-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဖေ့ဘုတ်မှ ကြော်ငြာ တွင်ပါဝင်သော အမုန်းစကားများအား ပိတ်ပင်

ဖေ့ဘုတ် CEO ဖြစ်သူ မက်ဇူကာဘက် ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားချက်အရ ၎င်းတို့လုပ်ငန်းစု အနေနဲ့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း နည်းဥပဒေသ တွေကို ပြောင်းလဲဖို့ရှိပြီး အမုန်းစကားဆန်ဆန် စကားလုံးသုံးနှုန်း မှု့ကို ကြော်ငြာများမှ ၎င်းတို့ဖယ်ရှားသွားမယ်သိရပါတယ်။

 

အခု အဆိုပါ ပြောင်းလဲလိုက်တဲ့ နည်းဥပဒေသ တွေထဲမှာဆိုရင် ဖေ့ဘုတ်အနေနဲ့ ကြော်ငြာ တွေထဲမှာ လူမျိုး ၊ ဘာသာ ၊ လူအများနဲ့ အလိုက်အထိုက်ဖြစ်မှု့ ၊ လူတန်းစားခွဲခြားမှု့ ၊ ယောကျ်ား , မိန်းမ ခွဲခြားမှု့ ၊ လိင်ပိုင်းဆိုင်ရာခွဲခြားမှု့ ဆိုင်ရာ ကိစ္စရပ်များနဲ့ ညှိစွန်း မယ်ထင်တဲ့ မည်သည့်ကြော်ငြာ ကို မဆို ပိတ်ပင်ပြစ်တော့မှာပါ။

 

ဇူကာဘက်အနေနဲ့ ပြောကြားခဲ့တာကတော့ '' ကျွန်တော် တာဝန်ယူ လုပ်ချင်တာကတော့ ကျွန်တော့် ဖေ့ဘုတ်ဆိုတဲ့ နေရာတစ်ခုက လူတွေအတွက် သူတို့ပြောချင်တဲ့ အရေးကြီးတဲ့ စကားသံတွေ လူတွေဆီရောက်အောင်ဦးတည်ပြီးဆက်သွားမှာပါ ၊ ဒါကြောင့်မို့ ကျွန်တော့် အနေနဲ့အမုန်းစကားနဲ့ အငြင်းပွားဖွယ်ကိစ္စတွေအပြင် စိတ်လေးဖွယ် မဲဆွယ်တဲ့ ကိစ္စ တွေကို မရှိစေချင်ပါဘူး ၊ ကျွန်တော်တို့ အနေနဲ့လည်း အဆိုပါ အရာတွေကို ဖယ်ရှားသွားမှာပါ ၊ ဘယ်ကပဲ ကြော်ငြာ တဲ့ ကြော်ငြာ မျိုးပဲဖြစ်ဖြစ်ပေါ့လို့ဆိုပါတယ်။

 

ထို့အပြင် မက်ဇူကာဘက် ထက်မံ ပြောကြားချက် ကတော့ သူတို့မှ နိုင်ငံရပ်ခြားမှ ရွေ့ပြောင်းလုပ်သားတွေ , နိုင်ငံရေးခိုလှုံသူတွေ နဲ့ ဒုက္ခသည်တွေကို ကာကွယ်ဖို့ကို အားစိုက်ထုတ်သွားမှာပါလို့ပြောကြားခဲ့တာတွေ့ရပါတယ် ဒါကြောင့် ဖေ့ဘုတ်မှ အဆိုပါကိစ္စ ရပ်တွေကို အနည်းငယ်ထိခိုက်မဲ့ ကြော်ငြာ တွေကို ဘမ်းသွားမယ်သိရပါတယ်။

 

ထို့အပြင် ဇူကာဘက်ပြောကြားချက်ကတော့ ၁၀၀ လောက်ရှိတဲ့ Brand တွေဟာ ယခု ဇူလိုင်လကို နောက်ဆုံးထားပြီးကြော်ငြာတွေကို ရပ်တန့်ပြစ်မယ်လို့သိရပါတယ် ထို့အပြင် အဆိုပါ Brand များဟာ ဖေ့ဘုတ်ကို ပညာပေးတဲ့ အနေနဲ့ #StopHateForProfit ဆိုကာဖေ့ဘုတ်မှာ ကြော်ငြာ များထည့်သွင်းခြင်းကို ရပ်တန့်ပြစ်လိုက်တယ်သိရပါတယ်။

 

ထိုသို့ရပ်တန့်လိုက်တဲ့ ကြော်ငြာ ရှင်တွေထဲတွင် ဖေ့ဘုတ်တွင်ကြော်ငြာ အတွက် ငွေကြေးအများကြီး အသုံးပြု ကြော်ငြာ တဲ့ Unilever နဲ့ Verizon ကတောင် ဖေ့ဘုတ်ကို ကြော်ငြာ မထည့်တဲ့ အဖွဲ့ထဲတွင်ပါဝင်နေတယ်သိပါတယ်။

 

ဖေ့ဘုတ်အနေနဲ့ သူတို့ရဲ့ စတော့မှ ၈.၃ ရာခိုင်နှုန်းကို ပြီးခဲ့တဲ့ သောကြာနေ့က ပိတ်ခဲ့ပါတယ်။အခုအချိန်မှာ ဖေ့ဘုတ်ရဲ့ကြော်ငြာ နည်းဥပဒေသ အသစ်က တင်းကျပ်လွန်းတာကြောင့် လုပ်ငန်းအများစုက ၎င်းတို့ ကြော်ငြာ မှုကို ပျောက်ပျက်မှာဆိုးလို့ သိပ်မထည့်ကြတော့ပါဘူး။

 

Twitter မှာဆိုရင်လဲ လူတွေက ဖေ့ဘုတ်မှာ ကြော်ငြာ မထည့်ဖို့တာဆူနေကြပါတယ်။ဇာတ်လမ်းတွေအစကတော့ Trump ထောက်ခံသူတွေရဲ့ အမုန်းစကားတွေက အစဖြစ်နိုင်ပြီး Black Lives Matter ကြောင့် အငြင်းပွားတဲ့ကိစ္စတွေကြောင့်သိရပါတယ်။

 

ကြော်ငြာမထည့်ဘဲ သပိတ်မှောက်တာမှာ Viber ပါဝင်လာ

 

ကြော်ငြာမထည့်ဘဲ သပိတ်မှောက်တာမှာ Viber ပါဝင်လာ

 

မကြော်ငြာဘဲ နေကြစို့

 

မကြော်ငြာဘဲ နေကြစို့

 

<<< Zawgyi >>>

 

ေဖ့ဘုတ္မွ ေၾကာ္ျငာ တြင္ပါ၀င္ေသာ အမုန္းစကားမ်ားအား ပိတ္ပင္

-------------------------------------------------------------------------------

 

ေဖ့ဘုတ္ CEO ျဖစ္သူ မက္ဇူကာဘက္ ျပီးခဲ့တဲ့ ေသာၾကာေန႕က ေျပာၾကားခ်က္အရ ၎တို ႔လုပ္ငန္းစု အေနနဲ႕ သူတို႕ရဲ႕ လုပ္ထံုးလုပ္နည္း နည္းဥပေဒသ ေတြကို ေျပာင္းလဲဖို႕ရွိျပီး အမုန္းစကားဆန္ဆန္ စကားလုံးသံုးႏႈန္း မႈ႕ကို ေၾကာ္ျငာမ်ားမွ ၎တို႕ဖယ္ရွားသြားမယ္သိရပါတယ္။

 

အခု အဆိုပါ ေျပာင္းလဲလို္က္တဲ့ နည္းဥပေဒသ ေတြထဲမွာဆိုရင္ ေဖ့ဘုတ္အေနနဲ႕ ေၾကာ္ျငာ ေတြထဲမွာ လူမ်ိဳး ၊ ဘာသာ ၊ လူအမ်ားနဲ႕ အလိုက္အထိုက္ျဖစ္မႈ႕ ၊ လူတန္းစားခြဲျခားမႈ႕ ၊ ေယာက်္ား , မိန္းမ ခြဲျခားမႈ႕ ၊ လိင္ပိုင္းဆိုင္ရာခြဲျခားမႈ႕ ဆိုင္ရာ ကိစၥရပ္မ်ားနဲ႕ ညိွစြန္း မယ္ထင္တဲ့ မည္သည့္ေၾကာ္ျငာ ကုိ မဆို ပိတ္ပင္ျပစ္ေတာ့မွာပါ။

 

ဇူကာဘက္အေနနဲ႕ ေျပာၾကားခဲ့တာကေတာ့ '' က်ြန္ေတာ္ တာ၀န္ယူ လုပ္ခ်င္တာကေတာ့ က်ြန္ေတာ့္ ေဖ့ဘုတ္ဆိုတဲ့ ေနရာတစ္ခုက လူေတြအတြက္ သူတို႕ေျပာခ်င္တဲ့ အေရးၾကီးတဲ့ စကားသံေတြ လူေတြဆီေရာက္ေအာင္ဦးတည္ျပီးဆက္သြားမွာပါ ၊ ဒါေၾကာင့္မို႕ က်ြန္ေတာ့္ အေနနဲ႕အမုန္းစကားနဲ႕ အျငင္းပြားဖြယ္ကိစၥေတြအျပင္ စိတ္ေလးဖြယ္ မဲဆြယ္တဲ့ ကိစၥ ေတြကို မရွိေစခ်င္ပါဘူး ၊ က်ြန္ေတာ္တို႕ အေနနဲ႕လည္း အဆိုပါ အရာေတြကို ဖယ္ရွားသြားမွာပါ ၊ ဘယ္ကပဲ ေၾကာ္ျငာ တဲ့ ေၾကာ္ျငာ မ်ိုးပဲျဖစ္ျဖစ္ေပါ့လို႕ဆိုပါတယ္။

 

ထို႕အျပင္ မက္ဇူကာဘက္ ထက္မံ ေျပာၾကားခ်က္ ကေတာ့ သူတို႕မွ နိုင္ငံရပ္ျခားမွ ေရြ႕ေျပာင္းလုပ္သားေတြ , နိုင္ငံေရးခုိလႈံသူေတြ နဲ႕ ဒုကၡသည္ေတြကို ကာကြယ္ဖို႕ကို အားစိုက္ထုတ္သြားမွာပါလို႕ေျပာၾကားခဲ့တာေတြ႕ရပါတယ္ ဒါေၾကာင့္ ေဖ့ဘုတ္မွ အဆိုပါကိစၥ ရပ္ေတြကို အနည္းငယ္ထိခိုက္မဲ့ ေၾကာ္ျငာ ေတြကို ဘမ္းသြားမယ္သိရပါတယ္။

 

ထို႕အျပင္ ဇူကာဘက္ေျပာၾကားခ်က္ကေတာ့ ၁၀၀ ေလာက္ရွိတဲ့ Brand ေတြဟာ ယခု ဇူလိုင္လကို ေနာက္ဆုံးထားျပီးေၾကာ္ျငာေတြကို ရပ္တန္႔ျပစ္မယ္လို႕သိရပါတယ္ ထို႕အျပင္ အဆိုပါ Brand မ်ားဟာ ေဖ့ဘုတ္ကို ပညာေပးတဲ့ အေနနဲ႕ #StopHateForProfit ဆိုကာေဖ့ဘုတ္မွာ ေၾကာ္ျငာ မ်ားထည့္သြင္းျခင္းကို ရပ္တန္႕ျပစ္လိုက္တယ္သိရပါတယ္။

 

ထိုသို႔ရပ္တန္႕လိုက္တဲ့ ေၾကာ္ျငာ ရွင္ေတြထဲတြင္ ေဖ့ဘုတ္တြင္ေၾကာ္ျငာ အတြက္ ေငြေၾကးအမ်ားၾကီး အသံုးျပဳ ေၾကာ္ျငာ တဲ့ Unilever နဲ႕ Verizon ကေတာင္ ေဖ့ဘုတ္ကို ေၾကာ္ျငာ မထည့္တဲ့ အဖြဲ႕ထဲတြင္ပါ၀င္ေနတယ္သိပါတယ္။

 

ေဖ့ဘုတ္အေနနဲ႕ သူတို႕ရဲ႕ စေတာ့မွ ၈.၃ ရာခိုင္နႈန္းကို ျပီးခ့ဲတဲ့ ေသာၾကာေန႕က ပိတ္ခဲ့ပါတယ္။အခုအခ်ိန္မွာ ေဖ့ဘုတ္ရဲ႕ေၾကာ္ျငာ နည္းဥပေဒသ အသစ္က တင္းက်ပ္လြန္းတာေၾကာင့္ လုပ္ငန္းအမ်ားစုက ၎တို႕ ေၾကာ္ျငာ မႈကို ေပ်ာက္ပ်က္မွာဆိုးလို႕ သိပ္မထည့္ၾကေတာ့ပါဘူး။

 

Twitter မွာဆိုရင္လဲ လူေတြက ေဖ့ဘုတ္မွာ ေၾကာ္ျငာ မထည့္ဖို႕တာဆူေနၾကပါတယ္။ဇာတ္လမ္းေတြအစကေတာ့ Trump ေထာက္ခံသူေတြရဲ႕ အမုန္းစကားေတြက အစျဖစ္နိုင္ျပီး Black Lives Matter ေၾကာင့္ အျငင္းပြားတဲ့ကိစၥေတြေၾကာင့္သိရပါတယ္။

 

Ref : CNBC

Read times
Rate this item
(0 votes)