-->
×

Warning

JUser: :_load: Unable to load user with ID: 29


Hollywood သရုပ္ေဆာင္မ်ားႏွင့္ မေအာင္ျမင္ခင္က သရုပ္ေဆာင္ခဲ့ရေသာ ေၾကာ္ျငာမ်ား

ံံံ့့A List သရုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ Patrick Swayze , Brad Pitt , Ryan Raynolds , Channing Tatum စေသာ Hollywood မွ ေငြၾကယ္ပြင့္မ်ားဟာ

သူတို႔ ငယ္စဥ္ကေလးဘဝက မေအာင္ျမင္ေသးခင္ အခ်ိန္ေလးေတြမွာ Hollywood မွာ ဝင္ေရာက္တိုးေပါက္ႏိုင္္ဖို႔ ေၾကာ္ျငာမ်ားတြင္ေျခလွမ္းအစပါဝင္သရုပ္ေဆာင္ခဲ႔ရပါတယ္။

 

ံHollywood ေျခလွမ္းအိမ္မက္ အစ ေၾကာ္ျငာမ်ားမွ စတင္ၾက ဆိုတဲ့ စကားစု အတိုင္း .....

 

Patrick Swayze

The Ghost ဇာတ္ကားျဖင့္ ေအာင္ျမင္ေက်ာ္ၾကားခဲ့ေသာ Patrick Swayze ဟာဆိုရင္ေတာ့ျဖင့္ ၁၉၇၉ သူနာမည္မရခင္အခ်ိန္မွာ Pabst Blue Ribbon ေၾကာ္ျငာျဖင့္ အႏုပညာခရီးလမ္းကို စတင္ခဲ့တယ္သိရပါတယ္။

ထိုဘီယာ ေၾကာ္ျငာတြင္ Patrick ရဲ႕ အက အရည္အခ်င္းကိုျပသခြင့္ ရခဲ့တဲ့ အျပင္ ထိုေၾကာ္ျငာေလးေၾကာင့္ Texas သားေလးျဖစ္သူ Patrick Swayze ကို အမ်ိဳးသမီးမ်ားက အသည္းအသန္ အလုအယက္ အားေပးခဲ့ၾကပါတယ္တဲ့။

Patrick Swayze ရဲ႕ နာမည္ၾကီး ဇာတ္ကားျဖစ္တဲ့ Dirty Dancing ဆိုတဲ့ အကဇာတ္ကား ကို Patrick အား ဇာတ္ေဆာင္မင္းသားအျဖစ္ေရြးခ်ယ္ခဲ့ျခင္းမွာ ထို Pabst Blue Ribbon ေၾကာ္ျငာေလးေၾကာင့္ဟု သိရွိရပါသည္။

 

Brad Pitt

Brad Pitt ဟာဆိုရင္ေတာ့ျဖင့္ ကမၻာ႔ အမ်ိဳးသမီးမ်ားရဲ႕ Sex Symbol ဆိုလဲမမွားပါဘူး ထို႕အတူ ၁၉၉၀ နွစ္မ်ားဆီက အပ်ိဳေခ်ာေလးမ်ားက Brad Pitt ကို Pringles ေၾကာ္ျငာနဲ႔ တြဲျမင္ၾကပါတယ္။

Brad ဟာ ထိုေၾကာ္ျငာထဲမွာ ဆံပင္ေရႊေရာင္ေလးမ်ားႏွင့္ မ်က္လံုးျပာျပာ၊ အက်ီ ၤ အေပၚပိုင္း ဗလ ျပထားျပီး ထိုေၾကာ္ျငာေလးကိုရိုက္ကူးထားတာပါ။ထိုေၾကာ္ျငာေလးဟာ ၁၉၉၀ အေစာပိုင္းခုနွစ္ေတြထဲကပါ။

ထိုေၾကာ္ျငာေလးေၾကာင့္ Brad Pitt နာမည္ရလာတယ္ဆိုလဲမမွားဘူးေပါ့ ရွင္။ ဒါ့ထက္ Brad Pitt ဟာ တကယ္ပဲ Pringles အာလူးေၾကာ္ ရဲ႕ပရိသတ္ပါပဲတဲ့။

 

Ryan Raynolds

Deadpool ရဲ႕ ပင္တိုင္မင္းသားျဖစ္သူ မင္းသားေခ်ာေလး Ryan Raynolds ဟာ သူ႕ရဲ႕ ကေလးသရုပ္ေဆာင္ဘဝ မွာထဲက Hollywood တြင္ေျခလွမ္းစခဲ့သူပါ။

Ryan Raynolds ဟာ ၁၉၉၀ ႏွစ္ေႏွာင္းပိုင္း လက္ထိုးသၾကားလံုးေၾကာ္ျငာ ျဖစ္တဲ့ push pops ေၾကာ္ျငာမွာပါဝင္ခဲ့တယ္သိရျပီး ထိုေၾကာ္ျငာေၾကာင့္ Ryan ကို

ရုပ္ရွင္ထုတ္လုပ္ေရးမ်ားက ခပ္သြက္သြက္ ႏွင့္ ခ်စ္စဖြယ္ေကာင္းေသာကေလးဆိုကာ လူသိမ်ားလာတာပါတဲ့။

 

Channing Tatum

Magic Mike ရဲ႕ပင္တိုင္မင္းသား Channing Tatum ဟာ ခပ္မာမာထန္ထန္ Bad Boy ကာရိုက္တာနဲ႔ အင္မတန္မွ လိုက္ဖက္သူပါ။

Mountain Dew ေၾကာ္ျငာမွာ Channing Tatum မ်က္လံုးရဲ႕ အၾကည့္ ေတြေၾကာင့္ မိန္းကေလးမ်ား စြဲလမ္းခဲ့ရပါတယ္။

ထို Mountain Dew ေၾကာ္ျငာမွ ဒါရိုက္တာက Channing ဟာ တစ္ခ်ိန္မင္းသားျဖစ္ကို ျဖစ္လိမ့္မယ္လို႔ထင္ေၾကးေပးခံခဲ႔ရပါတယ္။

Mountain Dew ေၾကာ္ျငာကိုလည္း လူငယ္ပိုင္းမိန္းကေလးမ်ားနွစ္သက္ရုံသာမက ေယာက္်ားေလး လူငယ္ပိုင္းပရိသတ္မ်ားရဲ႕ အားေပးမႈ႔ကိုရရွိခဲ့ပါတယ္။

 

အရင္ေခတ္မွာ အညတရ ေၾကာ္ျငာ သရုပ္ေဆာင္ မ်ားမွာလဲ ယခုခ်ိန္မွာေတာ႔ အမ်ားက လက္ခံတဲ႔ Hollywood Star ေတြ ျဖစ္ေနၾကပါျပီ။

ဒါေၾကာင့္ အနုပညာဝါႆနာထံုေသာ Hollywood ၾကိဳက္ေသာ လူအမ်ားအေနႏွင့္ ေၾကာ္ျငာမ်ားကို အျမဲ ၾကည့္ရူ႕သင့္ပါသည္။

 

ထိုင္းႏိုင္ငံ၏ေၾကာ္ျငာပိုင္းဆိုင္ရာ ဂုဏ္ျပဳဆု ၄ ဆုရရွိေသာ McDonald

 

Unicode >>> 


ံံံ့A List သရုပ်ဆောင်များဖြစ်ကြတဲ့ Patrick Swayze , Brad Pitt , Ryan Raynolds , Channing Tatum စသော Hollywood မှ ငွေကြယ်ပွင့်များဟာ သူတို့ ငယ်စဉ်ကလေးဘဝက မအောင်မြင်သေးခင် အချိန်လေးတွေမှာ Hollywood မှာ ဝင်ရောက်တိုးပေါက်နိုင်ဖို့ ကြော်ငြာများတွင်ခြေလှမ်းအစပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

ံHollywood ခြေလှမ်းအိမ်မက် အစ ကြော်ငြာများမှ စတင်ကြ ဆိုတဲ့ စကားစု အတိုင်း .....

Patrick Swayze

The Ghost ဇာတ်ကားဖြင့် အောင်မြင်ကျော်ကြားခဲ့သော Patrick Swayze ဟာဆိုရင်တော့ဖြင့် ၁၉၇၉ သူနာမည်မရခင်အချိန်မှာ Pabst Blue Ribbon ကြော်ငြာဖြင့် အနုပညာခရီးလမ်းကို စတင်ခဲ့တယ်သိရပါတယ်။

ထိုဘီယာ ကြော်ငြာတွင် Patrick ရဲ့ အက အရည်အချင်းကိုပြသခွင့် ရခဲ့တဲ့ အပြင် ထိုကြော်ငြာလေးကြောင့် Texas သားလေးဖြစ်သူ Patrick Swayze ကို အမျိုးသမီးများက အသည်းအသန် အလုအယက် အားပေးခဲ့ကြပါတယ်တဲ့။

Patrick Swayze ရဲ့ နာမည်ကြီး ဇာတ်ကားဖြစ်တဲ့ Dirty Dancing ဆိုတဲ့ အကဇာတ်ကား ကို Patrick အား ဇာတ်ဆောင်မင်းသားအဖြစ်ရွေးချယ်ခဲ့ခြင်းမှာ ထို Pabst Blue Ribbon ကြော်ငြာလေးကြောင့်ဟု သိရှိရပါသည်။

Brad Pitt

Brad Pitt ဟာဆိုရင်တော့ဖြင့် ကမ္ဘာ့ အမျိုးသမီးများရဲ့ Sex Symbol ဆိုလဲမမှားပါဘူး ထို့အတူ ၁၉၉၀ နှစ်များဆီက အပျိုချောလေးများက Brad Pitt ကို Pringles ကြော်ငြာနဲ့ တွဲမြင်ကြပါတယ်။

Brad ဟာ ထိုကြော်ငြာထဲမှာ ဆံပင်ရွှေရောင်လေးများနှင့် မျက်လုံးပြာပြာ၊ အကျီ ၤ အပေါ်ပိုင်း ဗလ ပြထားပြီး ထိုကြော်ငြာလေးကိုရိုက်ကူးထားတာပါ။ထိုကြော်ငြာလေးဟာ ၁၉၉၀ အစောပိုင်းခုနှစ်တွေထဲကပါ။

ထိုကြော်ငြာလေးကြောင့် Brad Pitt နာမည်ရလာတယ်ဆိုလဲမမှားဘူးပေါ့ ရှင်။ ဒါ့ထက် Brad Pitt ဟာ တကယ်ပဲ Pringles အာလူးကြော် ရဲ့ပရိသတ်ပါပဲတဲ့။

Ryan Raynolds

Deadpool ရဲ့ ပင်တိုင်မင်းသားဖြစ်သူ မင်းသားချောလေး Ryan Raynolds ဟာ သူ့ရဲ့ ကလေးသရုပ်ဆောင်ဘဝ မှာထဲက Hollywood တွင်ခြေလှမ်းစခဲ့သူပါ။

Ryan Raynolds ဟာ ၁၉၉၀ နှစ်နှောင်းပိုင်း လက်ထိုးသကြားလုံးကြော်ငြာ ဖြစ်တဲ့ push pops ကြော်ငြာမှာပါဝင်ခဲ့တယ်သိရပြီး ထိုကြော်ငြာကြောင့် Ryan ကို

ရုပ်ရှင်ထုတ်လုပ်ရေးများက ခပ်သွက်သွက် နှင့် ချစ်စဖွယ်ကောင်းသောကလေးဆိုကာ လူသိများလာတာပါတဲ့။

Channing Tatum

Magic Mike ရဲ့ပင်တိုင်မင်းသား Channing Tatum ဟာ ခပ်မာမာထန်ထန် Bad Boy ကာရိုက်တာနဲ့ အင်မတန်မှ လိုက်ဖက်သူပါ။

Mountain Dew ကြော်ငြာမှာ Channing Tatum မျက်လုံးရဲ့ အကြည့် တွေကြောင့် မိန်းကလေးများ စွဲလမ်းခဲ့ရပါတယ်။

ထို Mountain Dew ကြော်ငြာမှ ဒါရိုက်တာက Channing ဟာ တစ်ချိန်မင်းသားဖြစ်ကို ဖြစ်လိမ့်မယ်လို့ထင်ကြေးပေးခံခဲ့ရပါတယ်။

Mountain Dew ကြော်ငြာကိုလည်း လူငယ်ပိုင်းမိန်းကလေးများနှစ်သက်ရုံသာမက ယောက်ျားလေး လူငယ်ပိုင်းပရိသတ်များရဲ့ အားပေးမှု့ကိုရရှိခဲ့ပါတယ်။

အရင်ခေတ်မှာ အညတရ ကြော်ငြာ သရုပ်ဆောင် များမှာလဲ ယခုချိန်မှာတော့ အများက လက်ခံတဲ့ Hollywood Star တွေ ဖြစ်နေကြပါပြီ။

ဒါကြောင့် အနုပညာဝါဿနာထုံသော Hollywood ကြိုက်သော လူအများအနေနှင့် ကြော်ငြာများကို အမြဲ ကြည့်ရူ့သင့်ပါသည်။

 

Source From People Magazine 

 

Myanmar Advertising Directory 

 

Read times
Rate this item
(1 Vote)