-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆိုရှယ်မီဒီယာပေါ် ကမ္ဘာ နှင့်တစ်ဝှမ်း ကိုကာကိုလာ ကြော်ငြာမူ့ရပ်ဆိုင်း

ပြီးခဲ့တဲ့ သောကြာနေ့က ကိုကာကိုလာ အနေနဲ့ သူရဲ့ ကမ္ဘာ နှင့်တစ်ဝှမ်း လုပ်ငန်းအမူ့ဆောင်ချုပ်များမှ ဆိုရှယ်မီဒီယာများပေါ်တွင် ကြော်ငြာခြင်းကို ရပ်ဆိုင်းမည် ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ကိုကာကိုလာ လုပ်ငန်းစုအနေနဲ့သေချာတာကတော့ တရားဝင် ဆန္ဒ ပြပညာပေးတဲ့လုပ်ငန်းအုပ်စုထဲမပါပေမဲ့ " ကျွန်တော်တို့တွေဟာ ကြော်ငြာခြင်းကို ရပ်တန့်ထားမှာပါ "ဆိုပြီးပြောကြားခဲ့ပါတယ်။

Hershey အနေနဲ့ Facebook နဲ့ Instagram မှာ ကြော်ငြာအသုံးပြုငွေဖျက်တောက်လိုက်ချိန်မှာ Dockers နဲ့ Levi လုပ်ငန်းအနေနဲ့ ပြီးခဲ့တဲ့သောကြာနေ့က ထက်မံကြေငြာခဲ့တာက သူတို့အနေနဲ့ Facebook နဲ့ Instagram တွင်ကြော်ငြာခြင်းများကို ရပ်တန်ထားမယ်လို့ပြောလာပါတယ်။

 

၉၀ ကျော်လောက်ရှိတဲ့ Brand တွေမှ ဈေးကွက်မြှင့်တင်ရေးသမားတွေဟာ ယခု ဇူလိုင်လကို နောက်ဆုံးထားပြီးကြော်ငြာတွေကို ရပ်တန့်ပြစ်မယ်လို့သိရပါတယ် ထို့အပြင် အဆိုပါ Brand များဟာ ဖေ့ဘုတ်ကို ပညာပေးတဲ့ အနေနဲ့ #StopHateForProfit ဆိုကာဖေ့ဘုတ်မှာ ကြော်ငြာ များထည့်သွင်းခြင်းကို ရပ်တန့်ပြစ်လိုက်တယ်သိရပါတယ်။

 

အဆိုပါ ရပ်တန်းလိုက်တဲ့ လုပ်ငန်းစုတွေကတော့ Verizon, Patagonia, REI, Lending Club နဲ့ The North Face တို့ကတော့ တရားဝင် ဆန္ဒ ပြတဲ့အထဲပါဝင်ပါတယ်။ထိုသို့ရပ်တန့်လိုက်တဲ့ ကြော်ငြာ ရှင်တွေထဲတွင် ဖေ့ဘုတ်တွင်ကြော်ငြာ အတွက် ငွေကြေးအများကြီး အသုံးပြု ကြော်ငြာ တဲ့ Unilever နဲ့ Verizon ကတောင် ဖေ့ဘုတ်ကို ကြော်ငြာ မထည့်တဲ့ အဖွဲ့ထဲတွင်ပါဝင်နေတယ်သိပါတယ်။

 

ကိုကာကိုလာ ရဲ့ အရာရှိချုပ် James Quincey ရဲ့ပြောကြားချက်အရ ဂျိမ်းစ်ကွီစီက“ မြေကမ္ဘာကို ဟာ လူမျိုးရေးခွဲခြားဖို့အတွက်နေရာမရှိဘူး ၊ ဆိုရှယ်မီဒီယာများတွင်လည်း လူမျိုးရေးမခွဲခြားသင့်ဘူး “ ဆိုကာပြောကြားခဲ့ပါတယ်။Coca-Cola လုပ်ငန်းစု သည် ဆိုရှယ်မီဒီယာပျော်တွင်ကြော်ငြာထည့်ခြင်းကို အနည်းဆုံးရက် ၃၀ လောက်ထိ ထားမည်ဖြစ်သည်။ယခု ဖေ့ဘုတ်မှ ချမှတ်ထားတဲ့ ကိစ္စရပ်တွေကို သေချာပြန်လည်သုံးသပ်အတည်ပြုမည်ဆိုမှ ကိုကာကိုလာဘက်မှ ထပ်မံစဉ်းစားပေးမည်ဟုသိရသည်။

 

ဇူကာဘက် အနေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားချက်တွင် ဖေ့ဘုတ်အနေနဲ့ သူတို့ရဲ့ ဆိုက်ပေါ်မှာ သတင်းအချက်အလက်မပြည့်စုံတဲ့ အရာတွေနဲ့ ပတ်သက် ပြောကြားချက်တွင် မဲပေးရွေးချယ်တဲ့ ကိစ္စ ရပ်များနှင့်ပတ်သက် ရွေးကောက်ခံသူများကိုကာကွယ်ပေးမည်ဖြစ်ကြောင်း ကိုသာပြောကြားခဲ့ပြီး ကြော်ငြာများနဲ့ပတ်သတ် ကြော်ငြာရှင်လုပ်ငန်းစုအတော်များများ မျှော်လင့်တဲ့ အဖြေကို မပေးနိုင်ခဲ့ပါဘူး။

 

<<< Zawgyi >>>

 


---------------------------------------------------------------------------------------

 


 


 


 


 


 


 

Ref :CNBC

Read times
Rate this item
(0 votes)