-->
×

Warning

JUser: :_load: Unable to load user with ID: 29

နယူးဇီလန် နှင့် သြစတေးလျတွင် ကြော်ငြာလုပ်ငန်းပိုင်းဆိုင်ရာလုပ်ကိုင်သော ဝန်ထမ်းများကို၎င်းတို့၏ရာထူးနေရာများအရ လစာတိုးပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်။

Published in Global














Shorter Video Ads




OTT Advertising











KOL Marketing






Creative Billboards







 

<<< Unicode >>>

 


--------------------------

 

ကဲ ဒီတစ်ခါမှာတော့ Myanmar Advertising Directory မှရေးသားမှာကတော့ 2020 တွင် အရေးပါနိုင်သည့် ကြော်ငြာရေးနည်းလမ်းတွေကို ရေးသားမှာပဲဖြစ်ပါတယ်။

IAB ( Interactive Advertising Bureau ) နှင့် Kantar တို့ရဲ့ 2018 ခုနှစ် Report များအရ ကြော်ငြာကြေးငွေ တွေထဲမှ ရင်းနှီးမြုပ်နှံမူ့တစ်ဝက်ဟာ Digital Media တွေမှာ ရင်းနှီးမြုပ်နှံထားတာတွေ့ရပါတယ်။


ထိုရင်းနှီးမြုပ်နှံမူ့တွေဟာ ၂၀၁၉ မှာပိုမိုကြီးမားလာတာတွေ့နိုင်ပါတယ်။ယခုလာမည့် ၂၀၂၀ မှာ ပိုမို ရင်းနှီးမြုပ်နှံမူ့များ အရှိန်ရလာကာ Digital Media မှာ ကြော်ငြာခြင်းဟာ ပိုမို ခေတ်စားလာဖို့ရှိပါတယ်။


ထို Digital Media တွေထဲတွင် Social Media များနဲ့ Website တွေက မပါမဖြစ်ပေါ့။မြန်မာပြည်မှာ မိုဘိုင်းလ် ဖုန်းအသုံးပြုသူတွေဟာ အင်မတန်ပေါများတာကြောင့် Digital Media များတွင်ကြော်ငြာခြင်းက အရေးပါနေပါပြီ။


ကြော်ငြာရေးရာမှာ ခေတ်စားမှာကဘဒုတိယ ဦးစားပေးက တီဗီ ကြော်ငြာတွေလာမှာပါ။အခြား ဦးစားပေးများကတော့ Print Advertising ပြီးမှ Radio Advertising နှင့် Outdoor Advertising တို့က အသီးသီးနေရာယူလျက်ရှိပါတယ်။


၂၀၂၀ မှာ ခေတ်စားလာမယ့် ကြော်ငြာနည်းလမ်းတွေရဲ့အကြောင်းအရာလေး အနည်းငယ်ဆွေးနွေးချင်ပါတယ်။


ဒါဆိုဘယ်လိုနည်းလမ်းတွေနဲ့ ကြော်ငြာတာမျိုးက ခေတ်စားမလဲ ...


Shorter Video Ads


Website ကြည့်ရင်း , YouTube ကြည့်ရင်း ပေါ်လာတဲ့ စက္ကန့်စာ video ကြော်ငြာလေးက သင့်ကြော်ငြာကို လူအများဆီရောက်နိုင်ပါတယ်။တစ်ခုသိထားရမှာက မြန်မာနိုင်ငံ မှာ video ကြော်ငြာ Ads တွေကို ဖုန်း screen ဒေါင်လိုက် အနေအထားနဲ့သာ ဖန်တီးသင့်ပါတယ်။မြန်မာပြည်က လူတွေက ဖုန်းတွေကို အလျားလိုက်ကြည့်ဖို့ အင်မတန်မှ သဘောမကျ ကျပါဘူးတဲ့ Humology ရဲ့ 2020 Myanmar Digital Trends ပွဲမှာပြောတာ ကြားမိပါတယ်။


OTT Advertising


OTT Advertising ဆိုတာကတော့ ( Over the top ) Advertising ကိုဆိုလိုပါတယ်။သာမန် တီဗီ ကြော်ငြာ တွေနဲ့ဆင်တူသယောင် ရှိပေမဲ့ Online Streaming Site တွေမှာ လာတဲ့ကြော်ငြာတွေကို ဆိုလိုပါတယ်

ထိုနေရာတွေမှာကြော်ငြာတာကလဲ သင့် ကို စိတ်ချမ်းသာစေမှာပါ။

ယခင် လိပ်ခုံးကားလေးများကို ဆက်လက်ထုတ်လုပ်တော့မှာ မဟုတ်ကြောင်း ရိုက်ကူးပြသထားတဲ့ Volkswagen ရဲ့ ကြော်ငြာ အသစ်


User-generated content


သင့်ရဲ့ Product ကကောင်းကြောင်းသုံးစွဲသူတစ်ယောက်အနေနဲ့ စာရေးကာ ၊ review ရေးကာ ကြော်ငြာ ပေးခြင်းပါ။တကယ်တန်းက မြန်မာ လူမျိုးတွေက အယုံလွယ်ကျပါတယ်
တစ်ယောက် က သိပ်ကောင်းတယ်ပြောရင် လူတော်တော်များများက လက်မခံရင်တောင် စိတ်ဝင်စားကြတာများပါတယ်။

ဒါ့ကြောင့် User-generated content ကလည်း ၂၀၂၀ မှာသွယ်ဝိုက်ကြော်ငြာတဲ့ နည်းတစ်မျိုး ဖြစ်လာကာ လူအများကြားရေပန်းစားလာပါလိမ့်မယ်။


KOL Marketing


KOL Marketing ဆိုတာကတော့ တစ်နည်းအားဖြင့် Influencer marketing ကိုဆိုလိုပါတယ်။

KOL ရဲ့ အရှည်ကောက်က တော့ Key Opinion Leaders ပါ။လူအများရဲ့ အာရုံစိုက်ခံရတဲ့ နယ်ပယ် အသီးသီး က လူတစ်ယောက်ကို ဆိုလိုတာပါ။

Facebook Cele ၊ Blogger တွေ အပြင် နယ်ပယ် အရပ်ရပ် အားကစား ၊ အနုပညာ ကဏ္ဍ အသီးသီးမှ နာမည်ကြီး သူတွေကလည်း KOL တွေ ပါပဲ။
User-generated content တွေနဲ့ မသိမသာကြော်ငြာ နေရင်တောင်စိတ်ဝင်စားတဲ့လူများအဖို့ ၎င်းတို့ Idol ရဲ့ကြော်ငြာကို ပိုလို့တောင်စိတ်ဝင်စားကြရအုံးမှာပါ။ဒါ့ကြောင့် KOL ကလည်းအရေးပါလာမှာပါ။


Creative Billboards


သာမန် ကြော်ငြာထားတဲ့ Billboard ကြီးတွေထက် ဆန်းသစ်ထားတဲ့ idea နဲ့ ပြုလုပ်တဲ့ Billboard တွေကို လူတွေက မျက်စိ ပိုကျလာစေမှာပါ။

BBC က ပြီးခဲ့တဲ့ အပတ်အတွင်း ၎င်းတို့ရဲ့ Billboard ကို သစ်သားချောင်းတွေ စိုက်ထားကာ ညဘက်အမှောင်မီးပင့်ထွန်းလိုက်မှ Dracula အရိပ်ပုံပေါ်လာအောင် Billboard ကို ဖန်တီးထားပါတယ်

ဒါဟာ Creative ပိုင်းဆိုင်ရာအားပြုထားတဲ့ Billboard ပါလူအများက သဘောကျ လက်ခံကြတယ်သိရပါတယ်။


အထက်ပါဖော်ပြခဲ့တဲ့အချက်လေးတွေကတော့ ယခု ၂၀၂၀မှာအရေးပါအရာရောက်နိုင်တဲ့ကြော်ငြာရေးနည်းလမ်းများပဲဖြစ်ပါတယ်။စိတ်ရှည်စွာဖတ်ရူပေးလို့ကျေးဇူးအထူးတင်ရှိပါတယ်။

 

Myanmar Advertising Directory 

Published in Marketing

ကမ္ဘာ့ နာမည်ကြီး စားသောက်ကုန် လုပ်ငန်းစုကြီး ဖြစ်တဲ့ Unilever ဟာ ဆိုရင်တော့ ကလေးသူငယ်များ အား အဝ လွန်စေမဲ့ ရေခဲမုန့်ကြော်ငြာ များကို ကတိသဝတ်ပြု ထိန်းချုပ်မယ်သိရပါတယ်။

Published in Global

လူတွေဟာ ကြော်ငြာတွေကို မုန်းကြတယ်ဆိုတာ သင်သိထားလောက်မယ်လို့ ထင်ပါတယ်။ သာမန်ရိုးရှင်းတဲ့ ကြော်ငြာတွေက လူတွေကို ငြီးငွေ့စေတဲ့အတွက် မငြီးငွေ့အောင် ကြော်ငြာတွေကို ဘယ်လို လူစိတ်ဝင်စားအောင် ဖန်းတီယူရမလဲ ဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Published in Global

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့ရှိ ယာဉ်ထိန်း ရဲ များ မှ အဆို ပါ ကြော်ငြာ Campaign ကို စတင်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြို့  ပြရဲ့ လမ်းမပေါ် ရှိ ဆူညံတဲ့ ပြဿနာကို ဖြေရှင်း ဖို့ ရည်ရွယ်ကာ ထိုကြော်ငြာ Campaign ကို စတင်ခဲ့ တယ်သိရပါတယ်။

Published in Global

တိုက်ရိုက်သုံးစွဲသူ၊ စားသုံးများထံသို့ လုပ်ငန်းရှင်များရဲ့ ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ၊ အကြံဥာဏ်များ အလွယ်တကူ ရောက်ရှိသွားရန် အလွန်အရေးကြီးပါတယ်။


ပြီးခဲ့တဲ့ ၄ နှစ် အတွင်းမှာ Tiktok ကနေပြီး တော့ ကမ္ဘာတစ်လွှား အနေနဲ့ ၁ ဘီလီယံ ကျော် အသုံးပြု သူ ရရှိထားတာပါ။Tiktok ထင်ရှားလာပြီး တဲ့ အချိန်မှာ Snapchat နဲ့ Twitter မှာ ဖုန်ထတဲ့ သူ နည်းသွားတာ တွေ့ကြ မှာပါ။

Published in Global

ကဲ……ဒီတစ်ခေါက်တော့ Advertising ရဲ့ကောင်းကြောင်းလေးတွေကို ချီးမွန်းထောပနာပြုချင်ပါတယ်။

Published in How To

တချို့ကြော်ငြာရှင်တွေက ကြော်ငြာရိုက်တဲ့အခါ သူတို့စီးပွားရေး သူတို့ လုပ်ငန်း ကို အတိအလင်း မဖော်ထုတ်ဘဲ လူတွေစိတ်ဝင်စားအောင် ဇာတ်လမ်းလေးတွေ တကယ့်အဖြစ်အပျက်တွေ အသိပညာရစေတဲ့ ရုပ်ရှင်ဆန်ဆန်ကြော်ငြာ လေးတွေ ဖန်တီးကြတယ်။

Published in Tips

ပြီးခဲ့တဲ့ နှစ်က လုပ်ငန်းစုတွေဟာ မိုဘိုင်းဖုန်းဆိုင်ရာကြော်ငြာကိစ္စရပ် များတွင် ဒေါ်လာ သန်းပေါင်း ၉၉ ဘီလီယံ အသုံးပြု ခဲ့တယ်လို့ရပါတယ်။

Published in Digital Marketing
Page 13 of 45