-->
×

Warning

JUser: :_load: Unable to load user with ID: 29

PA System ဆိုတာတော့ Public Address ဆိုတဲ့ အများပြည်သူကို ကြော်ငြာမှု၊ အသိပေးမှု၊ လှုံဆော်မှု အစရှိတဲ့ နေရာတစ်ခုကနေ တစ်ထိုင်တည်း လုပ်ဆောင်နိုင်တဲ့ စနစ်တစ်ခုကို အတိုကောက် အနေနဲ့ ခေါ်ဆိုထားခြင်းဖြစ်ပါတယ်။ PA System ကိုနည်းနည်း အသေးစိတ်ထပ်ခွဲမယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့တိုင်း (၄)ခုကွဲပြားပါတယ်။

၁။ Shopping Mall, Hospital, Hotel, Air Port, Office & Condominium

ဒီလိုနေရာတွေမှာ များသောအားဖြင့် PA System ကို နောက်ခံတီးလုံး ဒါမှမဟုတ် သီးချင်းငြိမ့်ငြိမ့်လေးတွေ ဖွင့်ဖို့ နဲ့ အရေးကြီးအကြောင်းအရာ တစ်စုံတစ်ရာပေါ်ပေါက်ခဲ့လျှင် ကြော်ငြာနိုင်ရန်အတွက်သုံးပါတယ်။ City Mart မှာ ဈေးဝယ်ရင်း နောက်ခံတီးလုံးလေးတွေ ဖွင့်ထားတာကို နားထောင်ဖူးကြမှာပါ။ အဲဒါ PA System ထဲက function တစ်ခုပါပဲ။ အဲဒီ တီးလုံးထွက်တဲ့ Speakers တွေကနေပဲ ဈေးဖွင့်ချိန်ပိတ်ချိန်တွေကို ကြော်ငြာတာ နားထောင်ဖူးကြမှာပါ။

၂။ Public Bus, Public Train, Ship & Air Plane

အများသုံး ဘတ်စ်ကားတို့၊ ရထားတို့မှာ နောက်ရောက်မဲ့ မှတ်တိုင်၊ ဘူတာကို ကြိုပြီး ကြော်ငြာပေးတာ၊ ပြည်တွင်း ဒါမှမဟုတ် နိုင်ငံတကာ လေကြောင်းလိုင်းတွေ၊ သင်္ဘောတွေပေါ်မှာ ထွက်ခွာခါနီး အချိန်၊ ဆိုက်ရောက်ခါနီး အချိန်နဲ့ အရေးပေါ်တစ်စုံတစ်ခု ဖြစ်ပေါ်ခါနီးတွေမှာ၊ အများပြည်သူကို အသိပေးလှုပ်ဆော်တဲ့အခါမှာ သုံးတာလည်း PA System တစ်ခုပါပဲ။ ဒီနေရာမှာ ပြောချင်တာက YBS တွေမပေါ်ခင် တချို့ မထသ ဘတ်စ်ကားတွေပေါ်မှာ သီချင်းတွေ ကျယ်ကျယ်လောင်လောင် ဖွင့်ခဲ့ကြတာ PA System မဟုတ်ပါဘူး၊ PA စနစ် ကို ကိုယ့်ဟာကို Modified ပြန်လုပ်ထားတဲ့ Sound System တစ်ခုသာ ဖြစ်ပါတယ်။

လက်လီအရောင်းဆိုင်တွေမှာ QR Scan နဲ့ငွေပေးချေနိုင်မယ့်စနစ် အကောင်အထည်ဖော်

၃။ Stadium, Church & School

အားကစားရုံတွေ၊ ဘောလုံးကွင်းတွေ၊ အားကစားအကြောင်းတွေ ကြော်ငြာတာ၊ ဘောလုံးသမားတွေ လူစားလဲမှုကို ကြော်ငြာတာ၊ စာသင်ကျောင်းတွေမှာ ကျောင်းတက် ကျောင်းဆင်းချိန် ကြော်ငြာတာ၊ ဓမ္မာရုံတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်းတွေမှာ တရားဟောရာတွင် အသုံးပြုတဲ့ စနစ်တွေဟာ PA System ကို အသုံးပြုထားခြင်းပဲ ဖြစ်ပါတယ်။ တော၊ရွာ အလု၊ ဘုန်းကြီးကျောင်းအလှူ တွေမှာ လော်စပီကာ သုံးပြီး ကြော်ငြာ ကြတာတွေ ဟာလဲ PA System တစ်ခုပါပဲ။

၎။ Restaurant & Bar

စားသောက်ဆိုင်တွေ ဘားတွေမှာလဲ PA System ကိုအသုံးပြုကြပါတယ်။ ဒီနေရာတွေမှာတော့ တချို့ဆိုင်တွေက PA System စစ်စစ်ကို အသုံးပြုကြသလို တချို့ဆိုင်တွေက Semi-PA စနစ် (သို့) Sound System ကို အသုံးပြုကြပါတယ်။

Myanmar Advertising Directory

 

Published in Broadcasting