-->
×

Warning

JUser: :_load: Unable to load user with ID: 29


Sainsbury ရဲ႕ Christmas ေၾကာ္ျငာအသစ္

ွSainsbury ရဲ႕ ယခု ေၾကာ္ျငာ campaign က ၁၈၆၉ မွ ပထမ ဦးဆံုး Sainsbury ဆိုင္ႏွင့္ပတ္သတ္ ေခတ္ေဟာင္းကိုျပန္လည္ရိုက္ကူးျပသထားျပီး ခရစ္စမတ္ ကာလ ကိုရည္ညႊန္းထားတယ္သိရပါတယ္။

Sainsbury ဟာ United Kingdom ျမိဳ႕ရဲ႕ ဒုတိယ အၾကီးဆံုး လက္လီလက္ကားဆိုင္ ၾကီးပါ။အဝတ္အစား ၊ စားေသာက္ကုန္ ၊ အသံုးအေဆာင္ပစၥည္းမ်ိဳးစံုရရွိ ႏိုင္ပါတယ္။

Sainsbury ဟာ Dickensian origin story ကိုရိုက္ကူးျပသထားျပီး ၁၈ ရာစု အဂၤလန္ ရဲ႕ လမ္းမေတြေပၚရွိ ထိုစဥ္က ၾကီးႏိုင္ငယ္ညင္း ဝါဒ တြင္က်ယ္ခဲ့ ပံုကို ရိုက္ျပထားတာပါ။

ဒီ TV ေၾကာ္ျငာ Campaign ကို ျပီးခဲ့တဲ့ အဂၤါေန႔က ITV’s Emmerdale တြင္ထည့္၍ျပသခဲ့ျပီး ထို႔ေနာက္ Online တြင္ ျပသခဲ့ တယ္သိရပါတယ္။

ေၾကာ္ျငာေလးရဲ႕ ဇာတ္လမ္းေလးက ေတာ့ ႏွစ္ေပါင္း ၁၅၀ ေက်ာ္ ၁၈၆၉ ခုႏွစ္မ်ားဆီက အဂၤလန္ လမ္းမမ်ားဆီကို အေျခခံျပီး ၾကီးနိုင္ငယ္ညင္း ပံုစံကိုရိုက္ျပထားတာေတြ႕ရပါတယ္။

မိဘမဲ႔ကေလး ျဖစ္သူ ဇာတ္လိုက္ေက်ာ္ေလးဟာ ၊ ေလလြင့္ အုပ္စု လက္ထဲေရာက္ကာ လစ္ရင္ခိုးယူသူ သူဖုန္းစား ေခါင္းေဆာင္ႏွင့္ သူႏွင့္ ဘဝတူ မိဘမဲ့ ကေလးမ်ားႏွင့္ ေလလြင့္အုပ္စုႏွင့္အတူေနထိုင္ပါတယ္။

 

ကိုကာ ကိုလာ၏ ေခတ္ အဆက္ဆက္ေၿပာင္းလဲလာေသာ ေၾကာ္ျငာပိုစတာမ်ား

 

တစ္ရက္မွာ ထို ဇာတ္လိုက္ေက်ာ္ေလးဟာ သူတို႕ ေလလြင့္အုပ္စု ေခါင္းေဆာင္ႏွင့္အတူ အဂၤလန္ ျမိဳ႕ရဲ႕ ေစ်းတန္းဘက္သြားစဥ္ ထိုေလလြင့္ အုပ္စုေခါင္းေဆာင္ျဖစ္သူက သစ္သီးဆိုင္မွ အသီးမ်ားခိုးယူစဥ္ အသီးေလး ျပဳတ္က်လာတာမို႕

လူငယ္ေလးဟာ ေကာက္ယူ လိုက္စဥ္ ရဲမွ ဖမ္းသြားပါေတာ့တယ္ ရဲဖမ္းသြားစဥ္ ေကာင္ေလးက သူမခိုးဘူးဆိုကာ ျငင္းဆန္ခဲ့ ေပမဲ့ ေကာင္ေလးရဲ႕ ေလလြင့္အုပ္စု ေခါင္းေဆာင္က ေကာင္ေလးကို ေခ်ာက္တြန္းလိုက္ပါေတာ့တယ္။

ယခင္ေခတ္မ်ားက အဂၤလန္တြင္ ပစၥည္းခိုးတဲ့ ေလလြင့္ ကေလးမ်ားဆိုလ်င္ ထိုကေလးမ်ားျပန္မလာ ႏိုင္ေလာက္တဲ့ ျမိဳ႕ျပင္ကို ဒဏ္ေပး စြန္႕ ျပစ္ ခံရပါတယ္။ေကာင္ေလး ဟာ ျမိဳ႕ျပင္ စီးႏွင္း ေတာထဲတြင္ ခိုက္ခိုက္တုန္ေနပါေတာ့တယ္။

ထိုခိုက္ခိုက္တုန္ေနေသာ ဇာတ္လိုက္ေက်ာ္ေလးကို အျပစ္ကင္း မွန္းသိေသာ ဆိုင္ရွင္ အမ်ိဳးသမီးမွ ျမိဳ႕ ရထားလံုးျဖင့္ လာေခၚကာ အသီးမ်ားလက္ေဆာင္ေပးခဲ့ပါတယ္,

ေကာင္ေလးမွ ထိုအမ်ိဳးသမီးအား သူ႕တြင္ေပးစရာမရွိလို႕လက္မခံပါရေစနဲ႔ဆိုကာ ေျပာေသာ္လည္း ထိုအမ်ိဳးသမီးမွ ေငြေၾကးအစား ခရစ္စမတ္အတြက္ ေကာင္းတဲ့ အမွတ္တရေလး တစ္ခုခုသာလုပ္ေပးဖို႕ ေတာင္းဆိုပါတယ္။

ပရိသတ္ မွ ထိုေၾကာ္ျငာေလးတြင္ဆက္လက္ေစာင့္ၾကည့္ ရမွာက ေကာင္ေလးက ခရစ္စမတ္အတြက္ ဘယ္လိုေတြအမွတ္တရျဖစ္ေအာင္ ေကာင္မြန္တာေလးေတြ ဘယ္လိုေဆာင္ရြက္မလဲဆိုတာပါပဲ။

ထိုေၾကာ္ျငာေလးကို ရိုေမးနီးယားတြင္သြားေရာက္ရိုက္ကူးထားျပီး CGI [special effects] ေတြျဖင့္ ေငြေၾကးအကုန္ အက် ခံကာ လန္ဒန္ျမိဳ႕ရဲ႕ ရာသီဥတုအတိုင္းျဖစ္ေအာင္ ျပဳလုပ္ထားတယ္သိရပါတယ္။

ေၾကာ္ျငာ ေအဂ်င္စီ Wieden + Kennedy မွ ဒါရိုက္တာ Ninian Doff က ရိုက္ကူးထားတယ္သိရပါတယ္။

 

Unicode >>>

 

Sainsbury ရဲ့ ယခု ကြော်ငြာ campaign က ၁၈၆၉ မှ ပထမ ဦးဆုံး Sainsbury ဆိုင်နှင့်ပတ်သတ် ခေတ်ဟောင်းကိုပြန်လည်ရိုက်ကူးပြသထားပြီး ခရစ်စမတ် ကာလ ကိုရည်ညွှန်းထားတယ်သိရပါတယ်။

Sainsbury ဟာ United Kingdom မြို့ရဲ့ ဒုတိယ အကြီးဆုံး လက်လီလက်ကားဆိုင် ကြီးပါ။အဝတ်အစား ၊ စားသောက်ကုန် ၊ အသုံးအဆောင်ပစ္စည်းမျိုးစုံရရှိ နိုင်ပါတယ်။

Sainsbury ဟာ Dickensian origin story ကိုရိုက်ကူးပြသထားပြီး ၁၈ ရာစု အင်္ဂလန် ရဲ့ လမ်းမတွေပေါ်ရှိ ထိုစဉ်က ကြီးနိုင်ငယ်ညင်း ဝါဒ တွင်ကျယ်ခဲ့ ပုံကို ရိုက်ပြထားတာပါ။

ဒီ TV ကြော်ငြာ Campaign ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ITV’s Emmerdale တွင်ထည့်၍ပြသခဲ့ပြီး ထို့နောက် Online တွင် ပြသခဲ့ တယ်သိရပါတယ်။

ကြော်ငြာလေးရဲ့ ဇာတ်လမ်းလေးက တော့ နှစ်ပေါင်း ၁၅၀ ကျော် ၁၈၆၉ ခုနှစ်များဆီက အင်္ဂလန် လမ်းမများဆီကို အခြေခံပြီး ကြီးနိုင်ငယ်ညင်း ပုံစံကိုရိုက်ပြထားတာတွေ့ရပါတယ်။

မိဘမဲ့ကလေး ဖြစ်သူ ဇာတ်လိုက်ကျော်လေးဟာ ၊ လေလွင့် အုပ်စု လက်ထဲရောက်ကာ လစ်ရင်ခိုးယူသူ သူဖုန်းစား ခေါင်းဆောင်နှင့် သူနှင့် ဘဝတူ မိဘမဲ့ ကလေးများနှင့် လေလွင့်အုပ်စုနှင့်အတူနေထိုင်ပါတယ်။

တစ်ရက်မှာ ထို ဇာတ်လိုက်ကျော်လေးဟာ သူတို့ လေလွင့်အုပ်စု ခေါင်းဆောင်နှင့်အတူ အင်္ဂလန် မြို့ရဲ့ ဈေးတန်းဘက်သွားစဉ် ထိုလေလွင့် အုပ်စုခေါင်းဆောင်ဖြစ်သူက သစ်သီးဆိုင်မှ အသီးများခိုးယူစဉ် အသီးလေး ပြုတ်ကျလာတာမို့

လူငယ်လေးဟာ ကောက်ယူ လိုက်စဉ် ရဲမှ ဖမ်းသွားပါတော့တယ် ရဲဖမ်းသွားစဉ် ကောင်လေးက သူမခိုးဘူးဆိုကာ ငြင်းဆန်ခဲ့ ပေမဲ့ ကောင်လေးရဲ့ လေလွင့်အုပ်စု ခေါင်းဆောင်က ကောင်လေးကို ချောက်တွန်းလိုက်ပါတော့တယ်။

 

ကိုကာ ကိုလာ၏ ခေတ် အဆက်ဆက်ပြောင်းလဲလာသော ကြော်ငြာပိုစတာများ

 

ယခင်ခေတ်များက အင်္ဂလန်တွင် ပစ္စည်းခိုးတဲ့ လေလွင့် ကလေးများဆိုလျင် ထိုကလေးများပြန်မလာ နိုင်လောက်တဲ့ မြို့ပြင်ကို ဒဏ်ပေး စွန့် ပြစ် ခံရပါတယ်။ကောင်လေး ဟာ မြို့ပြင် စီးနှင်း တောထဲတွင် ခိုက်ခိုက်တုန်နေပါတော့တယ်။

ထိုခိုက်ခိုက်တုန်နေသော ဇာတ်လိုက်ကျော်လေးကို အပြစ်ကင်း မှန်းသိသော ဆိုင်ရှင် အမျိုးသမီးမှ မြို့ ရထားလုံးဖြင့် လာခေါ်ကာ အသီးများလက်ဆောင်ပေးခဲ့ပါတယ်,

ကောင်လေးမှ ထိုအမျိုးသမီးအား သူ့တွင်ပေးစရာမရှိလို့လက်မခံပါရစေနဲ့ဆိုကာ ပြောသော်လည်း ထိုအမျိုးသမီးမှ ငွေကြေးအစား ခရစ်စမတ်အတွက် ကောင်းတဲ့ အမှတ်တရလေး တစ်ခုခုသာလုပ်ပေးဖို့ တောင်းဆိုပါတယ်။

ပရိသတ် မှ ထိုကြော်ငြာလေးတွင်ဆက်လက်စောင့်ကြည့် ရမှာက ကောင်လေးက ခရစ်စမတ်အတွက် ဘယ်လိုတွေအမှတ်တရဖြစ်အောင် ကောင်မွန်တာလေးတွေ ဘယ်လိုဆောင်ရွက်မလဲဆိုတာပါပဲ။

ထိုကြော်ငြာလေးကို ရိုမေးနီးယားတွင်သွားရောက်ရိုက်ကူးထားပြီး CGI [special effects] တွေဖြင့် ငွေကြေးအကုန် အကျ ခံကာ လန်ဒန်မြို့ရဲ့ ရာသီဥတုအတိုင်းဖြစ်အောင် ပြုလုပ်ထားတယ်သိရပါတယ်။

ကြော်ငြာ အေဂျင်စီ Wieden + Kennedy မှ ဒါရိုက်တာ Ninian Doff က ရိုက်ကူးထားတယ်သိရပါတယ်။

 

Source from guardian 

 

Myanmar Advertising Directory 

 

Read times
Rate this item
(0 votes)