-->
×

Warning

JUser: :_load: Unable to load user with ID: 29


ခံယူထားသည့် တာဝန်

ခံယူထားသည့် တာဝန်သည် မြော်မြင်ချက်ထံမှ လာသော်လည်း အချိန်ကာလ ကွဲပြားသည်။


မြော်မြင်ခြင်းသည် စံပြုထားသည့် အနာဂတ် မည်သို့ဖြစ်မည်ကို ရှုမြင်ကြည့်ထားခြင်း ဖြစ်သည်။
ခံယူထားသည့်တာဝန်သည် ပစ္စုပ္ပန် အတွက် ဖြစ်သည်။
ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် မိမိ ဘာတွေ လုပ်နေသည်။ မည် သူတို့အတွက် လုပ်နေသည်။ အဘယ်ကြောင့် လုပ်ကိုင်သည်တို့ကို ဖော်ပြထားရမည်ဖြစ်သည်။
ခံယူထားသည့် တာဝန်များကို ကျကျနန သတ်မှတ်ချက်များ ပေးထားပြီး ရှင်းလင်းပြတ်သားစွာ တင်ပြထားမည် ဆိုပါက မြော်မြင်ခြင်းကဲ့သို့ပင် စိတ်ကူးစိတ်သန်များ ထက်မြက်စေ သည်။
လက်ငင်း ရယူရမည့် ပန်းတိုင်များ၊ ရည်မှန်းချက်များကို အတူလုပ်ကိုင်နေကြသောသူများ ရှင်းရှင်းလင်းလင်း သိကြရမည်ဖြစ်သည်။

 


၁၉၈၁ ခုနှစ်မှ ၂ဝဝ၁ ခုနှစ်အထိ ဂျင်နရယ် အီလက်ထရစ်နစ်တွင် အလုပ်အမှုဆောင်ချုပ် လုပ်ကိုင်ခဲ့သော ဂျက်ဝဲချ်သည် ခံယူထားသည့် တာဝန်ကို ထူးခြားသော ပင်ကိုလက္ခဏာနှင့်အတူ ဖော်ပြသည်။
‘‘ကျွန်တော့ အတွေ့အကြုံတွေအရ ခံယူထားသည့်တာဝန် ဖော်ပြချက်ဟာ အခြေခံအားဖြင့် မေးခွန်းတစ်ခုကို အဖြေပေးထားပါတယ်။ ဒီစီးပွားရေး လုပ်ငန်း အောင်မြင်စေဖို့ ကျွန်တော်တို့ ဘယ်လို ရည်ရွယ်ချက် ထားရှိ မလဲ ဆိုတာ ဖြစ်ပါတယ်’’
‘‘ကုမ္ပဏီက လူတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ အခြား အရင်းအမြစ်တွေကို ရွေးချယ်တာမှာ ခံယူထားတဲ့တာဝန်အရ ရွေးချယ်ရမယ်။ အချိန်အားလုံးမှာ လူအားလုံးအတွက် သူတို့ဟာ အရာရာအားလုံး ဖြစ်နေတယ်ဆိုတဲ့ လူအများ မှားယွင်းစွာ ခံယူထားတဲ့ တာဝန် အမှားထောင်ချောက်ထဲ ကျရောက်ခြင်းမှလည်း ကာကွယ်ပေးပါ တယ်။ ထိထိရောက်ရောက်ရှိတဲ့ ခံယူထားတဲ့တာဝန်ဟာ မဖြစ်နိုင်တာတွေ နဲ့ ဖြစ်နိုင်တာတွေကို မျှမျှတတ ဖြစ်နေစေပါတယ်။ အကျိုးအမြတ် ရရှိနိုင်ခြင်း ဦးတည်ချက်ကို လူအများတို့ သိစေတယ်။ သူတို့ဟာ ကြီးမားပြီး အရေးပါတဲ့အရာရဲ့ အပိုင်းတစ်ခုလို့ ခံစားမိစေပါတယ်။ ကျွန်တော်တို့ ဂျီအီးရဲ့ ခံယူထားတဲ့တာဝန်ကို နမူနာအဖြစ် ကြည့်နိုင်ပါ တယ်။ ၁၉၈၁ ခုနှစ်ကစလို့ ၁၉၉၅ ခုနှစ်ကျော်တဲ့အထိ ကျွန်တော်တို့ ပြောခဲ့တာက ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ယှဉ်ပြိုင်နိုင်မှု အရှိဆုံး လုပ်ငန်း ဖြစ်အောင် လုပ်ရမယ်။ စျေးကွက်တိုင်းမှာ နံပါတ်တစ်၊ နံပါတ် နှစ် ဖြစ်နေရမယ်။ အဲဒီအဆင့်ကို မရောက်နိုင်တဲ့ လုပ်ငန်းတိုင်းကို တိုးတက်အောင် ပြုပြင်တယ်၊ မရရင် ရောင်းထုတ်ပစ်တယ်၊ လုပ်ငန်းပိတ် သိမ်းပစ်တယ်’’

ဤခံယူထားသည့်တာဝန် ဘာကို ဆိုလိုကြောင်း သို့လောသို့လော ဖြစ်စရာ မရှိချေ။ ဘာကို ဖြစ်ပေါ်စေရမည်ကိုလည်း ဇဝေဇဝါဖြစ်စရာ မရှိချေ။ ထွေပြားစရာ မပါချေ။ တိကျပြတ်သားသည်။ လက်တွေ့အသုံး ပြုရန် ဖော်ပြချက် ဖြစ်သည်။ စိတ်ကူးစိတ်သန်း အကြံဉဏ်များလည်း ထွက်ပေါ်စေသည်။ တစ်ကမ္ဘာလုံးအတွက် ပြင်းပြသည့်ဆန္ဒဖြစ်သည်။

ဂျီအီး၏ မြော်မြင်မှုမှာ
‘‘ကမ္ဘာပေါ်တွင် အယှဉ်ပြိုင်နိုင်ဆုံး လုပ်ငန်းဖြစ်ရန်’’
ဟူ၍ ဖြစ်သည်။
ခံယူထားသည့်တာဝန်မှာ
‘‘စျေးကွက်တိုင်းတွင် နံပါတ် တစ် သို့မဟုတ် နံပါတ်နှစ် ဖြစ်ရန်’’
ဟူ၍ ဖြစ်သည်။
/
အမေရိကန် သဘာဝနှင့် အော်ဂဲနစ် စားသောက်ကုန်လက်လီအရောင်း လုပ်ငန်းဖြစ်သည့် Whole Food Market ၏ပူးတွဲထူထောင်သူ ဂျွန်မက်ကီ က လုပ်ငန်း၏ ခံယူထားသည့်တာဝန်ကို ရှင်းပြသည်။
‘‘လုပ်ငန်းမှာ အစုရှယ်ယာရှင်တွေအတွက် အမြတ်ကို အများဆုံး ဖြစ်ဖို့ ဆိုတာရဲ့ ဟိုမှာဘက်မှာ ခံယူထားတဲ့တာဝန်တစ်ခု သို့မဟုတ် နက်နဲသည့် ရည်ရွယ်ချက်တစ်ခု ရှိရမယ်။ ကျွန်တော်တို့ ခံယူထားတဲ့ တာဝန်က ကမ္ဘာပေါ်မှာ အရည်အသွေး အမြင့်မားဆုံးဖြစ်တဲ့ သဘာဝ၊ အော်ဂဲနစ် စားသောက်ကုန်တွေကို ရောင်းဖို့ ဖြစ်ပါတယ်။ အဲဒါ ကျွန် တော်တို့ရဲ့ အနက်နဲဆုံး ခံယူထားတဲ့တာဝန် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းနဲ့ ပတ်သက်နှီးနွယ်နေသူတွေကို ခံယူထားတဲ့တာဝန်တစ်ဝိုက်မှာ စုစည်းပါတယ်။ ပြီးတဲ့အခါမှာ စားသုံးသူများ ကျေနပ်မှု ရစေဖို့၊ လုပ်ကိုင်နေတဲ့ အဖွဲ့ဝင်တွေ ကျေနပ်အားရ ဖြစ်စေဖို့၊ သူတို့တတွေ ထူးချွန်စေဖို့၊ ရှယ်ယာပိုင်ရှင်တွေ တန်ဖိုးတက်စေရန်အတွက်အမြတ်တွေ၊ လုပ်ငန်းကြီးထွားမှုတွေကနေတစ်ဆင့် လုပ်ကိုင်ပေးဖို့၊ လူ့အသိုင်းအဝိုင်း နဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ စသဖြင့် လုပ်ဆောင်ပါတယ်။ ကျွန်တော် တို့ကို ခံယူထားတဲ့တာဝန်က တွန်းအားပေးနေပါတယ်။ အခရာကျတဲ့ တန်ဖိုးထားခြင်းတွေကို ပြည့်ဝစေဖို့ ကြိုးပမ်းအားထုတ်တယ်။ အဲဒီအထဲ မှာ အမြတ်များ ရရှိမှု အများဆုံး ဖြစ်ဖို့ ပါဝင်ပေမဲ့ အဲဒါရဲ့ ဟိုဘက်အထိ ရောက်ပါတယ်’’
/
မြော်မြင်ခြင်းသည် ဝေးကွာသည့် အနာဂတ်အကြောင်း ဖြစ်သည်။ ခံယူထားသည့်တာဝန်သည် လောလောဆယ်အကြောင်း ဖြစ်သည်။
ခံယူထားသည့်တာဝန် ဖော်ပြချက်သည် ကုမ္ပဏီအဖွဲ့အစည်း သို့မဟုတ် မိမိမှ ဘာကို လုပ်ပေးမည်၊ မည်သူ့ကို လုပ်ပေးမည်၊ ဘာကြောင့် လုပ်ပေးသည်၊ ခံယူ ထားသည့်တာဝန် အထမြောက်အောင် မည်သို့ လုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားရမည်။
ရှင်းလင်းပြတ်သားသော ခံယူထားသည့်တာဝန်သည် လက်တွေ့ လုပ်ကိုင်နေသူတို့ကို အင်အား ဖြစ်စေသည်။ စိတ်ဓာတ်တက်ကြွစေသည်။ ဘာလုပ်မည်၊ ဘယ်လို လုပ်မည်တို့ကို ရှင်းလင်းပြတ်သားစွာ မြင်နေသည်။ ပိုကောင်းသွားအောင် မည်သို့လုပ်လျှင် ရမည်ကိုလည်း အကြံထွက်ပေါ်စေသည်။

 

ကုမၸဏီအဖြဲ႕အစည္း၏ ခံယူထားသည္ တာဝန္သည္ ၎ကုမၸဏီ ေခါင္းေဆာင္၏ ေျမာ္ျမင္ခ်က္ႏွင့္ ကြဲျပားသည္။ ေခါင္းေဆာင္၏ ေျမာ္ျမင္ျခင္းသည္ စံျပဳထားသည့္ အနာဂတ္ မည္သို႔ျဖစ္မည္ကို ရႈျမင္ၾကည့္ထားျခင္း ျဖစ္သည္။ ခံယူထားသည့္တာဝန္သည္ ပစၥဳပၸန္ အတြက္ ျဖစ္သည္။ ကုမၸဏီအဖြဲ႕အစည္း ဘာေတြ လုပ္ေနသည္။ မည္ သူတို႔အတြက္ လုပ္ေနသည္။ အဘယ္ေၾကာင့္ လုပ္ကိုင္သည္တို႔ကို ေဖာ္ျပထားရမည္ျဖစ္သည္။ ခံယူထားသည့္ တာဝန္မ်ားကို က်က်နန သတ္မွတ္ခ်က္မ်ား ေပးထားၿပီး ရွင္းလင္းျပတ္သားစြာ တင္ျပထားမည္ ဆိုပါက ေျမာ္ျမင္ျခင္းကဲ့သို႔ပင္ စိတ္ကူးစိတ္သန္မ်ား ထက္ျမက္ေစ သည္။ လက္ငင္း ရယူရမည့္ ပန္းတိုင္မ်ား၊ ရည္မွန္းခ်က္မ်ားကို လူအမ်ားတို႔ ရွင္းရွင္းလင္းလင္း သိၾကရမည္ျဖစ္သည္။

စိတ္ကူးအႀကံ
၁၉၈၁ ခုႏွစ္မွ ၂ဝဝ၁ ခုႏွစ္အထိ ဂ်င္နရယ္ အီလက္ထရစ္နစ္တြင္ အလုပ္အမႈေဆာင္ခ်ဳပ္ လုပ္ကိုင္ခဲ့ေသာ ဂ်က္ဝဲခ်္သည္ ခံယူထားသည့္ တာဝန္ကို ထူးျခားေသာ ပင္ကိုလကၡဏာအားႏွင့္အတူ ေဖာ္ျပသည္။
‘‘ကြၽန္ေတာ့ အေတြ႕အႀကဳံေတြအရ ခံယူထားသည့္တာဝန္ ေဖာ္ျပခ်က္ဟာ အေျခခံအားျဖင့္ ေမးခြန္းတစ္ခုကို အေျဖေပးထားပါတယ္။ ဒီစီးပြားေရး လုပ္ငန္း ေအာင္ျမင္ေစဖို႔ ကြၽန္ေတာ္တို႔ ဘယ္လို ရည္႐ြယ္ခ်က္ ထားရွိ မလဲ ဆိုတာ ျဖစ္ပါတယ္’’ ‘‘ကုမၸဏီက လူေတြ၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ၊ အျခား အရင္းအျမစ္ေတြကို ေ႐ြးခ်ယ္တာမွာ ခံယူထားတဲ့တာဝန္အရ ေ႐ြးခ်ယ္ရမယ္။ အခ်ိန္အားလုံးမွာ လူအားလုံးအတြက္ သူတို႔ဟာ အရာရာအားလုံး ျဖစ္ေနတယ္ဆိုတဲ့ လူအမ်ား မွားယြင္းစြာ ခံယူထားတဲ့ တာဝန္ အမွားေထာင္ေခ်ာက္ထဲ က်ေရာက္ျခင္းမွလည္း ကာကြယ္ေပးပါ တယ္။ ထိထိေရာက္ေရာက္ရွိတဲ့ ခံယူထားတဲ့တာဝန္ဟာ မျဖစ္ႏိုင္တာေတြ နဲ႔ ျဖစ္ႏိုင္တာေတြကို မွ်မွ်တတ ျဖစ္ေနေစပါတယ္။ အက်ိဳးအျမတ္ ရရွိႏိုင္ျခင္း ဦးတည္ခ်က္ကို လူအမ်ားတို႔ သိေစတယ္။ သူတို႔ဟာ ႀကီးမားၿပီး အေရးပါတဲ့အရာရဲ႕ အပိုင္းတစ္ခုလို႔ ခံစားမိေစပါတယ္။ ကြၽန္ေတာ္တို႔ ဂ်ီအီးရဲ႕ ခံယူထားတဲ့တာဝန္ကို နမူနာအျဖစ္ ၾကည့္ႏိုင္ပါ တယ္။ ၁၉၈၁ ခုႏွစ္ကစလို႔ ၁၉၉၅ ခုႏွစ္ေက်ာ္တဲ့အထိ ကြၽန္ေတာ္တို႔ ေျပာခဲ့တာက ကြၽန္ေတာ္တို႔ဟာ ကမာၻေပၚမွာ ယွဥ္ၿပိဳင္ႏိုင္မႈ အရွိဆုံး လုပ္ငန္း ျဖစ္ေအာင္ လုပ္ရမယ္။ ေစ်းကြက္တိုင္းမွာ နံပါတ္တစ္၊ နံပါတ္ ႏွစ္ ျဖစ္ေနရမယ္။ အဲဒီအဆင့္ကို မေရာက္ႏိုင္တဲ့ လုပ္ငန္းတိုင္းကို တိုးတက္ေအာင္ ျပဳျပင္တယ္၊ မရရင္ ေရာင္းထုတ္ပစ္တယ္၊ လုပ္ငန္းပိတ္ သိမ္းပစ္တယ္’’
ဤခံယူထားသည့္တာဝန္ ဘာကို ဆိုလိုေၾကာင္း သို႔ေလာသို႔ေလာ ျဖစ္စရာ မရွိေခ်။ ဘာကို ျဖစ္ေပၚေစရမည္ကိုလည္း ဇေဝဇဝါျဖစ္စရာ မရွိေခ်။ ေထြျပားစရာ မပါေခ်။ တိက်ျပတ္သားသည္။ လက္ေတြ႕အသုံး ျပဳရန္ ေဖာ္ျပခ်က္ ျဖစ္သည္။ စိတ္ကူးစိတ္သန္း အႀကံဉဏ္မ်ားလည္း ထြက္ေပၚေစသည္။ တစ္ကမာၻလုံးအတြက္ ျပင္းျပသည့္ဆႏၵျဖစ္သည္။ ဂ်ီအီး၏ ေျမာ္ျမင္မႈမွာ ‘‘ကမာၻေပၚတြင္ အယွဥ္ၿပိဳင္ႏိုင္ဆုံး လုပ္ငန္းျဖစ္ရန္’’ ဟူ၍ ျဖစ္သည္။ ခံယူထားသည့္တာဝန္မွာ ‘‘ေစ်းကြက္တိုင္းတြင္ နံပါတ္ တစ္ သို႔မဟုတ္ နံပါတ္ႏွစ္ ျဖစ္ရန္’’ ဟူ၍ ျဖစ္သည္။
အေမရိကန္ သဘာဝႏွင့္ ေအာ္ဂဲနစ္ စားေသာက္ကုန္လက္လီအေရာင္း လုပ္ငန္းျဖစ္သည့္ ႊၽ႕သူနၤ သသိ ျေမုနအ ၏ပူးတြဲထူေထာင္သူ ဂြၽန္မက္ကီ က လုပ္ငန္း၏ ခံယူထားသည့္တာဝန္ကို ရွင္းျပသည္။
‘‘လုပ္ငန္းမွာ အစုရွယ္ယာရွင္ေတြအတြက္ အျမတ္ကို အမ်ားဆုံး ျဖစ္ဖို႔ ဆိုတာရဲ႕ ဟိုမွာဘက္မွာ ခံယူထားတဲ့တာဝန္တစ္ခု သို႔မဟုတ္ နက္နဲသည့္ ရည္႐ြယ္ခ်က္တစ္ခု ရွိရမယ္။ ကြၽန္ေတာ္တို႔ ခံယူထားတဲ့ တာဝန္က ကမာၻေပၚမွာ အရည္အေသြး အျမင့္မားဆုံးျဖစ္တဲ့ သဘာဝ၊ ေအာ္ဂဲနစ္ စားေသာက္ကုန္ေတြကို ေရာင္းဖို႔ ျဖစ္ပါတယ္။ အဲဒါ ကြၽန္ ေတာ္တို႔ရဲ႕ အနက္နဲဆုံး ခံယူထားတဲ့တာဝန္ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ လုပ္ငန္းနဲ႔ ပတ္သက္ႏွီးႏြယ္ေနသူေတြကို ခံယူထားတဲ့တာဝန္တစ္ဝိုက္မွာ စုစည္းပါတယ္။ ၿပီးတဲ့အခါမွာ စားသုံးသူမ်ား ေက်နပ္မႈ ရေစဖို႔၊ လုပ္ကိုင္ေနတဲ့ အဖြဲ႕ဝင္ေတြ ေက်နပ္အားရ ျဖစ္ေစဖို႔၊ သူတို႔တေတြ ထူးခြၽန္ေစဖို႔၊ ရွယ္ယာပိုင္ရွင္ေတြ တန္ဖိုးတက္ေစရန္အတြက္အျမတ္ေတြ၊ လုပ္ငန္းႀကီးထြားမႈေတြကေနတစ္ဆင့္ လုပ္ကိုင္ေပးဖို႔၊ လူ႔အသိုင္းအဝိုင္း နဲ႔ ပတ္ဝန္းက်င္ကို ဂ႐ုစိုက္ဖို႔ စသျဖင့္ လုပ္ေဆာင္ပါတယ္။ ကြၽန္ေတာ္ တို႔ကို ခံယူထားတဲ့တာဝန္က တြန္းအားေပးေနပါတယ္။ အခရာက်တဲ့ တန္ဖိုးထားျခင္းေတြကို ျပည့္ဝေစဖို႔ ႀကိဳးပမ္းအားထုတ္တယ္။ အဲဒီအထဲ မွာ အျမတ္မ်ား ရရွိမႈ အမ်ားဆုံး ျဖစ္ဖို႔ ပါဝင္ေပမဲ့ အဲဒါရဲ႕ ဟိုဘက္အထိ ေရာက္ပါတယ္’’
လက္ေတြ႕က်က်ျဖစ္ေစျခင္း
ေျမာ္ျမင္ျခင္းသည္ ေဝးကြာသည့္ အနာဂတ္အေၾကာင္း ျဖစ္သည္။ ခံယူထားသည့္တာဝန္သည္ ေလာေလာဆယ္အေၾကာင္း ျဖစ္သည္။
ခံယူထားသည့္တာဝန္ ေဖာ္ျပခ်က္သည္ ကုမၸဏီအဖြဲ႕အစည္းမွ ဘာကို ေပးမည္၊ မည္သူ႔ကို ေပးမည္၊ ဘာေၾကာင့္ ေပးသည္၊ ခံယူ ထားသည့္တာဝန္ အထေျမာက္ေအာင္ မည္သို႔ လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားရမည္။
ရွင္းလင္းျပတ္သားေသာ ခံယူထားသည့္တာဝန္သည္ ၎ကိုယ္၌က စိတ္ဓာတ္တက္ႂကြေစသည္။ အဖြဲ႕အစည္းမွ ဘာလုပ္မည္၊ ဘယ္လို လုပ္မည္တို႔ကို ရွင္းလင္းျပတ္သားစြာ ေဖာ္ျပေပးထားသည္။လုပ္ ကိုင္ရသည့္အဖြဲ႕မ်ားအတြက္ ရွင္းလင္းျပတ္သားေသာ ပန္းတုိင္မ်ား ခ်မွတ္ေပးသည္။

Read times
Rate this item
(0 votes)