-->
×

Warning

JUser: :_load: Unable to load user with ID: 29


အရိုးဆုံးနဲ့အရှင်းဆုံးနည်းလမ်းတွေကိုသုံးပြီး တီထွင်မူပြုလုပ်ခဲ့တဲ့ Steve Job

အရိုးဆုံးနဲ့အရှင်းဆုံးနည်းလမ်းတွေကိုသုံးပြီး တီထွင်မူပြုလုပ်ခဲ့တဲ့ Steve Job Google

Apple ကုမ္ပဏီကို စတင်ထူထောင်ခဲ့တဲ့ စတိဂျော့ (Steve Jobs) ဟာ သူ့ရှေ့မှာ ထူထောင်ထားတဲ့ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု လဲပြိုနေပေမယ့်လဲ ဘာကြောင့်အောင်မြင်နေတာလဲ။

အဖြေကရှင်းပါတယ်။ စတိသည် အရိုးဆုံး အရှင်းဆုံးကို အကောင်းဆုံးဖြစ်အောင် တီထွင်တတ်သူဖြစ်နေလို့ပါပဲ။ သူ့ဦးတည်ချက်က အများကြီးထုတ်လုပ်ဖို့မဟုတ်ပဲ။ သုံးစွဲသူအတွက် အများကြီး အသုံးဝင်ရမယ်ဆိုတဲ့ စားသုံးသူဗဟိုပြုမှုကို အမြဲဦးစားပေးထားပါတယ်။

သူထုတ်လိုက်တဲ့ပစ္စည်းကို သုံးစွဲသူတိုင်းတာ" သုံးရတာကောင်းလိုက်တာ "လို့ ပြောမှ သူအောင်မြင်ပြီဆိုတဲ့ သဘောတရားကို လက်ကိုင်ထားပြီး တီထွင်ခဲ့သူတစ်ယောက်ပါ။ သူရဲ့တီထွင်မှုမှန်သမျှကိုအကုန်ဖွင့်သုံးလိုက်တာနဲ့ အလွယ်ဖြစ်ရနေရမယ်။ လေ့လာလိုက်တာနဲ့ နားလည်ရမယ်။ သုံးကြည့်လိုက်တာနဲ့ ကြိုက်သွားရမယ်။

စတိဂျော့ဟာ သူ့ရဲ့တီထွင်မှုအားလုံးက ရိုးစင်းတဲ့ပစ္စည်းတွေ ဖြစ်ရမယ်ဆိုတာကို ကိုင်ထားတီထွင်လေ့ရှိပါတယ်။ အမှန်တော့ အရိုးဆုံး၊ အရှင်းဆုံးဖြစ်အောင် တီထွင်ရခြင်းမှာ အခက်ဆုံးဖြစ်နေတတ်ပါတယ်။ စတိဂျော့ဟာ အရည်အသွေးကောင်းကောင်း၊ ပစ္စည်းကောင်းကောင်းတွေကို ကြိုက်နှစ်သက်ပါတယ်။ ရှေးဟောင်းပစ္စည်းဆန်ဆန် ပြတိုက်ထဲမှာထားရမယ့် ပုံတုံးဒီဇိုင်းတုံးတွေကိုလည်း သူသဘောကျလေ့ရှိပါတယ်။

သူက ရှေးရိုးဆန်ဆန် ပုံတုံးတုံးပဲကြိုက်ချင်ကြိုက်ပါမယ်။ ဒါပေမယ့် သူသုံးတဲ့ပစ္စည်းက ဒေါင်ဒေါင်မြည် အကြမ်းခံ၊ ရေစိမ်ခံဖြစ်နေရမယ်ဆိုတဲ့သဘောကို သူမြတ်နိုးပါတယ်။ စတိဂျော့ဟာ ပစ္စည်းတစ်ခုကို စစ်စစ်ပေါက်ပေါက် စိစစ်ပြီးမှ လက်ခံသုံးစွဲတတ်တဲ့သူတစ်ယောက်ပါ။ သူ့ထုတ်ကုန်တွေကို ပြန်ကြည့်စရာမလိုလောက်အောင် အကောင်းဆုံး စိစစ်ထားပြီးသေချာမှ ထုတ်လေ့ရှိပါတယ်။

စတိဂျော့ဟာ သူရဲ့ကွန်ပျူတာတစ်လုံးကို စဖွင့်လိုက်လိုက်တာနဲ့ ဘာတွေ့သင့်သလဲ။ ဘာတွေကို ဖယ်ရှားတတ်သလဲ။ ဘာတွေကိုကြိုက်တတ် ထည့်သွင်းခိုင်းတတ်သလဲ စတာတွေကို ထုတ်လုပ်တဲ့အဖွဲ့သားတွေအားလုံးကို တစ်ချက်ချင်းမေးလေ့ရှိပါတယ်။ ဒါ့အပြင် “တကယ်လို့ ကျွန်တော်သာ ကွန်ပျူတာဝယ်ရင် ဒါတွေထည့်ခိုင်းမိမှာပဲ” ဆိုပြီး သူ့အမြင်ကို တီထွင်ထုတ်လုပ်တဲ့ အဖွဲ့ကိုတင်ပြတက်ပါတယ်။

စတိဂျော့က ပစ္စည်းတစ်ခုကို တီထွင်ပြီးတိုင်း အားသာချက်၊ အားနည်းချက်၊ မပြည့်စုံသေးတာတွေကို အဖြေရှာဆန်းစစ်နေတက်ပါတယ်။ သုံးစွဲသူစိတ်တိုင်းကျ မဖြစ်မချင်း ပြင်ဆင်နေတက်ပါတယ်။ ကွန်ပျူတာထဲမှာရှိတဲ့ စက်လည်ပတ်မှုစနစ်ကို စစချင်းတွေ့မြင်ရမယ့် အနေအထားကစလို့ ဈေးကွက်ကိုတင်မယ့် ထုပ်ပိုးပုံစနစ်အထိ စေ့စပ်သေချာစွာ လိုက်ကြည့်တတ်ပါတယ်။

လုပ်ငန်းတစ်ခု ထိထိရောက်ရောက်အောင်မြင်စေနိုင်ဖို့ အရေးပါတဲ့ 3Ms

အသေးစိတ် လိုက်ပြီးစစ်ဆေးခြင်းဟာ စားသုံးသူအတွက် ဦးစားပေးတာလို့ပြောရမှာပါ။ ငါသာ သူ့နေရာမှာဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ လိုက်ခံစားပေးတာကြောင့် Apple ထုတ်ပစ္စည်းများဟာ စတိဂျော့ခေတ်မှာ ရွှေခေတ်ဖြစ်လာအောင် တွန်းပို့ပေးလိုက်တာပါ။ သူ့ကွန်ပျူတာ အသုံးပြုရတဲ့ Mouse လေးတစ်ခုကအစ သူဂရုစိုက်တက်တာပါ။

ကွန်ပျူတာဆိုတာဟာ ပုံဆိုးဆိုးပုံးကြီးတွေ ဘေးကထောင်ပြီး ရှုပ်နေတာထက် အသုံးအတည့်ဆုံးဖြစ်စေမယ့် ဒီဇိုင်းမျိုးကို တီထွင်ချင်သူပါ။ သူရဲ့ Macintosh ကွန်ပျူတာတွေကို တစ်ဆင့်ချင်း တီထွင်ထုတ်လုပ်လာမှုများကို သတိပြုစေချင်ပါတယ်။ အရောင်၊ ဒီဇိုင်း ဆန်းသစ်နေရမယ်။ လိုချင်စဖွယ်လှပနေရမယ်။ ပါဝါခလုတ်လေး နှိပ်လိုက်ရုံနဲ့ သုံးနိုင်ရမယ်ဆိုတဲ့ အချက်တွေကိုမှုတည်ပြီး တီထွင်ခဲ့တာဖြစ်ပါတယ်။

ကွန်ပျူတာထဲမှာ ထည့်ပေးထားတဲ့ သုံးစွဲနည်းအညွန်းကို မဖတ်ဘဲအသုံးပြုလို့ရနိုင်အောင် ထုတ်လုပ်ခဲ့နိုင်တာလဲ ဖြစ်ပါတယ်။ သူ့ကွန်ပျူတာထဲမှာ ထည့်သွင့်ပေးလထားတဲ့ ကွန်ပျူတာသုံးစွဲနည်း စာအုပ်အညွှန်းကို ရေးသားထားတဲ့ အင်္ဂလိပ်စာအဆင့်ကလည်း အထက်တန်းအဆင့်လောက်သာဖြစ်ပါတယ်။ သူက Manual စာအုပ်ကို ထည့်သာထည့်ပေးသည် “ကြည့်စရာမလိုပါဘူးဗျာ”ဟု ဆိုတတ်ပါတယ်။

ဘာကြောင့်လဲဆိုရင် သူ့ကွန်ပျူတာဟာ သုံးစွဲသူများ အလွယ်ဆုံးသုံးစွဲနိုင်တာ သူကောင်းကောင်းသိထား လို့ပဲဖြစ်ပါတယ်။ စတိဂျော့ဟာ အရိုးရှင်းဆုံးကိုကြိုက်သလို စားသုံးသူအကြိုက် အသေးစိတ်ကို သိမြင်အောင် သုံးသပ် ဆုံးဖြတ်နိုင်စွမ်းရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။

Source; The Voice
Myanmar Advertising Directory

Read times
Rate this item
(0 votes)