-->
×

Warning

JUser: :_load: Unable to load user with ID: 29


ဆူညံသံများကို ကြော်ငြာ Billboard မှ တစ်ဆင့် စွမ်းအင်အဖြစ်ရယူကာ ဘက်ထရီကားများ အားသွင်း နိုင်တော့မည်


ပြင်သစ် ကားကုမ္ပဏီ Marque Peugeot မှ ကြော်ငြာအေဂျင်စီ BETC နှင့်ပူးပေါင်းကာ ၄င်းတို့၏ Brand ကြော်ငြာ Billboard များကို ကားများရဲ့ အသံများ ၊ လူအများရဲ့အသံများကို




 


 





 

Unicode >>> 

 

မြို့ပြရဲ့ ဆူညံသံတွေကိုကြော်ငြာ BillBoard မှ လျှပ်စစ်အသံအာရုံခံပစ္စည်းများဖြင့် စွမ်းအင်အဖြစ်ပြောင်းလဲကာ လျှပ်စစ်ကားများအားသွင်းနိုင်မယ်သိရပါတယ်။

ပြင်သစ် ကားကုမ္ပဏီ Marque Peugeot မှ ကြော်ငြာအေဂျင်စီ BETC နှင့်ပူးပေါင်းကာ ၎င်းတို့၏ Brand ကြော်ငြာ Billboard များကို ကားများရဲ့ အသံများ ၊ လူအများရဲ့အသံများကို
ကြော်ငြာ Billboard မှ စွမ်းအင်အဖြစ်ရယူ ကာ အားသွင်းမှာပါ။

 

နည်းပညာဆိုင်ရာ အဖွဲ့အစည်းများက နိုင်ငံရေးဆိုင်ရာကြော်ငြာများအား တားဆီးခွင့် သင့် / မသင့်

 

ထို Billboard တွေဟာ အသံလှိုင်းများ ၊ အသံရဲ့ တုန်ခါမှု့မှ တစ်ဆင့် Marque Peugeot ကားကုမ္ပဏီ မှ 100 % electric model ကားဖြစ်သော e-208 ကို အားသွင်းအသုံးပြုနိုင်တော့ မှာပါ။

ထိုကြော်ငြာ Billboard များထဲတွင် 30 mm အရွယ်အစားရှိတဲ့ Piezoelectric ဆန်ဆာလေးတွေ ကို 1500 + PCBs ပေါင်းဆက်ကာလူလုပ်အားဖြင့် ပါဝင်ပြုလုပ်ထားတယ် သိရပါတယ်

Marque Peugeot ဟာ နည်းပညာကို စိန်ခေါ်အလုပ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့အလျှောက် နည်းပညာတွေတိုးတက် ထွန်းကားလာတာနှင့်အမျှ အလက်ထရောနစ် ဈေးကွက်ထဲကို ထိုသို့အသုံးပြုရလွယ်ကူဆန်းသစ်တဲ့ ပစ္စည်းကိရိယာများ ဟာ ဝင်ရောက်လာမှာပါပဲ။

Marque Peugeot ကားကုမ္ပဏီရဲ့ မားကတ်တင်းနှင့် ဈေးကွက်စီမံခန့်ခွဲမှု့ပိုင်းဆိုင်ရာ ဒါရိုက်တာ ဖြစ်သူ Thierry Lonziano ရဲ့ ပြောကြားချက်ကတော့ ' ကျွန်တော်တို့ အနေနဲ့ သဘာဝ ပတ်ဝန်းကျင် အကျိုးပြု Billboard တွေကို ဖန်တီးချင်လာတယ်၊

ကျွန်တော်တို့ ကား မော်ဒယ်အသစ်ကိုလဲ ပိုပြီး ခေတ်မှီထဲထဲ ဝင်ဝင်ရှိချင်တယ်ဒါကြောင့် ကြော်ငြာအေဂျင်စီ BETC နဲ့ ပူးပေါင်းပြီး ထိုကဲ့သို့ Billboard များ ပြုလုပ်ခဲ့တာပါ၊ တကယ့် စိန်ခေါ်မူ့ တွေလဲ ရှိပါတယ်" ဆိုကာပြောကြားခဲ့ပါတယ်။

ကြော်ငြာအေဂျင်စီ BETC မှ ဒါရိုက်တာဖြစ်သူ Tiphaine du Plessis ရဲ့ပြောကြားချက်ကတော့ ' ဆူညံတဲ့ နေရာတွေမှာ ကြော်ငြာ billboard ထောင်ထားပြီး ၊ ဆူညံတဲ့အသံကနေ စွမ်းအင်ရယူတဲ့ Project က Marque Peugeot ရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အနာဂတ် အမြင်တစ်ခုပါ

ဆိုကာပြောပြသွားခဲ့ပါတယ်။ အဆိုပါ အားသွင်းလို့ရမည့် Marque Peugeot မှ e-208 Billboard များကို ပါရီမြို့၏ ဆူညံသောနေရာများတွင် ထားရှိသွားမည်သိရပါသည်။

 

Source From B&T Magazine 

 

Myanmar Advertising Directory 

 

Read times
Rate this item
(1 Vote)