-->
×

Warning

JUser: :_load: Unable to load user with ID: 29


Mc Donald's နဲ့ Burger King တို့ရဲ့ အကြီးမားဆုံးအားပြိုင်မှု့

Mc Donald's နဲ့ Burger King တို့ရဲ့   အကြီးမားဆုံးအားပြိုင်မှု့ google
Mc Donld's နဲ့ Burger Kings ကို Fastfood စားသောက်ဆိုင်တွေအဖြစ်သိထားကြတယ်။
 
အမှန်တော့ Mc Donald's နဲ့ Burger Kings ဟာ ပြိုင်ဘက်စစ် စစ်တွေပါ။
 
Mc Donald's ကို ၁၉၅၅ မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး Burger Kings ကတော့ ၁၉၅၃ မှာစတင်တည်ထောင်ခဲ့တာပါ။စတင်တည်ထောင်တဲ့ နှစ်အားဖြင့် ၂ နှစ်သာ ကွာပါတယ်လို့သိရပါတယ်။
 
အမေရိကန် ကားတွေဖြစ်တဲ့ Ford ကားတွေရဲ့ ပဲ့ကိုင်ရှင် Ford ကား company ရဲ့ စတင်တည်ထောင်သူကြီး Henry Ford ရဲ့ ပြောစကားအရ { A man who stops advertising for save money is like a man who stops a clock to save times } တဲ့
 
Henry Ford ဆိုလိုတာကတော့ product တစ်ခု / Brand တစ်ခုရဲ့ ကြော်ငြာတွေကို ငွေစုဖို့ အတွက် ရပ်တန့်လိုက်ခြင်းဟာ အချိန်တွေကို စုဆောင်းဖို့ နာရီတစ်လုံးကို ရပ်တန့်လိုက်သလိုပါပဲတဲ့။
 
အဓိကအချက်ကတော့ product တစ်ခု/ 
 
brand တစ်ခုအတွက် ကြော်ငြာတွေသာ မရှိနိုင်တော့ရင် ကိုယ့် လုပ်ငန်းအတွက် အကျိုးယုတ်စေနိုင်ပါတယ်။
 
 
ဒါကြောင့်လဲ နာမည်ကြီး Brand တွေဖြစ်တဲ့ Burger Kings နဲ့ Mc Donald's တို့ရဲ့ ကြော်ငြာ အားပြိုင်မူ့ တွေဟာAdvertising War တစ်ခုထိ အခြေအနေတောင်ဖြစ်လာတာပါ။
 
 
Mc Donald's နဲ့ Burger King ကြော်ငြာအားပြိုင်မူ့တွေကတော့ ခပ်အေးအေးလေးနဲ့ တစ်ဦး နိုင်ကွက် တစ်ခုစီ ကိုင်ကာ အထိနာအောင် အားပြိုင်ခဲ့ကြတာ ၁၉၈၀ ပတ်ဝန်းကျင်လောက်ထဲကဆိုပါတော့။
 
Mc Donald's နဲ့ Burger King ရဲ့ အဓိက ကြော်ငြာအားပြိုင်မူ့ကတော့ သူတို့ကိုယ်စီမှာရှိတဲ့ သူတို့ရဲ့အားသာချက်တွေကိုထုတ်ဖော်ပြသ ကြတာပါပဲ။
 
Mc Donald's ရဲ့အားသာချက်က ကိုယ်စားလှယ် ဆိုင်ခွဲ (Franchise) တွေအရမ်းများပြီး သူ့ဆိုင်က နေရာတိုင်းမှာ ရှိနေတာမျိုးပေါ့ 
 
Burger Kings ကတော့ Mc Donald's ထက်စာရင် ဆိုင်တွေက တစ်ဆိုင်နဲ့တစ်ဆိုင်အနည်းငယ် ဝေးကွာပါတယ်ဒါပေမဲ့ Burger Kings ဟာ သူရဲ့ အားသာချက်ဖြစ်တဲ့ Beef Patty Whopper ကိုကြော်ငြာမှာ ထည့်သုံးသွားပါတယ်။
 
Beef Patty Whopper ဆိုတာကတော့ နူးညံအိစက်နေတဲ့ အမဲသားတုံးကြီးပေါ့ လူများ Burger Kings မှ Burger Kings ဖြစ်နေရတဲ့ သူတို့ရဲ့ အားသာချက်ကြီးပေါ့။
 
သူတို့ရဲ့ ကြော်ငြာ တွေအားပြိုင်မူ့ကတော့ - 
 
Mc Donald's ရဲ့ ကြော်ငြာလေးကိုစပြောပါမယ်။
 
Mc Donald ဟာ ကြော်ငြာထဲမှာ အဝေး ပြေးလမ်းမပေါ်မှာ Burger Kings ဆိုင်းဘုတ်နဲ့ သူတို့ ဆိုင်းဘုတ်ကိုနီးကပ်စွာထောင်ထားကာ
 
ကားလေးတစ်စီးက ဖြတ်သွားလို့ လူမှ လှမ်းကြည့်လိုက်စဉ် Mc Donald's က 5 km သာဝေးကြောင်း Burger Kings က 258 km ဝေးကြောင်း မထိတထိ သူတို့ အားသာချက်ကို 
 
Mc Donald's က သင်နဲ့ အနီးဆုံးမှာရှိတယ်ဆိုကာ Burger Kings ကို ထိပ်တိုက်ချနင်းလိုက်ပါတယ်။
 
ပွဲကကြည့်လှတာကတော့ Burger Kings က Mc Donald's ကိုကြော်ငြာ နဲ့ပြန်လည် တိုက်ခိုက်တာပါ။
 
Burger Kings ကြော်ငြာမှာကျ အစောက အဝေးပြေး လမ်းမကြီး ပေါ်မှာပါပဲ ကားလေးတစ်စီးကသွားနေတယ် Mc Donald's ဆိုင်တွေ့တော့ ရပ်လိုက်တယ် coffee ပဲဝယ်တယ် အစားအသောက်မဝယ်ဘူး နောက်ဆုံးကြော်ငြာမှာရေးထားတဲ့စာတန်းက * သင့်ရဲ့ အရသာရှိတဲ့ အမဲသားတုံးကြီးကိုစားရဖို့ နောက်ထပ် 253 km လေးသွားလိုက်ရုံပါပဲထို့ပြင် နေရာတိုင်းမှာရှိပေးလို့ Mc Donald's ရေ ကျေးဇူးပါ* တဲ့။
 
ထိုကြော်ငြာက Burger King ကိုသွားစားဖို့ အတွက် အနီးနားမှာရှိတဲ့ Mc Donald's မှာ ကော်ဖီသောက်ရုံသောက်တယ်​ဆို ပြီး Burger Kings က Mc Donald's ကို ပြန်လည်ချေပခဲ့တာပါ။
 
ပြောချင်တာရဲ့ဆိုလိုရင်းကတော့ Advertising တစ်ခုမှာ ကိုယ့်ရဲ့ အားသာချက်တွေထဲက လူတွေရင်ထဲအထိရောက်မယ့် အဓိက တစ်ချက်ကိုသာ ရွေးပြီး ထိရောက်စွာဖော်ညွန်းရုံပါပဲ။
 
ဒါမှသာလျင် သင့် product ရဲ့ Brand က လူတိုင်းရင်ထဲ စွဲမြဲနေစေမှာပါ။
 
 
 
 
 
 
Read times
Rate this item
(0 votes)