-->
×

Warning

JUser: :_load: Unable to load user with ID: 29


နည်းပညာပိုင်းဆိုင်ရာ မိုဘိုင်းကြော်ငြာခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်း

လူ့ပတ်ဝန်းကျင်မှာ Mobile Phoneဟာ ရေပန်းစားလာပြီး Social Mediaအသုံးပြုမှုက မြင့်တက်လာပါတယ်။ ဒါ့ကြောင့် mobile advertisingတွေနဲ့ စားသုံးသူတွေကို မြူဆွယ်ဖို့ ကြော်ငြာလာကြပါတယ်။

 

တကယ်တော့ mobileစျေးကွက်ရှာဖွေရေးကဏ္ဍက desktop advertisingထက် သာလွန်ပြီးသားဖြစ်ပြီး မိုဘိုင်းကြော်ငြာဈေးကွက်တစ်ခုတည်းကို ယခုနှစ်ကမ္ဘာတဝန်းလုံးမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံထက် ကျော်စေဖို့ စီမံကိန်းရှိပါတယ်။ mobile advertisingပုံစံ ကဲ့သို့သော ပုံနှိပ်ခြင်း၊ အီးမေးလ်၊ နှင့် social mediaများအဖြစ် စျေးကွက်ကို ပုံစံအမျိုးမျိုးနဲ့ ချဉ်းကပ်ကြသော်လည်း mobile advertisingနဲ့ တော်တော်ကွဲပြားပါတယ်။

 

Mobile Advertising ဆိုတာဘာလဲ။

 

Mobile Advertisingက အရိုးရှင်းဆုံး ပုံစံဖြစ်ပြီး မိုဘိုင်းဖန်သားပြင်(Mobile Screen)မှာ ကြည့်ရှုရန် အဆင်ပြေလွယ်ကူပြီး အကောင်းဆုံးသော ကြော်ငြာအမျိုးအစားဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Text သို့မဟုတ် SMSလိုအမျိုးအစားဖြစ်ပြီး web siteတွေမှာ နဖူးစည်းခေါင်းစဉ်(Banner)အနေနဲ့လည်း ကိုယ့်ရဲ့ Brandကို ကြော်ငြာနိုင်ပါတယ်။ Mobile appတွေ Downloadလုပ်တဲ့အခါမှာလည်း ကြားဖြတ်အနေနဲ့ ကြော်ငြာတွေထည့်ပြီး ကြော်ငြာနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။

 

မိုဘိုင်းကြော်ငြာတွေက social media application တွေမှာ သာမက ကြော်ငြာတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်တာကြောင့် မိုဘိုင်းကြော်ငြာက မယုံနိုင်လောက်အောင် အရေးပါတဲ့စျေးကွက်ရှာဖွေရေးကဏ္ဍ တစ်ခုဖြစ်ပါတယ်။ စျေးကွက်ရှာဖွေရေး စည်းရုံးလှုံ့ဆော်မှုမှာ လွယ်ကူလျင်မြန်ပြီး စားသုံးသူတွေဆီ ကြော်ငြာတွေ အမြန်ရောက်စေတာကြောင့် ကုမ္ပဏီတွေက Mobile Advertisingကို တန်ဖိုးထားကြပါတယ်။

 

ပုံမှန်အားဖြင့် mobile Advertisingကြော်ငြာပုံစံက လူဦး ရေအချိုးအစား၊ browsing history နှင့် နေရာဒေသ ပေါ်မူတည်ပြီး အခြေခံပါတယ်။ ဥပမာ သင်က စတိုးဆိုင်တစ်ခုအနားမှာ မတ်တပ်ရပ်နေပါက ၎င်းဆိုင်နဲ့ပတ်သက်တဲ့ ကြော်ငြာတွေဟာ သင့်ဆီရောက်လာမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် တည်နေရာဒေသကို အခြေခံပြီး ပစ်မှတ်အဖြစ်စျေးကွက်ရှာဖွေရေး ရည်ညွှန်းကြော်ငြာများနှင့် ပရိသတ် ဖောက်သည်တွေက ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှ တဆင့်ကုန် အမှတ်တံဆိပ်ကို ဆက်သွယ်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါဟာ စားသုံးသူတွေနဲ့ Brandကို ပိုမိုရင်းနှီးစေမှာ ဖြစ်ပါတယ်။

 

Mobile Advertisingက ဘယ်လိုအမျိုးအစားတွေလဲ။

 

mobile Advertisingက ကွဲပြားတဲ့ ပုံစံအမျိုးမျိုးနဲ့ လာနိုင်ပြီး အသုံးပြုကြတဲ့ပုံစံတွေကတော့ Banner Advertising၊ Video Advertising၊ Gamification Advertising၊ Interstitial Advertising နှင့် Native Adsစတဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ ၎င်းအမျိုးအစားတွေထဲကမှ တချို့ mobile advertisingပုံစံတွေကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

 

Banner Advertising

 

Banner Advertisingပုံစံကတော့ လူအများရွေးချယ်ကြမယ့်ဦးစားပေး Mobile Advertising ပုံစံပဲဖြစ်ပါတယ်။ စာဖတ်သူတွေကို ကြော်ငြာရှင်တွေရဲ့ ထုတ်ကုန်အသစ် သို့မဟုတ် Brandကို ရည်ရွယ်တဲ့ရုပ်ပုံများနှင့်စာသားများကို“နဖူးစည်း” သို့မဟုတ် မိုဘိုင်းအက်ပ်တစ်ခုအနေဖြင့် ဝက်ဘ်စာမျက်နှာ သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းတွေမှာ တွေ့ရမှာဖြစ်ပါတယ်။ ၎င်းကို မိုဘိုင်း ကြော်ငြာရဲ့ “အဟောင်းပုံစံ”အဖြစ်သတ်မှတ်နိုင်သော်လည်း ကုန်ကျစရိတ်သက်သာတဲ့ အတွက်ကြောင့် ၎င်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။

 

Video advertising

 

Mobile video advertisingမှာ ထုတ်ကုန်ဗီဒီယိုများ၊ tutorial သို့မဟုတ် မိုဘိုင်းအသုံးပြုသူ ပရိသတ်တွေ အတွက်ရည်ရွယ်တဲ့ အမှတ်တံဆိပ်ကြော်ငြာတွေ ပါဝင်ပါတယ်။ အောင်မြင်တဲ့မိုဘိုင်းဗီဒီယိုကြော်ငြာတွေဆိုတာက တိုတောင်းရိုးရှင်းပြီး အမြင်အာရုံကိုဖမ်းစားနိုင်တဲ့ လှုပ်ရှားမှုတစ်ခုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

 

ကြည့်ရှုသူတွေအတွက် အမြင်အာရုံအတွေ့အကြုံအနေနဲ့ အပြည့်အ၀ပေးသောကြောင့် ဗွီဒီယိုကြော်ငြာနှုန်းက မြင့်မားနေတာပဲ ဖြစ်ပါတယ်။ ဒီလိုမြင့်မားနေရတဲ့ အကြောင်းအရင်းကတော့ ၈၄ရာခိုင်နှုန်းသော လူဦးရေက ဗွီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာ ထုတ်ကုန်ကို ဝယ်ယူခြင်းများ (သို့) ၀န်ဆောင်မှုကိုခံယူခြင်းများ ပြုလုပ်ကြတာကြောင့်ပဲ ဖြစ်ပါတယ်။

 

Native ads

 

Native adsတွေက နဲနဲကွဲပြားပေမယ့် Facebook adsနှင့် Instagram adsတို့နဲ့ ဆင်တူပါတယ်။ new feedတွေထဲမှာ ပေါ်ပေါ်လာတတ်ပြီး သင့်ကိုအမြင်အာရုကို ဖမ်းစားနိုင်မယ့် ပုံစံတွေနဲ့ ကြော်ငြာတတ်ပါတယ်။ Native adsအများစုက အသံတိတ်အမျိုးအစားတွေ ဖြစ်တာကြောင့် စားသုံးသူတွေဆီ Brandကို တိုက်ရိုက်ရောက်စေမယ့် ဈေးကွက်မြှင့်တင်ရှာဖွေရေး နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

 

မိုဘိုင်းကြော်ငြာက ဘယ်လိုထိရောက်မှုရှိပါသလဲ။

 

ကြည့်ရှုအားပေးတဲ့ ပရိသတ်များရှိတဲ့ မိုဘိုင်းကြော်ငြာတွေက တခြားဈေးကွက်ရှာဖွေရေးနည်းလမ်းတွေထက် များစွာသာလွန်နေပါတယ်။



မိုဘိုင်းကြော်ငြာကိုအသုံးပြုခြင်းအားဖြင့် စျေးကွက်ရှာဖွေရေးလှုပ်ရှားမှုတွေကို တိုးမြှင့်ရာမှာ အလွန်အောင်မြင်ကြောင်းသက်သေပြခဲ့ပါတယ်။ ဒါ့အပြင် မိုဘိုင်းကြော်ငြာတွေက များသောအားဖြင့် ဘတ်ဂျက်နှင့်အဆင်ပြေလွယ်ကူတာကြောင့် ရင်းနှီးမြှုပ်နှံမှုတွေမှာ အမြတ်အစွန်း အများအပြားရလျက် ရှိပါတယ်။

 

လေ့လာမှုများအရ မိုဘိုင်းကြော်ငြာပြောင်းလဲ တိုးတက်မှုနှုန်းက desktop advertising သို့မဟုတ် tablet-targeted advertising ကဏ္ဍတွေထက် များစွာ သာလွန်နေပါတယ်။

 

Resource:searchenginepeople

Read times
Rate this item
(0 votes)