-->
×

Warning

JUser: :_load: Unable to load user with ID: 29

ငယ္ငယ္က TV မွာ အူအီအားအား ဆိုတဲ႔ အသံေလး ၾကားလိုက္တာနဲ႕ ဘာေၾကာ္ျငာလို႕ ထင္ပါသလဲ။ စဥ္းစားလိုက္ၾကည့္ရေအာင္ေနာ္.. 

 

အူအီအားအား Veve မန္က်ည္းအခ်ိဳရည္ဆိုရင္ အားလံုး ကိုေဒြးနဲ႔ မထက္ တို႔ရဲ႕ VeVe အခ်ိဳရည္ ေၾကာ္ျငာကို သိေလာက္ျပီ ထင္ပါတယ္။ ဒီေၾကာ္ျငာဟာဆိုရင္ လူတိုင္းပါးစပ္ဖ်ားမွာ စြဲေနျပီးအခုခ်ိန္ထိကို မွတ္မိေနၾကမယ္ထင္ပါတယ္။

 

တစ္နိုင္ငံလုံးမွာ ဟိုးေလးတေက်ာ္ ေပါက္သြားတဲ႔ အရင္တုန္းကVeve မန္က်ည္းအခ်ိဳရည္ေၾကာ္ျငာေလး။

 

တကယ္ ေၾကာ္ျငာ Mtv ေလးကအရမ္းထူးျခားတယ္။ ေၾကာ္ျငာသီခ်င္းေလးက နားေထာင္မိတဲ့ သူ ပါးစပ္ထဲစြဲသြားေစတယ္။ ( က်ြန္ေတာ္ဆို ခုထိအလြတ္ရ)

 

ေၾကာ္ျငာထဲမွာ ေၾကြလြင့္သြားျပီျဖစ္တဲ့ ကိုသားၾကီး (ခ) ေဒြး နဲ႕ အခုခ်ိန္ထိ ေက်ာ္ၾကားေနဆဲ မင္းသမီးၾကီး ထက္ထက္မိုးဦး တို႕က ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ဒါရုိက္တာ ဦးမီးပြားက ပထမဆုံး အခ်ိဳရည္ဗူး Animation ေလးသုံးျပီး ရုိက္ကူးထားတာေလးနဲ႔ ေဒြးနဲ႕ ထက္ထက္မိုးဦး တို႔ရဲ႕ ေျပာင္ေျမာက္လွတဲ့ သရုပ္ေဆာင္မႈေၾကာင့္ ေၾကာ္ျငာေလးက ၾကည့္ရႈသူကို မရုိးေစတဲ့ ခံစားမႈေလး ရေစပါတယ္။

 

မိန္းကေလးတိုင္း မွာ အလွတရားရွိတယ္ဆိုတာ ကိုျမင္သာေအာင္ျပသလိုက္တဲ႔ Gucci ရဲ႕ Matte Lipstick ေၾကာ္ျငာ

 

ဒါေတြ အျပင္ ေၾကာ္ျငာသီခ်င္းေလးကို ဖန္တီးေရးစပ္ေပးသူကေတာ့ လူရြွင္ေတာ္ ဇာဂနာ ျဖစ္တယ္။

 

ထူးျခားျပီး လူေတြမသိတဲ႕ ျမွဳပ္ကြက္ေလးက Veve ဗူးေလးေျပးလႊားေနတာ Veve ဗူးေလးလႈပ္ေနတာ ျမင္ၾကမွာပါ။ ဒီေၾကာ္ျငာမွာ VeVe ဗူးကေနတာကို ကြန္ပ်ဴတာ Effect နဲ႔ လုပ္ထားတယ္လို႔ ထင္ရေပမယ့္ တကယ္ေတာ့ လူကိုယ္တိုင္ သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။
VeVe ဗူးအရုပ္ ေနရာက သရုပ္ေဆာင္ထားတဲ့သူက ဘယ္သူလို႕ထင္ပါသလဲ။ သူကေတာ့ လူရႊင္ေတာ္ ကုသိုလ္ ပဲ ျဖစ္ပါတယ္။

 

လူရႊင္ေတာ္ ကုသိုလ္ကို Veve ဗူးေလးနဲ႕ ကြယ္ထားတာျဖစ္ပါတယ္။ ေသေသခ်ာခ်ာ သတိထားျပီးၾကည္႕မယ္ဆိုရင္ Veve ဗူးေလး အေနာက္ကေန အျပာေရာင္ အစေလး ႏွစ္ေနရာ ဒါမွမဟုတ္ သံုးေနရာ ေလာက္ေတြမွာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

 

Veve ဗူးေလးကနႈတ္ခမ္းေလးရြဲ႕သြားတာ မ်က္လုံးေလး ေပကလပ္ေပကလပ္ေလးကို ဖန္တီး 3D ေရးဆြဲေပးခဲ့တာက Graphic Designer ကိုဗလ ပဲ ျဖစ္ပါတယ္။ သူဟာ ဒီေၾကာ္ျငာမွာမွ သူ႕ဘဝရဲ႕ ပထမဆုံးေအနနဲ႕ Character Animation ေရးဆြဲတာျဖစ္ပါတယ္။

 

အခုလိုအေၾကာင္းအရာေတြကို အေသးစိတ္ေလး ေျပာျပေပးတဲ႕ ဆရာ ကိုေထြးေက်ာ္ ကို ေက်းဇူးအမ်ားၾကီးတင္ပါတယ္။

ေၾကာ္ျငာေလးကို ၾကည့္ၾကည့္လိုက္ရေအာင္။

 

 

<<<Unicode>>>

 

ငယ်ငယ်က TV မှာ အူအီအားအား ဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ဘာကြော်ငြာလို့ ထင်ပါသလဲ။ စဉ်းစားလိုက်ကြည့်ရအောင်နော်..

 

အူအီအားအား Veve မန်ကျည်းအချိုရည်ဆိုရင် အားလုံး ကိုဒွေးနဲ့ မထက် တို့ရဲ့ VeVe အချိုရည် ကြော်ငြာကို သိလောက်ပြီ ထင်ပါတယ်။ ဒီကြော်ငြာဟာဆိုရင် လူတိုင်းပါးစပ်ဖျားမှာ စွဲနေပြီးအခုချိန်ထိကို မှတ်မိနေကြမယ်ထင်ပါတယ်။

တစ်နိုင်ငံလုံးမှာ ဟိုးလေးတကျော် ပေါက်သွားတဲ့ အရင်တုန်းကVeve မန်ကျည်းအချိုရည်ကြော်ငြာလေး။

 

တကယ် ကြော်ငြာ Mtv လေးကအရမ်းထူးခြားတယ်။ ကြော်ငြာသီချင်းလေးက နားထောင်မိတဲ့ သူ ပါးစပ်ထဲစွဲသွားစေတယ်။ ( ကျွန်တော်ဆို ခုထိအလွတ်ရ)

 

ကြော်ငြာထဲမှာ ကြွေလွင့်သွားပြီဖြစ်တဲ့ ကိုသားကြီး (ခ) ဒွေး နဲ့ အခုချိန်ထိ ကျော်ကြားနေဆဲ မင်းသမီးကြီး ထက်ထက်မိုးဦး တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒါရိုက်တာ ဦးမီးပွားက ပထမဆုံး အချိုရည်ဗူး Animation လေးသုံးပြီး ရိုက်ကူးထားတာလေးနဲ့ ဒွေးနဲ့ ထက်ထက်မိုးဦး တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်မှုကြောင့် ကြော်ငြာလေးက ကြည့်ရှုသူကို မရိုးစေတဲ့ ခံစားမှုလေး ရစေပါတယ်။

 

ဒါတွေ အပြင် ကြော်ငြာသီချင်းလေးကို ဖန်တီးရေးစပ်ပေးသူကတော့ လူရွှင်တော် ဇာဂနာ ဖြစ်တယ်။

ထူးခြားပြီး လူတွေမသိတဲ့ မြှုပ်ကွက်လေးက Veve ဗူးလေးပြေးလွှားနေတာ Veve ဗူးလေးလှုပ်နေတာ မြင်ကြမှာပါ။ ဒီကြော်ငြာမှာ VeVe ဗူးကနေတာကို ကွန်ပျူတာ Effect နဲ့ လုပ်ထားတယ်လို့ ထင်ရပေမယ့် တကယ်တော့ လူကိုယ်တိုင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
VeVe ဗူးအရုပ် နေရာက သရုပ်ဆောင်ထားတဲ့သူက ဘယ်သူလို့ထင်ပါသလဲ။ သူကတော့ လူရွှင်တော် ကုသိုလ် ပဲ ဖြစ်ပါတယ်။

 

လူရွှင်တော် ကုသိုလ်ကို Veve ဗူးလေးနဲ့ ကွယ်ထားတာဖြစ်ပါတယ်။ သေသေချာချာ သတိထားပြီးကြည့်မယ်ဆိုရင် Veve ဗူးလေး အနောက်ကနေ အပြာရောင် အစလေး နှစ်နေရာ ဒါမှမဟုတ် သုံးနေရာ လောက်တွေမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 

Veve ဗူးလေးကနှုတ်ခမ်းလေးရွဲ့သွားတာ မျက်လုံးလေး ပေကလပ်ပေကလပ်လေးကို ဖန်တီး 3D ရေးဆွဲပေးခဲ့တာက Graphic Designer ကိုဗလ ပဲ ဖြစ်ပါတယ်။ သူဟာ ဒီကြော်ငြာမှာမှ သူ့ဘဝရဲ့ ပထမဆုံးအေနနဲ့ Character Animation ရေးဆွဲတာဖြစ်ပါတယ်။

 

အခုလိုအကြောင်းအရာတွေကို အသေးစိတ်လေး ပြောပြပေးတဲ့ ဆရာကိုထွေးကျော် ကို ကျေးဇူးအများကြီးတင်ပါတယ်။

ကြော်ငြာလေးကို ကြည့်ကြည့်လိုက်ရအောင်။

 

 

Myanmar Advertising Directory 

Published in Broadcasting