန်သုံးစွဲသူများနှင့်ပူးတွဲပြီး ဒီဇိုင်းများတီထွင်ခြင်း တို့ကိုလုပ်ဆောင်ကြပါသည်။

ကျွန်တော်အမြဲတမ်းစိတ်ဝင်စားခဲ့တာက အချို့ကုမ္ပဏီများသည် သူတို့ရဲ့အချိန်အချို့ကိုအလုပ်ကနေ သွားပြီး ၀ယ်ယူသူများနဲ့ တွေ့ဆုံဖို့ကြပါတယ်။ IBM မှ Lou Gersterner ဟာ ကုမ္ပဏီဝန်ထမ်းများကို ၀ယ်ယူ သူများနဲ့ တွေ့ဆုံနိုင်အောင်ဖန်တီးပေးပါသည်။ IBM ထိပ်တန်းအဆင့်ဝန်ထမ်း ၅၀ ဟာ တစ်ပတ်မှာ ၀ယ်ယူသူ ၅ဦးနဲ့တွေ့ဆုံရမယ်လို့ စနစ်ထုတ်ပြန်ထားပါသည်။

ကိုယ်ပိုင်လုပ်ငန်း စတင်တည်ထောင်ချင်သူတွေအတွက် Jack Ma ရဲ့ အကြံပြုချက်

၃။ ဒီဇိုင်နာတစ်ဦးကဲ့သို့ စဉ်းစားပါ။

မန်နေဂျာတစ်ဦးဟာ ရွေးချယ်ဖို့နဲ့၊ ဆုံးဖြတ်ချက်ချဖို့အတွက် သင်ကြားထားတာဖြစ်ပြီး၊ သူတို့မှာ ရွေးချယ်ဖို့အကောင်းဆုံးဆိုပြီး မရှိပါဘူး။ တီထွင်မှုမှာ ရွေးချယ်ဖို့အသစ်တွေဖန်တီးတာလည်း ပါဝင်ပါသည်။ Apple သုံးစွဲသူတွေအတွက် ဖန်တီးထားတဲ့ ဖုန်းဟာ Jonathan Ive ဆိုတဲ့ ဒီဇိုင်နာတစ်ဦး တီထွင်ထား တာဖြစ်ပါသည်။ ဒီဇိုင်းများစဉ်းစားရန်အတွက် အခြားလိုအပ်ချက်တွေရှိပါသည်။

တိုးတက်နေသောကုမ္ပဏီများသည် Porter’s Five Forces ကို မေ့ထားကြပြီး၊ ဈေးကွက်ဟာ ခိုင်မာပြီး၊ ပြိုင်ဆိုင်သူများဟာ သူတို့ဈေးကွက်ဝေစုအတွက် ပြိုင်ဆိုင်ရမှာပဲလို့ သတ်မှတ်ထားပါသည်။ သူတို့ဟာ အခြားမဖော်ထုတ်ထားတဲ့ ဈေးကွက်ကိုရှာဖွေမယ့်အစား (Blue Ocean Strategy) ၊ လက်ရှိဈေးကွက်ကို ပြိုင်ဆိုင်ကြပါတယ်။

 

၎။ ဦးဆောင်ခြင်း

CEO ဟာ တီထွင်ဖန်တီးမှုကို ဦးစားပေးအနေနဲ့မထားရင်၊ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ တီထွင်ဖန်တီးမှုမှာ အန္တရာယ်များမှု၊ ရှုံးနိမ့်မှုတို့ အတိုင်းအတာတစ်ခုအထိ ရှိနိုင်ပါသည်။ အအောင်မြင်ဆုံးကုမ္ပဏီများသည် တီထွင်မှုကို အားပေးတဲ့ပတ်ဝန်းကျင်ကို ဖန်တီးထားပါသည်။ Howard Schultz ဟာ Starbucks သည်သူ့ရဲ့လမ်းကြောင်းပျောက်သွားပြီလို့ ယူဆတဲ့အခါမှာ၊ တစ်ကမ္ဘာလုံးမှာ ကော်ဖီဆိုင်များကို သွားရောက်ပြီး၊ ဆိုင်ဒီဇိုင်းနဲ့ အတွေ့အကြုံကိုပြောင်းလဲ ခဲ့ပါသည်။

Google ဟာသူ့ဝန်ထမ်းများကို တစ်ပတ်မှာတစ်ရက် idea အသစ်တွေစဉ်းစားဖို့ တွန်းအားပေးပါသည်။ P&G ဟာသူတို့ ထုတ်ကုန်နဲ့ ၀န်ဆောင်မှုအသစ်ရဲ့ ၀င်ငွေကိုအမြဲ tracking လိုက်ပါသည်။ Amazon ထူထောင်သူဖြစ်တဲ့ Jeff Bezos ဟာသူ့ဝန်ထမ်းများနဲ့ ရှယ်ယာရှင်တွေကို အမြတ်ထက်၊ နောင်နှစ် ၅နှစ်နဲ့ ၇နှစ်ကြားမှာ အရင်းကျေနိုင်တဲ့ လုပ်ငန်းအမျိုးအစားကို ပိုသဘောကျတယ်လို့ပြောခဲ့ပါသည်။

 

Source: Harvard University

Myanmar Advertising Directory

Published in Tips
Page 11 of 13